အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပိုလီအသလင်း ဂလိုင်ကောလ် 3350

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

GaviLAX®, GlycoLax®, MiraLax®

သည်အခြားအမည်များ:

Macrogol, PEG 3350

မကြာခဏအတှကျအသုံးပွု:

ဝမ်းချုပ်ခြင်းကို ကုသသည့်ဆေး

ကလစ်ဘုတ် သင်္ကေတ

ပိုလီအသလင်းဂလိုင်ကောလ်3350 ဆေးအကြောင်း

ပိုလီအသလင်း ဂလိုင်ကောလ် 3350 သည် ရှားရှားပါးပါးဝမ်းချုပ်ခြင်းနှင့် ဝမ်းတုံးမာခြင်းတို့အား ကုသရန် သို့မဟုတ် ကာကွယ်ရန် အသုံးပြုသော ဝမ်းနှုတ်ဆေး တစ်မျိုး ဖြစ်သည်။ ထိုဆေးသည် ဝမ်းတုံးအတွင်းသို့ ရေဓာတ်များရောက်ရှိသွားစေပြီး၊ အူလှုပ်ရှားမှုကိုအားပေးကာ ဝမ်းတုံးများကို ပျော့သွားစေသည်။ ဆေးအားနိသင်ပြရန် ၂-၄ ရက် ကြာမြင့်နိုင်သည်။ ထိုဆေးအား ဆေးညွှန်းမလိုအပ်ဘဲ ဆေးဆိုင်တွင် လူနာကိုယ်တိုင် (OTC) ဝယ်ယူနိုင်သည်။

အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းဗိုက်နာကျင်မှု
  • လေထိုးခြင်း
  • ဗိုက်ပွခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • ဝမ်းလျှောခြင်း

ပိုလီအသလင်း ဂလိုင်ကောလ် 3550 ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ပိုလီအသလင်း ဂလိုင်ကောလ် 3550 ဆေးအား လိုအပ်သလို အသုံးပြုနိုင်သည်။
  • ဆေးပညာတတ်ကျွမ်းသူတစ်ဦး၏ လမ်းညွှန်ချက်မပါဘဲ ထိုဆေးအား အချိန် ၂ ပတ်ကျော်ကြာ အသုံးမပြုသင့်ပါ။
  • သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တို့အား မမေးမြန်းဘဲ အခြားဝမ်းနှုတ်ဆေးများအား မသောက်ရ။
  • အညွှန်းပါပမာဏထက် ကျော်လွန်၍သောက်ခြင်း သို့မဟုတ် မကြာခဏသောက်ခြင်းတို့ မပြုလုပ်ရ။

ပိုလီအသလင်းဂလိုင်ကောလ်3350 ဆေးအား အိမ်တွင်အသုံးပြုခြင်း-

  • ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ရေ၊ ဖျော်ရည် သို့မဟုတ် ဆိုဒါ စသည့် အရည်တမျိုးမျိူးဖြင့် ဆေးမှုန့်ကို ရောစပ်လိုက်ပါ။ ချက်ချင်းသောက်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးစွန့်ပစ်ရမည့် လမ်းညွှန်ချက်များကို လိုက်နာပါ။