အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Crizotinib (ခရီဇိုတီနစ်ဘ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Xalkori®

မကြာခဏအတှကျအသုံးပွု:

အဆုတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

Crizotinib (ခရီဇိုတီနစ်ဘ်) အကြောင်း

Crizotinib (ခရီဇိုတီနစ်ဘ်) သည် ပစ်မှတ်ထားကုထုံး (ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး)ခေါ် ဆေးဝါးအမျိုးအစားဖြစ်သည်။ ၎င်းဆေးသည် အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သော အာနိသင် ရှိစေသည့် ပစ္စည်းဖြစ်သည်။ ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။ Crizotinib (ခရီဇိုတီနစ်ဘ်) ကို ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ပြန်ရည်ဂလင်းကင်ဆာ kinase (ALK) သို့မဟုတ် ROS1 ဖြစ်နေသည့် non-small cell အဆုတ်ကင်ဆာကို ကုသရန် အသုံးပြုသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းပုံထဲရှိ အာမေဍိတ်သင်္ကေတ

ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • လက် သို့မဟုတ် ခြေထောက်များရောင်ရမ်းခြင်း
  • အမြင်အာရုံပြောင်းလဲခြင်းများ၊ အမြင်မှုန်ဝါးခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • မူးနောက်ခြင်း သို့ ခေါင်းမူးဝေခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းကိုက်ခြင်း
  • ရင်ပူနာ
  • ခြေ သို့မဟုတ် လက်များထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • နှာခေါင်းနှင့် လည်ချောင်းကျိန်းစပ်ခြင်း
  • အရသာခံနိုင်စွမ်းပြောင်းလဲခြင်း
  • အသည်း ပြဿနာများ

ဤဘေးထွက်ဆိုးကျိုးများကို Crizotinib (ခရီဇိုတီနစ်ဘ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်သေးသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား ပြောပြပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ထိုအကြောင်းချင်းရာများနှင့် အခြားအကြံပြုချက်တို့နှင့်ပတ်သတ်၍ သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တို့နှင့် ဆွေးနွေးတိုင်ပင်ပါ။

  • ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ဝမ်းလျှောခြင်းကို ထိန်းနိုင်စေမည့် ဆေးဝါး သို့မဟုတ် အစားအစာများကို အကြံပြုနိုင်သည်။ အအန်ပျောက်ဆေးများကိုလည်း ပေးနိုင်သည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၆ လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။
  • Crizotinib (ခရီဇိုတီနစ်ဘ်) ကို သုံးခြင်းသည် သွေးတွင်းရှိ ၎င်း Crizotinib ဓာတ်ပမာဏကို ပြောင်းစေတတ်သောကြောင့် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို မြင့်တက်စေသောကြောင့် ၎င်းဆေးကိုသုံးနေစဉ် ဆေးအသစ်တစ်မျိုးမျိုးကို စသုံးမည်ဆိုပါက သင့်ဆရာဝန်အား အသိပေးပါ။
  • ပြုစုသူများအနေဖြင့် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်၊ စွန့်ပစ်ရန်နှင့် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

Crizotinib (ခရီဇိုတီနစ်ဘ်) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • Crizotinib (ခရီဇိုတီနစ်ဘ်) ဆေးကို နေ့စဉ်အချိန်မှန်အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်ပါ။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ခေါက်ဆေးသောက်ချိန်နှင့် 6 နာရီမခြားပါက မသောက်ဘဲ ထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။