အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလင်ဒါမိုင်ဆင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Cleocin®, Clindacin®, Clindagel®, Clindesse®, Evoclin®

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ကလင်ဒါမိုင်ဆင်ဆိုတာဘာလဲ?

ကလင်ဒါမိုင်ဆင် ပဋိဇီဝဆေး တစ်မျိုးဖြစ်ပြီး၊ ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်သော ရောဂါပိုးဝင်ခြင်းကို ကာကွယ်ခြင်း သို့ ကုသခြင်းတို့တွင် အသုံးပြုသည်။ ကလင်ဒါမိုင်ဆင်ဆေးကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်သည်။ ဝက်ခြံကုသရန် အရေပြားပေါ်တွင် လိမ်းဆေးအနေဖြင့်လည်း သုံးနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

tablet and capsule icon

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
syringe icon

ကြွက်သားအတွင်းသို့ ဆေးရည်အနေဖြင့် ထိုးပေးနိုင်သည်။

 
iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
drop above hand icon

အရေပြားပေါ်လိမ်း၍လည်းရသည် (လိမ်းဆေး)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ပါးစပ်တွင် အရသာဆိုးခြင်း သို့မဟုတ် သတ္တုဓာတ်အရသာရနေခြင်း
  • ရင်ပူခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • အဆစ်အမြစ်နာကျဉ်ခြင်း
  • အရေပြားတွင် အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်း
  • မိန်းမကိုယ် ယားယံခြင်း၊ ပူလောင်သလိုခံစားနေရခြင်း၊ သို့မဟုတ် အကျိအချွဲထွက်ခြင်း
  • သွေးပေါင်ချိန်ကျခြင်း (အကြောဆေးပုံစံ)
  • အသည်းလုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

ကလင်ဒါမိုင်ဆင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • ဤဆေးသောက်နေစဉ် ပြင်းပြင်းထန်ထန် ဝမ်းလျှော လာပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • ကလင်ဒါမိုင်ဆင်ဆေးကြောင့် ကိုယ်ဝန်တားဆေးများနှင့် အခြားဟော်မုန်းအခြေခံသည့် ကိုယ်ဝန်တားဆေးများ၏ ထိရောက်မှုကို လျော့ကျသွားစေနိုင်သည်။ လိင်မှုကိစ္စဆောင်ရွက်နိုင်သည့် လူနာများတွင် ကွန်ဒုံးအသုံးပြုခြင်းကဲ့သို့သော ကိုယ်ဝန်တားသည့်နည်းလမ်းကို လုပ်ဆောင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိသောက်ပါ။

ကလင်ဒါမိုင်ဆင်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးရည်ပုံစံ- ဆေးရည်ပုံစံဖြစ်ပါက ဆေးမသောက်မီကောင်းစွာလှုပ်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ ရေခဲသေတ္တာထဲ မထည့်ရ။ ၁၄ ရက်အကြာတွင် မကုန်ဘဲကျန်နေသောဆေးများကို စွန့်ပစ်လိုက်ပါ။
  • ဆေးတောင့်များ- ရေဖန်ခွက်တစ်ခွက်အပြည့်ဖြင့် ဆေးသောက်ပါ။ ထိုသို့သောက်ခြင်းအားဖြင့် ရင်ပူခြင်း သို့မဟုတ် လည်ချောင်းယားယံခြင်းတို့ကို သက်သာစေနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။ ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • လိုရှင်းလိမ်းဆေး၊ ဂျယ်၊ အရည် သို့မဟုတ် အမှုန့်ပုံစံတို့ကို အရေပြားတွင်လိမ်းခြင်း- သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်မှ ညွှန်ကြားမှသာ အသုံးပြုပါ။ သန့်ရှင်းပြီး၊ ခြောက်သွေ့နေသော အရေပြားပေါ်သို့လိမ်းပေးပါ။ မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲမဝင်ပါစေနှင့်။ အဆိုပါ အရေပြားတွင်သုံးသည့်ပစ္စည်းများမှာ ဆံပင်အရောင်ကျွတ်စေခြင်းနှင့် အဝတ်စတို့ကို အရောင်စွန်းထင်းစေခြင်းတို့ ဖြစ်စေနိုင်သည်။ ဆေးမလိမ်းမီနှင့် လိမ်းပြီးနောက် လက်ဆေးပါ။ ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။