မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL)
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ ဆိုတာ ဘာလဲ။
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်သည်။ ရိုးတွင်းခြင်ဆီ ၎င်းသည် ကလေးဘဝတွင် ဖြစ်ပွားသော ကင်ဆာများထဲတွင် အများဆုံး တွေ့ရသော အမျိုးအစားဖြစ်သည်။
သွေးကင်ဆာတွင် ကင်ဆာဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်း လျင်မြန်စွာ ပေါက်ဖွားလာကြသည်။ ထိုသို့ဖြစ်ပွားသည့်အခါ ကျန်းမာနေသည့် သွေးဆဲလ်များဖြစ်သည့် သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များနှင့် သွေးဥမွှားဆဲလ်များသည် ၎င်းတို့ လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်မရနိုင်ပါ။
ALL သည် ပြန်ရည်ဆဲလ်များ (lymphocytes ) ဟုခေါ်သော သွေးဆဲလ်များကို တိုက်ခိုက်သည်။ ဤဆဲလ်များသည် ရောဂါပိုးကူးစက်ခြင်း ကိုတိုက်ခိုက်ပြီး၊ ခန္ဓာကိုယ်ကို ရောဂါများမှ ကာကွယ်ရန်ကူညီပေးသည်။
အဓိက ပြန်ရည်ဆဲလ်အမျိုးအစား 2 မျိုး ရှိသည်- B ပြန်ရည်ဆဲလ်များ နှင့် T ပြန်ရည်ဆဲလ်များ ALL သွေးကင်ဆာသည် lymphocyte အမျိုးအစား နှစ်မျိုးစလုံးမှ စတင်ဖြစ်ပွားနိုင်ပါသည်။ ALL သွေးကင်ဆာအမျိုးအစားများကို B cell ALL သို့မဟုတ် T cell ALL ဟူ၍ ခွဲခြားသိရှိနိုင်ပါသည်။ B cell ALL က ပိုအဖြစ် များပါသည်။
အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ကလေးသူငယ်နှင့် ဆယ်ကျော်သက် 3,000 ခန့် တွင် ALL ဖြစ်ပွားလျက်ရှိပါသည်။
ALL သည် အသက် 2 နှစ်မှ 5 နှစ်အထိ ကလေးသူငယ်များတွင် မကြာမကြာ တွေ့ရှိရသည်။ ၎င်းကို အသက်ကြီးပိုင်းကလေးများနှင့် ဆယ်ကျော်သက်များတွင်လည်း တွေ့ရှိရတတ်သည်။
မွေးကင်းစ ကလေးများတွင် ALL ဖြစ်နိုင်ခြေ ရှားပါးသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် အသက် 1 နှစ်အောက် ကလေးငယ်များ၌ ALL သွေးကင်ဆာဖြစ်ပွားမှုနှုန်း အယောက် 90 ခန့် ရှိပါသည်။
ALL အတွက် အသုံးအများဆုံးကုသမှုမှာ ကီမိုကုထုံး ဖြစ်သည်။ ယင်းရောဂါ၏ ယေဘုယျ ရောဂါပျောက်ကင်းနိုင်ခြေနှုန်းမှာ 90% ခန့် ရှိပါသည်။
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ၏ ရောဂါလက္ခဏာများ
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာဆိုသည်မှာ ရောဂါလက္ခဏာများကို လျင်မြန်စွာ ပိုဆိုးလာခြင်းဖြစ်သည်။ ကလေးများသည် ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှုကို ချက်ချင်း လိုအပ်လာနိုင်ပါသည်။
ALL သွေးကင်ဆာရဲ့ အဖြစ်အများဆုံး လက္ခဏာများနှင့် ဝေဒနာများမှာ-
