ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ (ALL) သည် လင့်ဖိုဆိုက် (lymphocytes) ဟုခေါ်သော သွေးဖြူဥဆဲလ်များကို ထိခိုက်စေပါသည်။
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်သည်။ ရိုးတွင်းခြင်ဆီ၎င်းသည် ကလေးဘဝတွင် ဖြစ်ပွားသော ကင်ဆာများထဲတွင် အများဆုံး တွေ့ရသော အမျိုးအစားဖြစ်သည်။
သွေးကင်ဆာတွင် ကင်ဆာဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်း လျင်မြန်စွာ ပေါက်ဖွားလာကြသည်။ ထိုသို့ဖြစ်ပွားသည့်အခါ ကျန်းမာနေသည့် သွေးဆဲလ်များဖြစ်သည့် သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များနှင့် သွေးဥမွှားဆဲလ်များသည် ၎င်းတို့ လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်မရနိုင်ပါ။
ALL သည် ပြန်ရည်ဆဲလ်များ (lymphocytes) ဟုခေါ်သော သွေးဆဲလ်များကို တိုက်ခိုက်သည်။ ဤဆဲလ်များသည် ရောဂါပိုးကူးစက်ခြင်း ကိုတိုက်ခိုက်ပြီး၊ ခန္ဓာကိုယ်ကို ရောဂါများမှ ကာကွယ်ရန်ကူညီပေးသည်။
အဓိက ပြန်ရည်ဆဲလ်အမျိုးအစား 2 မျိုး ရှိသည်- B ပြန်ရည်ဆဲလ်များ နှင့် T ပြန်ရည်ဆဲလ်များALL သွေးကင်ဆာသည် lymphocyte အမျိုးအစား နှစ်မျိုးစလုံးမှ စတင်ဖြစ်ပွားနိုင်ပါသည်။ ALL သွေးကင်ဆာအမျိုးအစားများကို B cell ALL သို့မဟုတ် T cell ALL ဟူ၍ ခွဲခြားသိရှိနိုင်ပါသည်။ B cell ALL က ပိုအဖြစ် များပါသည်။
အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ကလေးသူငယ်နှင့် ဆယ်ကျော်သက် 3,000 ခန့် တွင် ALL ဖြစ်ပွားလျက်ရှိပါသည်။
ALL သည် အသက် 2 နှစ်မှ 5 နှစ်အထိ ကလေးသူငယ်များတွင် မကြာမကြာ တွေ့ရှိရသည်။ ၎င်းကို အသက်ကြီးပိုင်းကလေးများနှင့် ဆယ်ကျော်သက်များတွင်လည်း တွေ့ရှိရတတ်သည်။
မွေးကင်းစ ကလေးများတွင် ALL ဖြစ်နိုင်ခြေ ရှားပါးသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် အသက် 1 နှစ်အောက် ကလေးငယ်များ၌ ALL သွေးကင်ဆာဖြစ်ပွားမှုနှုန်း အယောက် 90 ခန့် ရှိပါသည်။
ALL အတွက် အသုံးအများဆုံးကုသမှုမှာ ကီမိုကုထုံး ဖြစ်သည်။ ယင်းရောဂါ၏ ယေဘုယျ ရောဂါပျောက်ကင်းနိုင်ခြေနှုန်းမှာ 90% ခန့် ရှိပါသည်။
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာဆိုသည်မှာ ရောဂါလက္ခဏာများကို လျင်မြန်စွာ ပိုဆိုးလာခြင်းဖြစ်သည်။ ကလေးများသည် ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှုကို ချက်ချင်း လိုအပ်လာနိုင်ပါသည်။
ALL သွေးကင်ဆာရဲ့ အဖြစ်အများဆုံး လက္ခဏာများနှင့် ဝေဒနာများမှာ-
ALL ဖြစ်ပွားမှုအများစုတွင် သိရှိထားသော ဖြစ်စေသည့်အကြောင်းရင်း မရှိပါ။
အချို့သော မျိုးရိုးလိုက်သည့် ရောဂါလက္ခဏာစု သည် ALL ပိုဖြစ်နိုင်သည့် အန္တရာယ်နှင့် ဆက်နွယ်မှုရှိသည်-
သွေးကင်ဆာဖြစ်နေသော ကလေးများတွင် များသောအားဖြင့် ၎င်းတို့၏ သွေးထဲတွင် သွေးဖြူဥဆဲလ် ပမာဏ များသည်။
