အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Ceftriaxone (ဆက်ဖ်ထရီယာဇုန်း)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Rocephin®

သည်အခြားအမည်များ:

Ceftriaxone sodium

မကြာခဏအတှကျအသုံးပွု:

ကူးစက်ရောဂါများကို ကာကွယ်ရန် သို့မဟုတ် ကုသရန်

ကလစ်ဘုတ် သင်္ကေတ

Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) အကြောင်း

Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) သည် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။

လူနာများသည် အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် စစ်ဆေးမှုများကို လုပ်ဆောင်ရနိုင်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကို သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
ထိုးဆေးသင်္ကေတ

ဆေးရည်အဖြစ် ထိုးဆေးအဖြစ် ကြွက်သားထဲသို့ ထိုး၍လည်း သုံးနိုင်သည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • ထိုးသွင်းရာ အရေပြားနေရာတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ကျန်ခဲ့ခြင်း

ဓာတ်မတည့်သည့် တုံ့ပြန်မှုဆိုင်ရာ ရောဂါလက္ခဏာစုများမှာ− အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတွင် တစ်ဆို့နေခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်း တို့ဖြစ်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာသည် ဤဆေးသုံးပြီး ပြင်းပြင်းထန်ထန်ဝမ်းသွားခြင်းများဖြစ်လာပါက ဆရာဝန်အား အသိပေးပါ။
  • Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) သည် အချို့သော ဓာတ်ခွဲခန်းစစ်ဆေးစမ်းသပ်မှုများ၊ အထူးသဖြင့် သွေးချိုတက်နေသူများ (ဆီးချိုသွေးချို) ကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ ဆီးတွင်း သကြားဓာတ်ကို စမ်းသပ်သည့် ကိရိယာအသုံးပြုပုံနှင့် ဖတ်ရှုပုံများအကြောင်းကို သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် ဆွေးနွေးပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက၊ ကိုယ်ဝန်ရရှိစေရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏပြည့်သည်အထိသောက်ပါ။

Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) ကိုအိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • Ceftriaxone (ဆက်ဖ်ထရီယာဇုန်း) ဆေးရည် (အကြောဆေးအဖြစ်သုံးရန်) ကို ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါ။ သွေးပြန်ကြောမှသွင်းရန် တစ်နာရီအလိုမှသာ ဆေးတစ်ခွက်စာကိုထုတ်ပြီး အခန်းအပူချိန်တွင်ထားရှိပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။