မှိုသတ်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Vfend®
မကြာခဏအတှကျအသုံးပွု:
မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါများ
Voriconazole (ဗိုရီကိုနာဇိုးလ်) သည် မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများကို တိုက်ဖျက်သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ၎င်းဆေးဝါးကို အက်စပါဂျီလတ် မှိုစွဲနာ နှင့် ကင်ဒီဒါ မှိုစွဲနာများအပါအဝင် မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် သို့မဟုတ် ဟန့်တားရန် အသုံးပြုပါသည်။
လူနာများသည် P450 2C19 (CYP2C19) ခေါ် အင်ဇိုင်း တစ်မျိုး၏ လုပ်ဆောင်ချက်အရ Voriconazole (ဗိုရီကိုနာဇိုးလ်) ဆေးကို ၎င်းတို့၏ခန္ဓာကိုယ်က မြန်မြန်ချေဖျက်နိုင်သည် သို့မဟုတ် နှေးနှေးချေဖျက်နိုင်သည်ဟူသည့် အချက်ပေါ် မူတည်၍ လူနာတစ်ယောက်နှင့် တစ်ယောက်ကွဲပြားမှု ရှိပါသည်။ ဆေးပမာဏကို ချိန်ညှိရန် လိုမလိုကို ကြည့်ရန်အတွက် လူနာ၏အင်ဇိုင်းလုပ်ဆောင်ချက်ကို ကြည့်ရမည်ဖြစ်ရာ ၎င်းအတွက် မျိုးဗီဇစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်နိုင်ပါသည်။
Voriconazole (ဗိုရီကိုနာဇိုးလ်) ကို လက်ခံအသုံးပြုနေရသည့် လူနာများသည် သွေးအတွင်းရှိ Voriconazole (ဗိုရီကိုနာဇိုးလ်) နှင့် ဓာတ်ဆား ပမာဏများကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်စစ်နေရမည်ဖြစ်သည်။ ၎င်းဆေးဝါးကို ၂၈ ရက်ထက်ပို၍ သုံးနေရသည့် လူနာများသည် အမြင်အာရုံနှင့် မျက်စိလုပ်ဆောင်ချက်များကို စမ်းသပ်စစ်ဆေးကြည့်သင့်ပါသည်။
ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။
ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
၎င်းကို သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်
ဤဘေးထွက်ဆိုးကျိုးများကို Voriconazole (ဗိုရီကိုနာဇိုးလ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။