ဆရာဝန်များသည် အောက်ပါအချက်များ ပြုလုပ်ပြီးနောက် သွေးကင်ဆာ ဖြစ်နိုင်ခြေရှိသည်ဟု သံသယရှိနိုင်ပါသည်-
သွေးကင်ဆာဖြစ်နေသော ကလေးများတွင် များသောအားဖြင့် ၎င်းတို့၏ သွေးထဲတွင် သွေးဖြူဥဆဲလ် ပမာဏ များသည်။
စစ်ဆေးမှုနှင့် မှတ်တမ်းပြုလုပ်စဉ် စောင့်ရှောက်မှုပံ့ပိုးသူက အောက်ပါတို့ကို ပြုလုပ်ပါမည်-
ALL ကို ရောဂါရှာဖွေအတည်ပြုရန် သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းတို့ကို ပြုလုပ်ကြရသည်။
စောင့်ရှောက်မှုပံ့ပိုးသူမှ စစ်ဆေးမှုပြုလုပ်ရန် သွေးဖောက်ယူမည်။ ဤစမ်းသပ်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်-
ရိုးတွင်းခြင်ဆီကို အပ်ဖြင့် စုပ်ယူစစ်ဆေးခြင်းနှင့် အသားစယူ စစ်ဆေးခြင်း တို့သည် ကင်ဆာရောဂါကို အတည်ပြုပေးမည့် စမ်းသပ်မှု 2 ခုဖြစ်သည်။ လူနာများသည် ယင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို တစ်ပြိုင်နက်တည်း ရရှိလေ့ရှိပါသည်။ ၎င်းတို့ကို စိတ်ငြိမ်ဆေး သို့မဟုတ် နာကျင်မှုပျောက်ဆေး တိုက်ကျွေးခြင်း ပြုလုပ်ပေးမည် ဖြစ်သည်။
အကယ်၍ သွေးကင်ဆာရှိကြောင်း တွေ့ရှိရပါက ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ နောက်ထပ် လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
၎င်းတွင် လူခီးမီးယား (leukemia) တွင် ပါဝင်နေသည့် သီးသန့် ဗီဇ၊ ပရိုတိန်းနှင့် အခြား အချက်များကို ဖော်ထုတ်ရန်အတွက် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ပါဝင်ပါသည်။
၎င်းသည် အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် ဆဲလ်၏မျိုးရိုးဗီဇများတွင် မှားယွင်းမှုများ (သန္ဓေပြောင်းခြင်းများ) က ဖြစ်စေသောကြောင့်ဖြစ်သည်။ ယင်းအမှားအယွင်းများကို ခွဲခြားသတ်မှတ်ခြင်းက လူခီးမီးယား သီးခြားမျိုးကွဲများကို ရောဂါအမည်တပ်ရာတွင် ကူညီပါသည်။
ဆရာဝန်များသည် သင့်ကလေး၏အခြေအနေနှင့်ကိုက်ညီသော ကုသမှုရွေးချယ်စရာများကို ရွေးချယ်ရန် ဤအသေးစိတ်အချက်အလက်များကို အသုံးပြုပါသည်။
စောင့်ရှောက်မှုအဖွဲ့သည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများတွင် ကင်ဆာ ရှိ၊ မရှိ သိရှိနိုင်ရန် စစ်ဆေးမှုများကိုလည်း ပြုလုပ်မည်။
ခါးဆစ်ရိုးထဲမှ အရည်ထုတ်ယူစစ်ဆေးခြင်း သည် ရောဂါက ဦးနှောက်နှင့် ကျောရိုးမကြီးဆီသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိကို ပြသပေးမည် ဖြစ်သည်။ ဤစစ်ဆေးမှုကို LP သို့မဟုတ် ကျောရိုးဖောက်ထုတ်သည့် လုပ်ငန်းစဥ်ဟုလည်း ခေါ်ပါသည်။
လူနာများအနေဖြင့် ၎င်းကို ပြုလုပ်သည့် တစ်ပြိုင်နက်တည်းတွင် ကီမိုကုထုံးကို ရရှိနိုင်သည်။ ၎င်းကို ပရိုပိုင်လက်တစ် အင်ထရီရာသီကယ်လ် ကုထုံးဟုခေါ်သည်။ ALL အား ဆယ်ရီဘရိုစပိုင်နယ်လ် အရည်သို့ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ပေးထားခြင်း ဖြစ်သည် ကျောရိုးမကြီးထဲရှိ အာရုံကြောအရည်ကြည်.