နံရိုးအောက်တွင် နာကျင်ခြင်း သို့မဟုတ် ပြည့်အောင့်နေခြင်း (အသည်း သို့မဟုတ် သရက်ရွက် ကြီးလာခြင်း) လည်ပင်း၊ လက်မောင်းအောက်၊ အစာအိမ် သို့မဟုတ် ပေါင်ခြံရှိ အဖုအကျိတ်များ ဖျားခြင်း နုံးခွေခြင်း အလွယ်တကူ အညိုအမည်းစွဲခြင်းနှင့် ရပ်ရန်ခက်သော သွေးထွက်ခြင်း အရေပြား ဖြူဖျော့ခြင်း အရိုး သို့ အဆစ်အမြစ် နာကျင်ခြင်း မကြာခဏ ရောဂါ ကူးစက်ခြင်း အရေပြားပေါ်တွင် သေးသော၊ ပြားချပ်ချပ်ဖြစ်သော၊ အနီရင့်ရောင် အစက်အပြောက်များဖြစ်ခြင်း (Petechiae) ခံတွင်းပျက်ခြင်း
အသက်ရှူမဝခြင်း
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ (acute lymphoblastic leukemia) ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသော အချက်များ
ALL ဖြစ်ပွားမှုအများစုတွင် သိရှိထားသော ဖြစ်စေသည့်အကြောင်းရင်း မရှိပါ။
အချို့သော မျိုးရိုးလိုက်သည့် ရောဂါလက္ခဏာစု သည် ALL ပိုဖြစ်နိုင်သည့် အန္တရာယ်နှင့် ဆက်နွယ်မှုရှိသည်-
မွေးရာပါ ကလေး ဉာဏ်ရည် မပြည့်သည့် ရောဂါ ဒေါင်းဆင်ဒရုမ်း (Down syndrome) နျူရိုဖိုင်ဘရိုမတိုစစ် အမျိုးအစား 1 (Neurofibromatosis type 1) ဘလွန်း (Bloom) ရောဂါလက္ခဏာစု (မျိုးရိုးဗီဇငုပ်မှုမှ အရပ်ပု၊ နေရောင်လောင်အရေပြားအပိန့် များဖြစ်စေသည့်ရောဂါ) မျိုးရိုးဗီဇငုပ်မှုမှ အာရုံကြောစနစ်၊ ခုခံအားစနစ်နှင့် အခြားခန္ဓာကိုယ်စနစ်များကို ထိခိုက်သည့်ရောဂါ (Ataxia-telangiectasia) မျိုးရိုးလိုက်ကင်ဆာရောဂါ လီဖရောင်မန်နီ ရောဂါလက္ခဏာ (Li-Fraumeni syndrome) အချို့သောပုံစံများ ဖန်ကိုနီ သွေးအားနည်းရောဂါ (Fanconi anemia) မွေးရာပါ mismatch repair ချို့ယွင်းမှု (Constitutional mismatch repair deficiency) Diamond-Blackfan သွေးအားနည်းခြင်းမျိုးရိုးလိုက်သည့် PAX5 ရောဂါလက္ခဏာစု မျိုးရိုးလိုက် ETV6 ရောဂါ လက္ခဏာစု မျိုးရိုးလိုက် SH2B3 ရောဂါလက္ခဏာစု
ပြင်းထန်သော လင်ဖိုဘလက်စတစ် သွေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်ခြင်း
ဆရာဝန်များသည် အောက်ပါအချက်များ ပြုလုပ်ပြီးနောက် သွေးကင်ဆာ ဖြစ်နိုင်ခြေရှိသည်ဟု သံသယရှိနိုင်ပါသည်-
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း ပြုလုပ်ခြင်း ကျန်းမာရေး ရောဂါရာဇဝင်ကို မေးမြန်းမှတ်တမ်းတင်ခြင်း သွေးစစ်ချက် အဖြေများကို ကြည့်ရှုစစ်ဆေးခြင်း
သွေးကင်ဆာဖြစ်နေသော ကလေးများတွင် များသောအားဖြင့် ၎င်းတို့၏ သွေးထဲတွင် သွေးဖြူဥဆဲလ် ပမာဏ များသည်။
ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးမှုနှင့် ကျန်းမာရေး မှတ်တမ်း
စစ်ဆေးမှုနှင့် မှတ်တမ်းပြုလုပ်စဉ် စောင့်ရှောက်မှုပံ့ပိုးသူက အောက်ပါတို့ကို ပြုလုပ်ပါမည်-
