အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Pegfilgrastim (ပဂ်ဖီလ်ဂရက်စတင်မ်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Neulasta®

သည်အခြားအမည်များ:

Neulasta Onpro, PEG-GCSF

မကြာခဏအတှကျအသုံးပွု:

နျူထရိုဖီးလ်အရေအတွက်နည်းခြင်း (သွေးဆဲလ်ဖြူ တမျိုးနည်းခြင်း)

ကလစ်ဘုတ် သင်္ကေတ

Pegfilgrastim (ပဂ်ဖီလ်ဂရက်စတင်မ်) အကြောင်း

Pegfilgrastim (ပဂ်ဖီလ်ဂရက်စတင်မ်) ဆိုသည်မှာ ဂရမ်နျူလိုဆိုက် သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးသော ဂလိုင်ကိုပရိုတင်းများဖြစ်ပြီး ၎င်းကို PEG-GCSF ဟုလည်းခေါ်သည်။ ၎င်းသည် နျုထရိုဖီးလ်ခေါ် သွေးဆဲလ်ဖြူများကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စေရန် ထောက်ကူပေးပါသည်။ နျူထရိုဖီးလ်ဆိုသည်မှာ ကူးစက်ရောဂါများကို တိုက်ဖျက်သည့် သွေးဆဲလ်ဖြူများဖြစ်ပါသည်။ ၎င်းဆေးသည် ကီမိုဆေးကြောင့် ပျက်စီးသွားရသော နျူထရိုဖီးလ်များကို တည်ဆောက်နိုင်ရန် ထောက်ကူပေးသောကြောင့် အချို့လူနာများအတွက် လိုအပ်ပါသည်။

၎င်းဆေးကို ကီမိုဆေးကုထုံး ဆေးပတ်လည်ပြီးတိုင်း ပေးလေ့ရှိပါသည်။ ကီမိုဆေးနောက်ဆုံးအကြိမ်ပေးပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း ပေးရပါသည်။

ထိုးဆေးသင်္ကေတ

အရေပြားအောက်သို့ ထိုးသွင်း၍လည်းရသည် (အရေပြားအောက်)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အရိုးအတော်အတန် ကိုက်ခဲနာကျင်ခြင်း
  • အကြောထဲထိုးသွင်းရာနေရာတွင် နာကျင်ကိုက်ခဲခြင်း/ နီမြန်းခြင်း

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင် အဖုအပိမ့် အနီကွက်များထခြင်း၊ /အင်ပျဉ်ထခြင်းများ၊ မျက်နှာ သို့မဟုတ် လက်များရောင်ရမ်းခြင်း၊ ရင်ဘတ်ဖိသိပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းများပါဝင်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Pegfilgrastim (ပဂ်ဖီလ်ဂရက်စတင်မ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ကလေးမွေးနိုင်သည့် အသက်အရွယ်ရောက်ပြီး Pegfilgrastim (ပဂ်ဖီလ်ဂရက်စတင်မ်) ကို လက်ခံအသုံးပြုနေရသော အမျိုးသမီးလူနာများသည် ကိုယ်ဝန်မဆောင်မှီ ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။