အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cidofovir (စီဒိုဖိုဗီယာ)

ဗိုင်းရပ်စ်သတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Vistide®

မကြာခဏအတှကျအသုံးပွု:

ဆိုင်တိုမက်ဂါလို ဗိုင်းရပ်စ်ကြောင့် ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Cidofovir (စီဒိုဖိုဗီယာ) ဆိုတာ ဘာလဲ။

Cidofovir (Vistide®) ဆိုသည်မှာ ဗိုင်းရပ်စ်သတ်ဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကိုယ်ခံအားနည်းနေသည့် လူနာများတွင် ဆိုင်တိုမက်ဂါလို ဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည့် နာမကျန်းဖြစ်ခြင်း (CMV) ကို ထိန်းချုပ်သည်။ CMV ကူးစက်ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ နုံးခွေခြင်းနှင့် လည်ချောင်းရောင်ခြင်းများ ပါဝင်သည်။ မျက်စိတွင် ကူးစက်ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ရသည့် ရောဂါကို ကုသရန် Cidofovir (စီဒိုဖိုဗီယာ) ကို အသုံးပြုနိုင်သည်။

Cidofovir (စီဒိုဖိုဗီယာ) ကို လက်ခံရရှိသည့် လူနာများတွင် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်နှင့် ကျောက်ကပ်ပြဿနာများကို ကာကွယ်ရန် အကြောဆေးနှင့် Probenecid ခေါ်ဆေးတစ်မျိုးကိုပေးနိုင်ပါသည်။

လူနာများသည် သွေးဥဆဲလ်အရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးနှင့် ဆီးကို ပုံမှန်ဖောက်ထုတ် စစ်ဆေးနေရမည်ဖြစ်သည်။ လူနာများသည် အမြင်အာရုံနှင့် မျက်စိကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးရန် စမ်းသပ်မှုများကို ပြုလုပ်ရနိုင်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးအားနည်းရောဂါဖြစ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အသက်ရှူမဝခြင်း
  • ချမ်းတုန်ခြင်း
  • ချောင်းဆိုးခြင်း
  • မက်ခရုနာ(ပါးစပ်မှိုစွဲနာ)
  • မျက်စိပြဿနာများ၊ မျက်စိနာခြင်း သို့မဟုတ် အမြင်အာရုံပြောင်းလဲခြင်း
  • အကြားအာရုံချို့တဲ့ခြင်း
  • အသည်း ပြဿနာများ

Cidofovir (စီဒိုဖိုဗီယာ) သုံးသူတိုင်းသည့် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေရှည်ကုသမှုနှင့်အတူ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • မျိုးအောင်မှုပြဿနာများ
  • ကင်ဆာ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Cidofovir (စီဒိုဖိုဗီယာ) သောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေအလုံအလောက်သောက်မိစေရန် လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ရန်အတွက် Probenecid ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။ Probenecid ကို Cidofovir (စီဒိုဖိုဗီယာ) ဆေးမသွင်းမီ ၃ နာရီအလိုနှင့် ဆေးသွင်းပြီး ၂ နာရီနှင့် ၈ နာရီအကြားတွင် ပါးစပ်မှတိုက်ရပါသည်။
  • လိင်မှုကိစ္စ ရှိနေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် 3 လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • လူနာကို ပြုစုသူများအနေဖြင့် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်၊ စွန့်ပစ်ရန်နှင့် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။