အဖုအကျိတ်များ သို့မဟုတ် ပုံမှန်မဟုတ်သည့် လက္ခဏာများအပါအဝင် အထွေထွေ ကျန်းမာရေး လက္ခဏာများအား စစ်ဆေးခြင်း။ မျက်စိများ၊ ပါးစပ်၊ အရေပြားနှင့် နားများကို စစ်ဆေးခြင်း။ စောင့်ရှောက်မှုပံ့ပိုးသူသည် သရက်ရွက်ကြီးနေခြင်း သို့မဟုတ် အသည်းကြီးနေခြင်း၏ လက္ခဏာများကို စစ်ဆေးရန် ဗိုက်ကို ကိုင်တွယ်စမ်းသပ်မည်။ ယောက်ျားလေးများတွင် စောင့်ရှောက်မှုပံ့ပိုးသူသည် အောက်ပါတို့ကိုလည်း စစ်ဆေးနိုင်သည်- ဝှေးစေ့ . မိဘများ၊ မွေးချင်းမောင်နှမများနှင့် ဘိုးဘွားများကဲ့သို့ ဆွေမျိုးများတွင် ရှိပြီးသားဖြစ်နိုင်သည့် နာမကျန်းဖြစ်မှုများအကြောင်းကို မေးမြန်းခြင်း အပါအဝင် အခြား ကျန်းမာရေး အခြေအနေများအကြောင်း မေးမြန်းခြင်း စောင့်ရှောက်မှုပံ့ပိုးသူသည် ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကို တိုးလာစေသည့် မျိုးရိုးလိုက်သည့် အခြေအနေများ ကို ရှာဖွေလျက်ရှိပါသည်။
သွေးနှင့် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများ လုပ်ဆောင်ခြင်း
ALL ကို ရောဂါရှာဖွေအတည်ပြုရန် သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းတို့ကို ပြုလုပ်ကြရသည်။
စောင့်ရှောက်မှုပံ့ပိုးသူမှ စစ်ဆေးမှုပြုလုပ်ရန် သွေးဖောက်ယူမည်။ ဤစမ်းသပ်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်-
သွေးဥဆဲလ်အရေအတွက် အပြည့်အစုံ – ဤစစ်ဆေးမှုသည် သွေးဥဆဲလ်အမျိုးအစား အမျိုးမျိုး၏ အရေအတွက်ကို စစ်ဆေးကြည့်ရှုခြင်းဖြစ်သည်။ ALL တွင် သွေးဖြူဥဆဲလ်များ၏ အရေအတွက် အလွန်အမင်း မြင့်တက်မှု ရှိနေနိုင်ပါသည်။ ထိုဆဲလ်အများစုသည် ကင်ဆာဆဲလ်များ ဖြစ်ပါလိမ့်မည်။သွေးတွင်းရှိ ဓာတုပစ္စည်းများကို လေ့လာခြင်းများ – ဤစစ်ဆေးမှုတွင် သွေးတွင်းရှိ ဓာတုပစ္စည်းအချို့၏ အရေအတွက်ကို စစ်ဆေးခြင်းဖြစ်သည်။ (ပုံမှန်ထက် မြင့်နေသည့် သို့မဟုတ် နိမ့်နေသည့်) ပုံမှန်မဟုတ်သည့် အဆင့်သည် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။အသည်း လုပ်ဆောင်ချက် စစ်ဆေးမှုများ သွေးခဲမှုနှင့်ဆိုင်သည့် စစ်ဆေးမှု – ဤစစ်ဆေးမှုသည် သွေး၏ သွေးခဲနိုင်မှုကို တိုင်းတာခြင်းဖြစ်သည်။
ALL သွေးကင်ဆာဟု အတည်ပြုပြီးနောက် ပြုလုပ်ရမည့် စစ်ဆေးမှုများ
အကယ်၍ သွေးကင်ဆာရှိကြောင်း တွေ့ရှိရပါက ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ နောက်ထပ် လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
၎င်းတွင် လူခီးမီးယား (leukemia) တွင် ပါဝင်နေသည့် သီးသန့် ဗီဇ၊ ပရိုတိန်းနှင့် အခြား အချက်များကို ဖော်ထုတ်ရန်အတွက် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ပါဝင်ပါသည်။
၎င်းသည် အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် ဆဲလ်၏မျိုးရိုးဗီဇများတွင် မှားယွင်းမှုများ (သန္ဓေပြောင်းခြင်းများ) က ဖြစ်စေသောကြောင့်ဖြစ်သည်။ ယင်းအမှားအယွင်းများကို ခွဲခြားသတ်မှတ်ခြင်းက လူခီးမီးယား သီးခြားမျိုးကွဲများကို ရောဂါအမည်တပ်ရာတွင် ကူညီပါသည်။
