အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 ကာကွယ်ဆေး တတိယမြောက်အလုံး ထိုးနှံခြင်းနှင့် COVID-19 ဘုစတာဆေး ထိုးနှံခြင်းများ

သင်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးထိုးနှံရမည့် ဆေးကို ထိုးပြီးနောက် ကိုယ်ခံအား အပြည့်ကာကွယ်မှု ဖြစ်ထွန်းလာရန် အနည်းဆုံး 2 ပတ် ကြာသည်။

အောက်ပါကာလ အနည်းဆုံးကြာပြီးလျှင် သင်သည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်သည်ဟု ယူဆခံရပါမည်-

  • သင်၏ Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး ဒုတိယအလုံး ထိုးပြီး 2 ပတ်အကြာ
  • Johnson & Johnson ကာကွယ်ဆေး 1 လုံးထိုးပြီး 2 ပတ်အကြာ

အချိန်ပေါ်မူတည်ပြီး ကာကွယ်ဆေးထိုးနှံပြီးနောက်ပိုင်း ကာကွယ်မှုသည် လျော့ကျလာနိုင်သောကြောင့် အချိန်ကာလတစ်ခုကြာပြီးနောက်တွင် COVID-19 ဘုစတာ(ဆေးရှိန်မပျက်အောင် ဆက်ပေးသည့်ဆေး) ထိုးနှံရန် လိုအပ်နိုင်သည်။

သင်၏ ကိုယ်ခံစွမ်းအားနည်းလျှင် (အားနည်းသည့် ကိုယ်ခံအားစနစ်ရှိလျှင်) သင်၏ ကနဦး ကာကွယ်ဆေးထိုးသည့် စီးရီးများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်ဆေး ထပ်ဆောင်းအပိုတစ်လုံး ထိုးနှံရန် သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။

ကိုယ်ခံစွမ်းအား နည်းသူများသည် COVID-19 ကို ခုခံတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်အောင် ထပ်ဆောင်းအပို ကာကွယ်ဆေးတစ်လုံး ထိုးနှံရန် လိုအပ်နိုင်သည်။

COVID-19 တတိယမြောက် ထိုးဆေး သည် Pfizer-BioNTech သို့မဟုတ် Moderna ပထမထိုးဆေးနှစ်လုံးမှ ကိုယ်ခံအား အပြည့်အဝ မတည်ဆောက်နိုင်လောက်သော ကိုယ်ခံအားစနစ်များ အားနည်းသည့်လူများကို အထောက်အကူပေးသည်။

ဘုစတာ ထိုးဆေး သည် အချိန်နှင့်အမျှ ကိုယ်ခံအား တုံ့ပြန်မှု လျော့ကျနိုင်သူများအတွက် ဖြစ်သည်။ အသက် သို့မဟုတ် အခြေခံ ကျန်းမာရေး အခြေအနေအရ ပြင်းထန် COVID-19 ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည့် လူများအတွက် ဘုစတာထိုးဆေးတစ်လုံးထိုးရန် အကြံပြုထားပါသည်။ ယင်းဆေးကို COVID-19 ကူးစက်ခံရနိုင်သည့် အန္တရာယ် ပိုမိုမြင့်မားသည့်အလုပ်ကို နေ့စဉ်လုပ်ဆောင်နေရသူများတွင် ထိုးနှံရန်လည်း အကြံပြုထားသည်။

COVID-19 ကာကွယ်ဆေး တတိယမြောက်အလုံး

လေ့လာမှုများတွင် ကိုယ်ခံအား စနစ်များ အားနည်းသည့်လူများသည် ကာကွယ်ဆေးအား တုံ့ပြန်နိုင်စွမ်း လျော့နည်းနိုင်ကြောင်း တွေ့ရသည်။ ယင်းက ပြင်းထန် COVID-19 အား ခုခံရာတွင် ကာကွယ်အား နည်းစေသည်။

COVID-19 ကာကွယ်ဆေး ထပ်ဆောင်းအပိုတစ်လုံး ထိုးနှံရန် လိုအပ်နိုင်သူများတွင် အောက်ပါ လူနာများ ပါဝင်သည်-

