အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ထိုဘရာမိုင်စင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Tobi®, Tobrex®

သည်အခြားအမည်များ:

Tobramycin sulfate

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ထိုဘရာမိုင်စင်ဆေးအကြောင်း

ထိုဘရာမိုင်စင်ဆေးသည် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။

ကျောက်ကပ်စွမ်းဆောင်ရည်၊ သွေးဥဆဲလ် အရေအတွက်မျာ၊ ခန္ဓာကိုယ်တွင်းရှိအရည်ဓာတ်များနှင့် အကြားအာရုံတို့ကို ‌စောင့်ကြည့်လေ့လာနိုင်ရန် လူနာများကို (ထိုကဲ့သို့ အန္တရာယ်ဖြစ်နိုင်သည့်လူနာများတွင်) စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်သည်။ သွေးထဲရှိပမာဏကိုလိုက်၍ ထိုဘရာမိုင်စင်ဆေးပမာဏမှာ ပြောင်းလဲသွားနိုင်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
injection icon

ကြွက်သားအတွင်းသို့ ဆေးရည်အနေဖြင့် ထိုးပေးနိုင်သည်

 
medicine bottles icon

ရှူဆေးပုံစံကို ဆေးရှူစက် သို့မဟုတ် ဆေးရှူသည့်ကိရိယာအနေအဖြင့်ပေးနိုင်သည်

 
medicine bottles icon

မျက်စဉ်းဆေးရည် သို့မဟုတ် မျက်စိလိမ်းဆေးအနေဖြင့် မျက်စိအတွင်းသို့ ထည့်ပေးနိုင်သည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

အကြောဆေးကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းလာခြင်း
  • ခေါင်းကိုက်ခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • ဆီးသွားနည်းလာခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ဝမ်းလျှောခြင်း
  • နားထဲတွင် တဝီဝီမြည်နေခြင်း သို့မဟုတ် အကြားအာရုံဆုံးရှုံးသွားခြင်း
  • ခေါင်းမူးဝေခြင်း
  • မတ်တပ်ကောင်းကောင်းမရပ်နိုင်ခြင်း၊ ဟန်ချက်ထိန်းရာတွင်ခက်ခဲနေခြင်း

ရှုဆေးကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-

  • အသက်ရှူမဝခြင်း
  • တရွှီရွှီမြည်ခြင်း
  • ချောင်းဆိုးခြင်း
  • ရင်ကျပ်ခြင်း

မျက်စဉ်းဆေးရည် သို့မဟုတ် မျက်စိလိမ်းဆေးတို့ကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • မျက်စိယားယံခြင်း
  • ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် တဆစ်ဆစ်နာခြင်း
  • မျက်ရည်ပိုထွက်ခြင်း
  • ဆေးသောက်သောက်ပြီးချင်း အမြင်အာရုံဝေဝါးခြင်း (ယာယီမျှသာ)

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

ထိုဘရာမိုင်စင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍လူနာများအနေဖြင့် ဤဆေးအသုံးပြုနေစဉ် ပုံမှန်ထက်ဆီးသွားအကြိမ်ရေနည်းလာပါက သို့မဟုတ် ပြင်းထန်စွာဝမ်းလျှောပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • ထိုဘရာမိုင်စင်ဆေးအသုံးပြုနေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ လူနာများကို အကြောဆေးသွင်းပေးနိုင်သည်။
  • ထိုဘရာမိုင်စင်ဆေးသွင်းနေစဉ် အကြားအာရုံပြောင်းလဲမှုတစ်စုံတစ်ရာရှိလာပါက အကြောင်းကြားပေးပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏပြည့်သည်အထိသောက်ပါ။

ထိုဘရာမိုင်စင်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ထိုဘရာမိုင်စင်ဆေးရည်ကို (အကြောဆေးအနေဖြင့်အသုံးပြုရန်) ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ အကြောဆေးမပေးမီ အသုံးပြုမည့်ဆေးပမာဏကို ဖယ်ထားပြီး၊ အခန်းအပူချိန်မှာ တစ်နာရီကြာထားထားပါ။
  • မျက်စဉ်းဆေးရည် သို့မဟုတ် မျက်စိလိမ်းဆေး
    • မျက်စဉ်းမသုံးမီနှင့် သုံးပြီးနောက် လက်ဆေးပါ။ မျက်စဉ်းဆေးဗူးထိပ်ကို မျက်စိ၊ လက်ချောင်း သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိတွေ့မိပါစေနှင့်။ 
    • ခေါင်းကိုအနည်းငယ်စောင်းလိုက်ပါ။ ဆေးရည်အစက်ကလေးဖြစ်လာစေရန် လက်ညိုးဖြင့်ဖိနှိပ်ပေးပါ။ မှန်ကန်သည့်ဆေးပမာဏရရှိစေရန် ဆေးဗူးကိုညင်သာစွာ ညှစ်ချပေးပါ။ မျက်လုံးပိတ်လိုက်ပါ။ ထို့နောက်တစ်မိနစ်ဆက်ပိတ်ထားပါ။
    • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ရှုဆေးပုံစံ-
    • ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တစ်ဦးဦးမှ ညွှန်ကြားထားသည့်အတိုင်း ရှူဆေးအတွက်သင့်တော်သည့် စက်ကိုအသုံးပြုပါ။
    • ရှူဆေးစက် တွင်အသုံးပြုသည့်ဆေးရည်ကို ရေခဲသေတ္တာ သို့မဟုတ် အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည်။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
    • ဆေးရှူသည့်ကိရိယာတွင်အသုံးပြုသည့်ဆေးတောင့်များကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ ဆေးတောင့်များကို အသုံးမပြုမီအချိန်အထိ သတ္တုလွှာထဲတွင်ထုပ်ပိုးသိမ်းဆည်းထားလိုက်ပါ။ ဆေးတောင့်ကို မမျိုချရ။
  • ဆေးအသုံးပြုရန်မေ့သွားပါက သတိရရချင်းပြန်ပေးလိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။