ရင်ဘတ်ကို ရိုက်ကူးသည့် ရင်ဘတ် ဓာတ်မှန် မှ လူခီးမီးယားဆဲလ်များက ရင်ဘတ်၏ အလယ်တွင် အစိုင်အခဲတစ်ခုအဖြစ် ဖြစ်စေခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ပြသပေးသည်။
လူနာတွင် အချို့ လက္ခဏာများနှင့် ရောဂါလက္ခဏာများရှိပါက အခြားသော ပုံရိပ်ဖမ်းလေ့လာမှုများနှင့် ဓာတ်ခွဲခန်း စစ်ဆေးမှုများအား ပြုလုပ်နိုင်သည်။
ကလေးရယူနိုင်သော အရွယ်ရောက်သည့် အမျိုးသမီး လူနာများသည် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးခြင်းကို ပြုလုပ်ရနိုင်သည်။
အမျိုးသားလူနာတစ်ဦးတွင် ဝှေးစေ့အတွင်းသို့ ကူးစက်ပျံ့နှံ့မှု ရှိ၊ မရှိ စစ်ဆေးရန် အာထရာဆောင်းရိုက်နိုင်သည်။ ၎င်းမှာ ALL အတွက် ရှားပါးပြီး ဖြစ်ခဲပါသည်။ ၎င်းသည် အမျိုးသားများတွင် 1–2% ခန့် ဖြစ်ပွားလေ့ရှိသည်။
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် သင်နှင့်/ သို့မဟုတ် သင့်ကလေးနှင့် မွေးဖွားနိုင်ခြေကို ဆွေးနွေးနိုင်ပါသည်။ အမျိုးသားများ နှင့် အမျိုးသမီးများ အတွက် ရွေးချယ်စရာများအကြောင်း ပိုမိုဖတ်ရှုပါ။
ဆရာဝန်က ကုသမှုကို ကူညီစီစဉ်ရန်အတွက် အချက်အလက် စုဆောင်းပါသည်။
လူနာသည် ကီမိုကုထုံး၊ အရည်များနှင့် သွေးနမူနာများ ပို့ဆောင်ရန်အတွက် အရေပြားအောက်ဆေးသွင်းပေါက် သို့မဟုတ် အခြား သွေးပြန်ကြောအတွင်းဆေးသွင်းကိရိယာကို ရယူရန်အတွက် ခွဲစိတ်မှုကို ပြုလုပ်ရနိုင်သည်။
အစပျိုးခြင်းအဆင့်၏ ရည်ရွယ်ချက်မှာ သွေးအတွင်းနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ လူခီးမီးယားဆဲလ်များကို ဖျက်ဆီး၍ ရောဂါကို သက်သာငြိမ်သက်သည့်အဆင့်သို့ ယူဆောင်ရန်ဖြစ်သည်။ ဤအဆင့်သည် ပြင်းထန်သည့်အတွက် ဆေးရုံတက်ရန် လိုအပ်နိုင်ပါသည်။
ဗဟိုအာရုံကြောစနစ် (CNS) ကာကွယ်ခြင်းကုထုံးကို အာရုံကြော ကျောရိုး အရည်အတွင်းရှိ သွေးကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်အတွက် ပေးနိုင်သည်။
ဆရာဝန်များသည် နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို စီစဉ်ရန် အချက်များစွာကို ကြည့်ရှုလိမ့်မည်-
ဖီလာဒယ်ဖီးယား ခရိုမိုဆုန်း အပေါင်းလက္ခဏာပြသော ALL ရှိသည့် လူနာများသည် ဤအဆင့်တွင် အိုင်မေတီနစ်ဘ် (Imatinib)၊ ဒါဆာတီနစ်ဘ် (dasatinib) သို့မဟုတ် ပိုနာတီနစ် (ponatinib) ကို ရနိုင်သည်။
ဤအဆင့်တွင် ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန် ဆေးဝါးအမျိုးအစားများကို ပေါင်းစပ်ပြီး ကွဲပြားစွာ အသုံးပြုပါသည်။ ၎င်းအတွက် ဆေးရုံတက်နေရန် လိုအပ်နိုင်သည်။