  • လက်ရှိ ကင်ဆာရောဂါ ကုသမှု ခံယူနေသူများ
  • ပြီးခဲ့သည့် 2 နှစ်အတွင်း CAR T-cell ကုထုံး သို့မဟုတ် ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှု ခံယူထားသူများ
  • အဆင့်မြင့် သို့မဟုတ် ကုသမှု ခံယူမထားသည့် HIV ကူးစက်ခံရမှုအပါအဝင် ကိုယ်ခံအားစနစ် မူမမှန်မှုရှိသူများ
  • ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားပြီး ယင်းအစားထိုးအစိတ်အပိုင်းအား ငြင်းပယ်ခံရခြင်းမှ ကာကွယ်ရန် ကိုယ်ခံအားစနစ်ကို ချုပ်ထိန်းသည့် ဆေးများ သောက်သုံးနေရသူများ
  • ကော့တီကိုစတီးရွိုက်များ၊ ခီမိုဆေးသွင်းခြင်း ကုထုံး သို့မဟုတ် အခြား အဏုဇီဝဆေး ပမာဏများများကဲ့သို့သော ကိုယ်ခံအားစနစ်ကို အပြင်းအထန်ချုပ်ထိန်းသည့် ဆေးများကို သောက်သုံးနေရသူများ

တတိယမြောက် ထိုးဆေးသည် ကာကွယ်ဆေးအား သင့်ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို မြှင့်တင်ပေးရန် ကူညီပေးသည်။ နောက်ဆုံးထိုးဆေးပြီးနောက် အနည်းဆုံး 28 ရက်အကြာတွင် သင်၏ တတိယမြောက် ဆေးလုံးကို ထိုးနှံရပါမည်။ ယင်းဆေးသည် ယခင် သင်ထိုးနှံခဲ့သော ကာကွယ်ဆေးနှင့် တူညီရပါမည်။ လက်ရှိတွင် တတိယမြောက် ကာကွယ်ဆေးလုံးထိုးနှံခြင်းကို Pfizer-BioNTech ကာကွယ်ဆေးထိုးနှံသူ အသက် 12 နှစ်နှင့်အထက် ရှိသူများအတွက်နှင့် Moderna ကာကွယ်ဆေးထိုးနှံထားသူများတွင် အသက် 18 နှစ်နှင့်အထက်အတွက် ခွင့်ပြုထားသည်။

တတိယမြောက် ဆေးလုံး ထိုးနှံရန် သင်က သတ်မှတ်ချက်နှင့် ကိုက်ညီ-မညီကို မေးစရာရှိပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

COVID-19 ဘုစတာဆေး ထိုးနှံခြင်းများ

လေ့လာမှုများအရ ကိုယ်ခံစွမ်းအားသည် အချိန်နှင့်အမျှ လျော့ကျသွားသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ပြင်းထန် COVID-19 ကို ခုခံကာကွယ်နိုင်စွမ်းသည် အချို့သော အုပ်စုများတွင် လျော့ကျနိုင်သည်။

အချို့သောလူများသည် ဘုစတာထိုးဆေးကို ထိုးနှံနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) က ခွင့်ပြုထားပြီး ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) က အကြံပြုထားသည်။ ယင်းအပ်ဒိတ်များမှာ အနည်းဆုံးလွန်ခဲ့သော 6 လက Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေးထိုးနှံထားသူများအတွက်ဖြစ်သည်-

Johnson & Johnson မှ ထုတ်လုပ်သည့် တစ်လုံးထိုး ကာကွယ်ဆေးကို ထိုးနှံထားသည့် အသက် 18 နှစ်နှင့်အထက် ရှိသူများသည် ပထမထိုးဆေး ထိုးနှံခံရပြီး အနည်းဆုံး 2 လ ကြာပြီးနောက် Johnson & Johnson ထုတ် ဘုစတာကာကွယ်ဆေး တစ်ကြိမ် ထိုးနှံရပါမည်။

ယေဘုယျအားဖြင့် COVID-19 ကာကွယ်ဆေး ဘုစတာထိုးရာတွင် သင် ကနဦးထိုးနှံခဲ့သည့် ကာကွယ်ဆေးအမှတ်တံဆိပ်နှင့် တူညီသည်ကို ထိုးနှံသင့်ပါသည်။ သို့သော် ဘုစတာထိုးဆေးအဖြစ် မတူကွဲပြားသည့် COVID-19 ကာကွယ်ဆေးတစ်လုံးကို သင်က ရွေးချယ်နိုင်သည်။ ဘုစတာဆေး ထိုးနှံရာတွင် ကာကွယ်ဆေးကို တံဆိပ်စုံ ရောထိုးခြင်း၊ ကိုက်ညီသည်ကို ထိုးခြင်းအတွက် လတ်တလောတွင် အောက်ပါ အကြံပြုချက်များအရ ခွင့်ပြုထားသည်။ သင့်တွင် မေးစရာများ ရှိပါက သင့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ပြောကြားပါ။

အပိုဆောင်း ထိုးဆေးများနှင့် ဘုစတာထိုးဆေးများ ထိုးနှံပြီးနောက်ပိုင်း ပဋိပစ္စည်းများ အလုပ်လုပ်ပုံ

---
ပြန်ဆန်းစစ်ထားသည့်ရက်- ဩဂုတ်လ 2021