အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Mitotane (မီတိုသိန်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Lysodren®

သည်အခြားအမည်များ:

Chloditan; Chlodithane; Khloditan; Mytotan

မကြာခဏအတှကျအသုံးပွု:

အဒရီနိုကော်တီကယ် ဟော်မုန်း ကာစီနိုမာ၊ ကူရှင်လက္ခဏာစု

ကလစ်ဘုတ် သင်္ကေတ

Mitotane (မီတိုသိန်း) အကြောင်း

Mitotane (မီတိုသိန်း) ဆိုသည်မှာ အဒရီနယ်ဂလင်းကင်ဆာကို ကုသရန် အသုံးပြုသော ကီမိုဆေး အမျိုးအစားဖြစ်သည်။ ၎င်းသည် အဒရီနိုကော်တီကယ် ဆဲလ်များကြီးထွားမှုကို နှေးသွားစေသည် သို့မဟုတ် ရပ်သွားစေသည်။ ၎င်းသည် အဒရီနယ်ဂလင်းများရှိ စတီးရွိုက်ဟော်မုန်းများထုတ်လုပ်မှုကို လျှော့ချပေးပါသည်။ ၎င်း ဟော်မုန်းများသည် ကိုယ်ခန္ဓာ၏ အရေးကြီးသည့် လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်ရန် ထောက်ကူပေးပါသည်။ လူနာများသည် fludrocortisone နှင့် hydrocortisonePatients တို့ပါဝင်သည့် စတီးရွိုက်အစားထိုးကုသမှုကို ခံယူရန် လိုအပ်ပါသည်။

လူနာများသည် ဆေးချိန်နည်းနည်းမှစတင်ကာ ဖြည်းဖြည်းချင်းမြှင့်ယူသွားရပါသည်။ လူနာများသည် သွေးတွင်းရှိ Mitotane (မီတိုသိန်း) ပမာဏကိုစစ်ကြည့်ရန် သွေးကို ပုံမှန်စစ်နေရပါမည်။ Mitotane (မီတိုသိန်း) ဆေးချိန်သည် ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးမှုများအပေါ် အခြေခံ၍ အပြောင်းအလဲရှိနိုင်ပါသည်။ သွေးတွင်းရှိ Mitotane (မီတိုသိန်း) ပမာဏများနေခြင်းသည် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို မြင့်တက်စေပါသည်။

လူ့ကိုယ်ခန္ဓာတွင် Mitotane (မီတိုသိန်း) ကို အဆီတစ်ရှူးထဲတွင် သိုလှောင်ထားရှိပါသည်။ ထို့ကြောင့်လည်း သွေးတွင်းရှိ Mitotane (မီတိုသိန်း) ပမာဏမြင့်တက်ရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ လူ့ခန္ဓာကိုယ်သည် ၎င်းဆေးကို ဖြည်းဖြည်းချင်းရှင်းထုတ်တတ်သော သဘောရှိသဖြင့် ဆေးကိုရပ်လိုက်ပြီး လပေါင်းများစွာတိုင်အောင်​ ၎င်းဆေးသည် သွေးထဲတွင်ရှိနေနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • စိတ်ခံစားမှု သို့မဟုတ် အမူအကျင့်ပြောင်းလဲခြင်း
  • အဒရီနယ်ဂလင်းပြဿနာများ− နီမြန်းခြင်း၊ သွေးတိုးခြင်း၊ သွေးဖိအားနည်းခြင်း၊ ဓာတ်ဆားပမာဏပြောင်းလဲခြင်းများ
  • သိုင်းရွိုက်ပြဿနာများ
  • ဝမ်းလျှောခြင်း
  • ခံတွင်းပျက်ခြင်း
  • အနီကွက်ဖြစ်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ယောက်ျားနို့အုံကြီးခြင်း (နို့အုံတစ်ရှူးကြီးထွားလွန်းခြင်း)
  • အသည်း ပြဿနာများ
  • ဇဝေဇဝါဖြစ်ခြင်း*
  • ခေါင်းကိုက်ခြင်း*
  • ခေါင်းမူးဝေခြင်း*
  • ငြိမ်ကျသွားခြင်း*
  • အမြင်အာရုံပြောင်းလဲခြင်းများ*