သွေးကင်ဆာသည် ဆက်လက်သက်သာငြိမ်သက်နေပါက ထိန်းသိမ်းကုသမှုအဆင့်ကို စတင်နိုင်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ပထမအဆင့် 2 ဆင့်ပြီးနောက် ကျန်ရှိနေနိုင်သည့် မည်သည့် သွေးကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
လူနာများသည် အပတ်စဉ် ကီမိုဆေးသွင်းကုထုံးနှင့် သွေးစစ်ဆေးမှုများနှင့်အတူ ပြန်လည်အစပျိုးခြင်းဟု ခေါ်သော ဆေးချိန်အမြင့် ကီမိုဆေးသွင်းကုထုံး၏ အချိန်ကာလများကို ခံယူနိုင်ခြေ များသည်။
ဤအဆင့်၏ပထမ 6-9 လသည် များသောအားဖြင့် ပြင်းထန်သည်။ 6-9 လ နောက်ပိုင်းတွင် လူနာများသည် ကျောင်းသို့ မကြာခဏ ပြန်တက်ခွင့်ရှိပါသည်။
လူနာသည် 1-4 လတိုင်း တစ်ကြိမ် ပြန်လာရမည်။
ယင်းသို့လာပြသည့်အခါတွင် ပါဝင်သည်များမှာ-
ပြန်လာပြရမည့် အကြိမ်ရေများမှာ 6 လတစ်ကြိမ် ပြောင်းလဲတတ်ပါသည်။
ပြန်လာပြရမည့် အကြိမ်ရေများမှာ တစ်နှစ်လျှင် တစ်ကြိမ် ပြောင်းလဲတတ်ပါသည်။
လူနာများသည် ပင်မသွေးပြန်ကြောအတွင်း အရေပြားအောက်မှ သွင်းထားသည့် ဆေးသွင်းကိရိယာ တစ်ခုကို ရရှိရန် ခွဲစိတ်ကုသသည့် လုပ်ငန်းစဉ်တစ်ခု လုပ်ဆောင်ရမည်။ ဤကိရိယာသည် ဆေးထိုးအပ်အသုံးပြုရန် လိုအပ်ချက်ကို လျော့ကျစေသည်။ ၎င်းသည် လူနာများအား ဓာတ်ခွဲစစ်ဆေးမှုများအတွက် သွေးထုတ်ယူရန်နှင့် သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း (IV) ဆေးဝါးများ၊ အရည်များ၊ သွေးထွက်ကုန်များနှင့် အာဟာရဓာတ်များကို ရရှိရန် ခွင့်ပြုပေးသည်။
ကီမိုဆေးသွင်းခြင်းကုထုံး သည် ကလေးသူငယ်ဘဝတွင်ဖြစ်သည့် ALL ၏ အဓိက ကုထုံးဖြစ်သည်။ ၎င်းတွင် ဆေးဝါးများစွာပါဝင်ပြီး ပြီးမြောက်ရန် 2-3 နှစ်ကြာသည်။ ၎င်းကို အဆင့် 3 ဆင့် ခွဲခြားထားသည်။
ဆရာဝန်များသည် ၎င်းတို့၏ အန္တရာယ်ရှိနိုင်ခြေ အဆင့်အုပ်စုပေါ်မူတည်၍ လူနာများအား ကုသမှုများကို ကုသမှုများကို သင့်တော်သလို စိတ်ကြိုက်ညှိနှိုင်း ပေးနိုင်ပါသည်။
အန္တရာယ်ရှိနိုင်ခြေအဆင့်အုပ်စု ဆိုသည်မှာ ကင်ဆာရောဂါသည် ကုသမှုကို တုံ့ပြန်မှုမရှိခြင်း (ဆေးယဉ်ခြင်း) သို့မဟုတ် ရောဂါပြန်လည်ဖြစ်ပွားခြင်း (ပြန်လည်ပေါ်ပေါက်လာခြင်း) ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းကို ရည်ညွှန်းပါသည်။ ပြန်လည်ဖြစ်ပွားသော သို့မဟုတ် ဆေးမတိုးတော့သော ALL အတွက် ရွေးချယ်စရာ ကုသမှုများရှိပါသည်။
အန္တရာယ်ရှိနိုင်ခြေအဆင့်အုပ်စုများတွင် အနိမ့်၊ ပုံမှန်၊ အမြင့်နှင့် အလွန်မြင့်သောအဆင့် ဟူ၍ ပါဝင်ပါသည်။
