အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Ganciclovir (ဂန်စီကလိုဗီယာ)

ဗိုင်းရပ်စ်သတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Cytovene®, Zirgan®

မကြာခဏအတှကျအသုံးပွု:

ဆိုင်တိုမက်ဂါလို ဗိုင်းရပ်စ်ကြောင့် ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Ganciclovir (ဂန်စီကလိုဗီယာ) အကြောင်း သိကောင်းစရာ

Ganciclovir (ဂန်စီကလိုဗီယာ) သည် ဗိုင်းရပ်စ်တားဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကိုယ်ခံအားနည်းနေသည့် လူနာများတွင် ဆိုင်တိုမက်ဂါလို ဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည့် နာမကျန်းဖြစ်ခြင်း (CMV) ကို ထိန်းချုပ်သည်။ CMV ကူးစက်ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ နုံးခွေခြင်းနှင့် လည်ချောင်းရောင်ခြင်းများ ပါဝင်သည်။ မျက်စိတွင် ကူးစက်ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ရသည့် ရောဂါကို ကုသရန် Ganciclovir ကို အသုံးပြုနိုင်သည်။

Ganciclovir (ဂန်စီကလိုဗီယာ) ကို လက်ခံရရှိသည့် လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

မျက်စဉ်းအဖြစ်လည်း မျက်စိထဲထည့်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အင်ပျဉ်ထခြင်း/ယားယံခြင်း သို့မဟုတ် အဖုအပိမ့်၊ အနီကွက်များထခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ဝမ်းလျှောခြင်း
  • အစားအစာ အရသာခံနိုင်စွမ်းပြောင်းလဲလာခြင်း
  • အာခေါင်ခြောက်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အထူးအဆန်းအိပ်မက်များ မက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • ချွေးထွက်ခြင်း
  • ကြွက်သား သို့မဟုတ် အဆစ်အမြစ်နာကျင်ခြင်း
  • ခြေ သို့မဟုတ် လက်များထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း 
  • အသည်း ပြဿနာများ
  • ကျောက်ကပ်ပြဿနာများ
  • သွေးတိုးခြင်း
  • အမြင်အာရုံပြောင်းလဲလာခြင်း (ပြိုးပြိုးပြက်ပြက်အလင်းရောင်များကို မြင်ရခြင်း)
  • ရုတ်တရက်တက်ခြင်းများ
  • မျက်စိကျိန်းခြင်း သို့မဟုတ် အမြင်ဝေဝါးခြင်း (မျက်စိမှထည့်သောအခါမှသာ)

ဤဘေးထွက်ဆိုးကျိုးများကို Ganciclovir (ဂန်စီကလိုဗီယာ) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေရှည်ကုသမှုနှင့်အတူ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • မျိုးအောင်မှုပြဿနာများ
  • ကင်ဆာ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • ဤဆေးကိုသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် 3 လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးကို ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် စွန့်ပစ်နိုင်ရန်အတွက် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။

Ganciclovir (ဂန်စီကလိုဗီယာ) ကို အိမ်တွင် သုံးမည်ဆိုပါက−

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • Ganciclovir (ဂန်စီကလိုဗီယာ) ဆေးရည်(အကြောဆေးအဖြစ်သုံးရန်) ကို ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါ။ သွေးပြန်ကြောမှသွင်းရန် တစ်နာရီအလိုမှသာ ဆေးတစ်ခွက်စာကိုထုတ်ပြီး အခန်းအပူချိန်တွင်ထားရှိပါ။ ဆေးကို ကိုင်တွယ်ချိန်နှင့် ဆေးသွင်းမည့်ကိရိယာကို ချိတ်ဆက်စဉ်များတွင် လက်အိတ်ဝတ်ထားပါ။
  • မျက်စဉ်းများ−
    • မျက်စဉ်းကိုမသုံးမီ လက်များကိုစင်ကြယ်အောင် ဆေးပါ။ မျက်စဉ်းဘူး အပေါက်ဝကို မျက်စိ၊ လက်ချောင်း သို့မဟုတ် အခြားမျက်နှာပြင်နှင့် မထိပါစေနှင့်။ 
    • ဆေးကို လက်ခံမည့် နေရာရှိစေရန် ခေါင်းကိုအနောက်သို့လှန်ချပြီး အောက်မျက်ခမ်းကို မိမိ၏လက်ချောင်းဖြင့် အသာဆွဲပါ။ တစ်ခါထည့်ပမာဏရောက်သည်အထိ ပုလင်းကို အသာညှစ်ပေးပါ။ မျက်စိကိုမှိတ်ပြီး မျက်ရည်ခံထောင့်စွန်းနေရာကို တစ်မိနစ်လောက်အသာဖိပေးပါ။
    • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။