အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဖေလ်ဂရက်စတင်

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Granix®, Neupogen®, Zarxio®

သည်အခြားအမည်များ:

G-CSF, Filgrastim-sndz, Granulocyte Colony Stimulating Factor, Tbo-Filgrastim, Tevagrastim

မကြာခဏအတှကျအသုံးပွု:

နျူထရိုဖီးလ်အရေအတွက်နည်းခြင်း ( သွေးဆဲလ်ဖြူတမျိုး နည်းခြင်း) 

ကလစ်ဘုတ် သင်္ကေတ

ဖေလ်ဂရက်စတင်ဆေးအကြောင်း

ဖေလ်ဂရက်စတင်ဆေး သို့ ဂရမ်နျူလိုဆိုက်သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးသော ဂလိုင်ကိုပရိုတင်းများ (G-CSF) သည် နျူထရိုဖီးလ်ဟုခေါ်သည့် သွေးဖြူဥဆဲလ်များကို ခန္ဓာကိုယ်ထဲတွင်ထုတ်လုပ်စေသည်။ နျူထရိုးဖီးလ်သည် သွေးဖြူဥများဖြစ်ကြပြီး ရောဂါပိုးများကို တိုက်ထုတ်ပေးသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးဆေးများကြောင့်ပျက်စီးသွားသော နျူထရီုဖီးလ်များကို ပြန်လည်ပွားများလာစေရန် လူနာတစ်ချို့တွင် ဤဆေးကိုလိုအပ်လာနိုင်သည်။ သွေးထဲတွင် နျူထရိုဖီးလ်အရေအတွက်နည်းနေခြင်းကို "နျူထရိုးဖီးလ်အရေအတွက်နည်းခြင်း" ဟုခေါ်သည်။

၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။

ဆေးသင်္ကေတ

ဆေးကို အရည်အနေဖြင့် အရေပြားအောက်သို့ထိုးသွင်းနိုင်သည်။ (အရေပြားအောက်)

 
iv အိတ်သင်္ကေတ

ဆေးအား သွေးပြန်ကြောထဲသို့အကြောဆေးအနေဖြင့်ပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သိပ်မပြင်းထန်သော အရိုးနာကျဉ်ခြင်း
  • ဆေးထိုးထားသည့်နေရာတွင် နာကျဉ်ခြင်း သို့ အညိုအမည်းစွဲခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း၊ ရင်ကျပ်ခြင်း သို့ အသက်ရှုရခက်ခဲခြင်း။

ဖေလ်ဂရက်စတင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိသည့်အမျိုးသမီးလူနာများတွင် ဖေလ်ဂရက်စတင်ကိုအသုံးပြုနေပါက ကလေးမယူမီ ဆရာဝန်ဖြင့်တိုင်ပင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

ဖေလ်ဂရက်စတင်ဆေးကိုအိမ်တွင်အသုံးပြုခြင်း-

  • အကယ်၍ ဖေလ်ဂရက်စတင်ဆေးကို အရေပြားအောက်ထဲတွင်ထိုးရပါက (အရေပြားအောက်ထိုးဆေး)၊ သူနာပြုတစ်ဦးမှ ထိုးဆေးထိုးနည်းကို ပြသပေးပါလိမ့်မည်။
  • ဖေလ်ဂရက်စတင်ဆေးကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ လိုအပ်ပါက ၎င်းကို အခန်းအပူချိန်တွင် ၂၄ နာရီကြာ ထားနိုင်သည်။ ဆေးကို မအေးခဲပစ်လိုက်ပါနဲ့။
  • ဖေလ်ဂရက်စတင်ဆေးကို အသုံးမပြုမီ၊ တစ်နာရီကြိုတင်၍ ရေခဲသေတ္တာထဲမှထုတ်ထားပြီး၊ အခန်းအပူချိန်တွင် နွေးသွားပါစေ။
  • ဆေးပုလင်းကို မလှုပ်ရ။ ပူစီပေါင်းများတက်လာပါက ဆေးအချိန်အဆအမှန်ကို စုပ်ယူရာတွင် အခက်အခဲဖြစ်စေတတ်သည်။
  • ဖေလ်ဂရက်စတင်ဆေးသည် အမြဲတစေကြည်လင်နေရမည်ဖြစ်ပြီး၊ အရောင်မရှိသောအရည်တစ်မျိုး ဖြစ်သည်။ အကယ်၍ ဆေးအရောင်နောက်နေခြင်း၊ အရောင်ပြောင်းသွားခြင်း၊ သို့မဟုတ် ဆေးရည်ထဲတွင် အဖတ်များ သို့ အမှုန်များရှိနေခြင်း စသည်တို့ကိုတွေ့ရပါက အသုံးမပြုပါနှင့်။
  • ဆေးသောက်ရန်မေ့သွားပါက သတိရရခြင်း ထိုးပေးပါ။ အကယ်၍ နောက်တစ်ကြိမ်ဆေးထိုးရမည့်အချိန်နှင့်ကပ်နေပါက ကျော်လိုက်နိုင်သည်။ ထိုနောက် ပုံမှန်ထိုးနေကျအချိန်ဇယားအတိုင်း ဆက်လက်ထိုးသွားပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာကိုင်တွယ်ခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။