အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Amphotericin B (အန်ဖိုတာရစ်ဆင် ဘီ)

မှိုသတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

AmBisome®

သည်အခြားအမည်များ:

Amphotericin B Liposome, Liposomal Amphotericin

မကြာခဏအတှကျအသုံးပွု:

မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Amphotericin B (အန်ဖိုတာရစ်ဆင် ဘီ) အကြောင်း

Amphotericin B (အန်ဖိုတာရစ်ဆင် ဘီ) သည် မှိုသတ်ဆေးတစ်မျိုးဖြစ်သည်။ ၎င်းဆေးဝါးကို အက်စပါဂျီလတ် မှိုစွဲနာ နှင့် ကင်ဒီဒါ မှိုစွဲနာများအပါအဝင် မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် သို့မဟုတ် ဟန့်တားရန် အသုံးပြုပါသည်။

လူနာများသည် သွေးတွင်း ဓာတ်ဆား ပါဝင်မှုပမာဏ ကို စစ်ကြည့်ရန်နှင့် အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ် နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အသည်း၏ လုပ်ငန်းဆောင်တာ လျော့ကျလာခြင်း
  • ကျောက်ကပ်လုပ်ငန်းဆောင်တာ လျော့ကျလာခြင်း
  • သွေးတွင်းရှိ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လစီယမ် သို့မဟုတ် ဘိုင်ကာဗွန်နိတ်ပမာဏများလျော့ကျလာခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • သွေးပြန်ကြောမှထိုးသွင်းရာ အရေပြားနေရာတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ကျန်ခဲ့ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းခေါင်းမူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • သွေးပေါင်ချိန် ပြောင်းလာခြင်း

ဆေးသွင်းခြင်းဆိုင်ရာ တုံ့ပြန်မှုများ− ချမ်းတုန်ခြင်းများ၊ အဖျားတက်ခြင်း၊ အသားအရေနီမြန်းခြင်း၊ ယားယံခြင်း၊ မောခြင်း၊ ချွေးစေးထွက်ခြင်း၊ အဖုအပိမ့်၊ အနီကွက်ထွက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Amphotericin B သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • လူနာများသည် ဆေးသွင်းနေချိန်တွင် ဆေးအပေါ်တုံ့ပြန်မှုကို ကြုံလာရနိုင်သည်။ စောင့်ရှောက်မှုအဖွဲ့အနေဖြင့် ဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေမည့် ဆေးဝါးများကို အကြံပြုပေးနိုင်ပါသည်။
  • Amphotericin B (အန်ဖိုတာရစ်ဆင် ဘီ) ဆေးသောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ လူနာများသည် ကျောက်ကပ်ပြဿနာများမဖြစ်ရလေအောင် ကာကွယ်ရန်အတွက် သွေးပြန်ကြောမှ ဆေးသွင်းခြင်းကို လက်ခံရနိုင်ပါသည်။
  • ဤဆေးသည် အချို့သောဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးမှုများကို ကမောက်ကမဖြစ်စေနိုင်ပါသည်။
  • မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် သို့မဟုတ် ဘိုင်ကာဗွန်နိတ် ဖြည့်စွက်စာများကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက၊ ကိုယ်ဝန်ရရှိစေရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။