*၎င်းလက္ခဏာများသည် သွေးတွင်းရှိ ဤဆေးပမာဏလွန်ကဲခြင်းများနှင့် ဆက်စပ်နေလေ့ရှိသည်။ လက္ခဏာများလျော့ပါးသက်သာသည် အထိ ကုထုံးကို ဆေးချိန်လျော့၍ ဆက်ပေးနေရပါမည်။

ဤဘေးထွက်ဆိုးကျိုးများကို Mitotane (မီတိုသိန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Mitotane (မီတိုသိန်း) သည် အဒရီနယ်ဂလင်းက ထုတ်ပေးသော ဟော်မုန်းပမာဏကို လျော့ကျစေပြီး ၎င်းလျော့ကျမှုသည် စိတ်ဖိစီးမှု သို့မဟုတ် ဖျားနာမှုအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ထိခိုက်စေပါသည်။ ဖျားနာချိန်၊ ထိခိုက်ဒဏ်ရာရချိန် သို့မဟုတ် စိတ်ဖိစီးမှုများရှိနေချိန်တွင် လူနာသည် စတီးရွိုက်ဆေးဝါးများကို ထပ်ဆောင်းလိုအပ်နိုင်ပါသည်။ ၎င်းကို အဒရီနယ်ပြဿနာအဖြစ် ရည်ညွှန်းကြပါသည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၆ လ အတောအတွင်းတွင် သို့မဟုတ် သွေးအတွင်း၌ ဆေးပမာဏ ရှိသေးသည်အထိ ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။

Mitotane (မီတိုသိန်း) ကို အိမ်တွင်ပေးမည်ဆိုပါက−

  • ဆေးကို လက်အိတ်များဝတ်ဆင်ပြီးမှ ကိုင်တွယ်ပါ။ ဆေးပြားများကျိုးပဲ့ကြေမွပြီး လွင့်စဉ်နိုင်ခြေရှိပါက မျက်နှာဖုံးတပ်ထားပါ။
  • Mitotane (မီတိုသိန်း) ကို ​နေ့စဉ်အချိန်မှန်သောက်ပါ။
  • ဆေးပြားများကို မြေပဲထောပတ် သို့မဟုတ် ရေခဲမုန့်ကဲ့သို့ အဆီများသော အစားအစာများဖြင့် သောက်ပါ။
  • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားထားခြင်းမရှိပါက ဆေးများကိုကြိတ်ခြေခြင်း၊ ဝါးခြင်း သို့မဟုတ် နှစ်ပိုင်းပိုင်းခြင်းများမပြုလုပ်ရ။ ဆေးပြားများကို ကြိတ်ခြေမည်ဆိုပါက ဆေးကိုတိုက်ကျွေးရန်အတွက် ပြင်ဆင်ခြင်း၊ အစားအစာထဲတွင် ရောစပ်ခြင်းများပြုလုပ်နေစဉ် အတောအတွင်းတွင် မျက်နှာဖုံးနှင့် လက်အိတ်များကို ဝတ်ဆင်ထားပါ။
  • Mitotane (မီတိုသိန်း) ကို အစာပိုက်ဖြင့်လည်း ပေး၍ရပါသည်။ သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူကပေးသော ညွှန်ကြားချက်များကို လိုက်နာပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ 
  • ဆေးသောက်ရန် မေ့သွားပါက ၎င်းဆေးတစ်ခွက်စာကို မ‌သောက်ဘဲထားပြီး ပုံမှန်ဆေးသောက်ဇယားအတိုင်း ဆက်သောက်ပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။