ကီမိုဆေးသွင်းကုထုံးနည်းလမ်းနှင့် ဆေးအမျိုးအစားများသည် ကလေး၏ အန္တရာယ်ရှိနိုင်သည့် အုပ်စုပေါ် မူတည်သည်။ ဥပမာအားဖြင့် အန္တရာယ်မြင့်မားသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ယေဘုယျအားဖြင့် ကင်ဆာတိုက်ဖျက်သည့် ဆေးဝါးများ နှင့်/သို့မဟုတ် ALL အန္တရာယ်နည်းသည့်ကလေးများထက် မြင့်မားသော ဆေးပမာဏများကို ရရှိကြသည်။
အန္တရာယ်ရှိသောအုပ်စုများကို အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်-
ကင်ဆာဆဲလ်ကျန်မှုရောဂါ (MRD) ဆိုသည်မှာ ရိုးတွင်းခြင်ဆီအတွင်းတွင် သွေးကင်ဆာဆဲလ်အလွန်နည်းစွာရှိသည့် အတွက်ကြောင့်၊ ၎င်းဆဲလ်များအား အဏုကြည့်မှန်ပြောင်းတစ်ခုသုံး၍ မရှာဖွေ နိုင်သည့်အခါ သုံးသော ဝေါဟာရတစ်ခုဖြစ်သည်။
အလွန်အာရုံခံနိုင်စွမ်းမြင့်မားသော စစ်ဆေးမှုများသည် ရိုးတွင်းခြင်ဆီအတွင်းရှိ ပုံမှန်ဆဲလ်အရေအတွက်10,000 မှ 1 သန်းအတွင်းရှိသည့် သွေးကင်ဆာဆဲလ် 1 ခုကို တွေ့ရှိနိုင်သည်။
အစပျိုးကုထုံးပြုလုပ်ပြီးနောက်ပိုင်း MRD ပေါ့စတစ်ဖြစ်ထားသည့် (10,000 တွင် ဆဲလ် 1 လုံးထက်ပို) ကလေးများသည် ရောဂါပြန်ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ MRD တိုင်းတာမှုများ၏ အချိန်သတ်မှတ်ချက်သည် စင်တာအပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။
ဘေးထွက်ဆိုးကျိုးများကို ကို ခန့်မှန်းရန် ခက်ခဲပါသည်။ ၎င်းတို့သည် ဆေးဝါးနှင့် လူနာက ၎င်းဆေးဝါးအား မည်သို့ တုံ့ပြန်သည်ဆိုသည့်အပေါ် မူတည်သည်။ လူအမျိုးမျိုးတွင် ဆေးဝါးတစ်မျိုးတည်းကို မတူသည့် တုံ့ပြန်မှုများရှိနိုင်သည်။
ဘေးထွက်ဆိုးကျိုးများသည် ALL ကုသမှု၏ အဆင့်တိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ ကုသမှု၏ ပထမရက်သတ္တပတ်များသည် အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးများ ထွက်လာနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးများအတွက် ကုသမှုများရှိပါသည်။
ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်နိုင်သည်-
အမေရိကန် ပြည်ထောင်စုရှိ ALL ရှိနေသော ကလေးများ၏ 98% ခန့်သည် ကုသမှု စတင်ခံယူပြီး ရက်သတ္တပတ်အတွင်း ရောဂါ သက်သာသွားကြပါသည်။
အမေရိကန် ပြည်ထောင်စုရှိ ALL ရှိနေသော ကလေး 90% အထက်သည် ပျောက်ကင်းနိုင်ပါသည်။ လူနာများသည် ရောဂါသက်သာပြီး 5 နှစ်ခန့်အကြာတွင် ပျောက်ကင်းသွားပြီဟု သတ်မှတ်ကြပါသည်။
အန္တရာယ်ပေးမှုနည်းသောအုပ်စုများရှိ ALL ဖြစ်နေသော လူနာများ၏ အသက်ရှင်နိုင်နှုန်းသည် 95% အထက်တွင် ရှိနိုင်ပါသည်။
အကယ်၍ လူနာများသည် ကုသမှုကို မတုံ့ပြန်သော (တုံ့ပြန်မှုမရှိသော) ALL ရှိနေပါက သို့မဟုတ် ကုသမှုခံယူပြီး နောက် ပြန်ဖြစ်လာပါက (ရောဂါပြန်ပေါ်ခြင်း)၊ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ကုသမှု ရွေးချယ်စရာများကို ဆွေးနွေးပေးပါမည်။
လူနာများအနေဖြင့် ကုသမှုပြုလုပ်စဉ် ကျောင်းသင်ခန်းစာအချို့ ပျက်ကွက်မှုရှိနိုင်သည်။ သို့ရာတွင် ကုသမှုစင်တာ၊ ကျောင်း၊ မိဘများနှင့် ကျောင်းသားများက ကျောင်းသားအတွက် ကျောင်းသင်ခန်းစာများကို အတတ်နိုင်ဆုံး လိုက်မီစေရန် ပူးပေါင်းလုပ်ဆောင်နိုင်သည်။
အချို့သော ALL လူနာများတွင် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများရှိနိုင်သည်။ နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများ သည် ကုသမှု ပြီးဆုံးသည့်နောက် လများ သို့မဟုတ် နှစ်များ ကြာပြီးသည့်နောက် ဖြစ်ပေါ်သော ကျန်းမာရေးပြဿနာဖြစ်ပါသည်။
ကင်ဆာလူနာများသည် ကင်ဆာကုသမှု ပြီးဆုံးပြီးနောက် ၎င်းတို့၏ ကုသရေးစင်တာ စောင့်ရှောက်မှုအဖွဲ့ နှင့်/ သို့မဟုတ် အခြေခံစောင့်ရှောက်မှုပံ့ပိုးသူနှင့် ဆက်လက်လိုက်နာကြည့်ရှုသင့်သည်။ နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကုသနိုင်သလို အချို့အခြေအနေများတွင် ကာကွယ်တားဆီးပေးနိုင်သည်။
မတူညီသည့် ကုသမှုများတွင် မတူညီသည့် နောင်တွင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများရှိနိုင်သည်။ လူနာအားလုံးသည် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကြုံတွေ့ရမည်မဟုတ်ပါ။ ကုသမှုတစ်မျိုးတည်းရှိသည့် လူနာများသည် မတူညီသော နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကြုံတွေ့ရနိုင်သည်။
ALL လူနာများသည် အောက်ပါတို့အတွက် အန္တရာယ်ရှိနိုင်သည်-
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- ဩဂုတ်လ 2024 ခုနှစ်
ကင်ဆာဆေးသွင်းကုသခြင်းသည် ဆဲလ်များပွားနေစဉ်အတွင်း နှောင့်ယှက်ခြင်းဖြင့် အလုပ်လုပ်သည့် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာရောဂါကို ကုသပါသည်။ ကင်ဆာဆေးအကြောင်းနှင့် ၎င်းအတွက် သင့်ကလေးအား မည်သို့ပြင်ဆင်ပေးရမည်ကို ပိုမိုလေ့လာပါ။
ကင်ဆာရောဂါ (Cancer)သည် ပုံမှန်မဟုတ်သော ဆဲလ်များတိုးပွားကြီးထွားလာသည့် ရောဂါဖြစ်သည်။ ကင်ဆာရောဂါ (Cancer) တွင် ဆဲလ်များတိုးပွားကြီးထွားလာခြင်းကို ထိန်းချုပ်သော အချက်ပြမှုများသည် မှန်ကန်စွာ အလုပ်မလုပ်ပါ။ ကင်ဆာရောဂါ (Cancer) ကြီးထွားလာပုံနှင့် ပျံ့နှံ့ပုံတို့ကို လေ့လာပါ။