ဆရာဝန်များသည် သင့်ကလေး၏အခြေအနေနှင့်ကိုက်ညီသော ကုသမှုရွေးချယ်စရာများကို ရွေးချယ်ရန် ဤအသေးစိတ်အချက်အလက်များကို အသုံးပြုပါသည်။
စောင့်ရှောက်မှုအဖွဲ့သည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများတွင် ကင်ဆာ ရှိ၊ မရှိ သိရှိနိုင်ရန် စစ်ဆေးမှုများကိုလည်း ပြုလုပ်မည်။
ခါးပိုင်းဖောက်၍ ကျောရိုးမကြီးှ အရည်ကို ထုတ်ယူ စစ်ဆေးခြင်း
ခါးဆစ်ရိုးထဲမှ အရည်ထုတ်ယူစစ်ဆေးခြင်း သည် ရောဂါက ဦးနှောက်နှင့် ကျောရိုးမကြီးဆီသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိကို ပြသပေးမည် ဖြစ်သည်။ ဤစစ်ဆေးမှုကို LP သို့မဟုတ် ကျောရိုးဖောက်ထုတ်သည့် လုပ်ငန်းစဥ်ဟုလည်း ခေါ်ပါသည်။
လူနာများအနေဖြင့် ၎င်းကို ပြုလုပ်သည့် တစ်ပြိုင်နက်တည်းတွင် ကီမိုကုထုံးကို ရရှိနိုင်သည်။ ၎င်းကို ပရိုပိုင်လက်တစ် အင်ထရီရာသီကယ်လ် ကုထုံးဟုခေါ်သည် ။ ALL အား ဆယ်ရီဘရိုစပိုင်နယ်လ် အရည်သို့ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ပေးထားခြင်း ဖြစ်သည် ကျောရိုးမကြီးထဲရှိ အာရုံကြောအရည်ကြည် .
ရင်ဘတ် ဓာတ်မှန်
ရင်ဘတ်ကို ရိုက်ကူးသည့် ရင်ဘတ် ဓာတ်မှန် မှ လူခီးမီးယားဆဲလ်များက ရင်ဘတ်၏ အလယ်တွင် အစိုင်အခဲတစ်ခုအဖြစ် ဖြစ်စေခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ပြသပေးသည်။
အခြား ပုံရိပ်ဖမ်း စစ်ဆေးမှုများနှင့် ဓာတ်ခွဲခန်း စစ်ဆေးမှုများ
လူနာတွင် အချို့ လက္ခဏာများနှင့် ရောဂါလက္ခဏာများရှိပါက အခြားသော ပုံရိပ်ဖမ်းလေ့လာမှုများ နှင့် ဓာတ်ခွဲခန်း စစ်ဆေးမှုများ အား ပြုလုပ်နိုင်သည်။
ကလေးရယူနိုင်သော အရွယ်ရောက်သည့် အမျိုးသမီး လူနာများသည် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးခြင်းကို ပြုလုပ်ရနိုင်သည်။
အမျိုးသားလူနာတစ်ဦးတွင် ဝှေးစေ့အတွင်းသို့ ကူးစက်ပျံ့နှံ့မှု ရှိ၊ မရှိ စစ်ဆေးရန် အာထရာဆောင်းရိုက်နိုင်သည်။ ၎င်းမှာ ALL အတွက် ရှားပါးပြီး ဖြစ်ခဲပါသည်။ ၎င်းသည် အမျိုးသားများတွင် 1–2% ခန့် ဖြစ်ပွားလေ့ရှိသည်။
သန္ဓေသားအောင်ခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးအကြံပေးခြင်း
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် သင်နှင့်/ သို့မဟုတ် သင့်ကလေးနှင့် မွေးဖွားနိုင်ခြေကို ဆွေးနွေးနိုင်ပါသည်။ အမျိုးသားများ နှင့် အမျိုးသမီးများ အတွက် ရွေးချယ်စရာများအကြောင်း ပိုမိုဖတ်ရှုပါ။
လွန်ခဲ့သော
နောက်တစ်ခု
( / 5 )
ရက်သတ္တပတ် 1
ဆရာဝန်က ကုသမှုကို ကူညီစီစဉ်ရန်အတွက် အချက်အလက် စုဆောင်းပါသည်။
ကုသမှု မစတင်မီ
လူနာသည် ကီမိုကုထုံး၊ အရည်များနှင့် သွေးနမူနာများ ပို့ဆောင်ရန်အတွက် အရေပြားအောက်ဆေးသွင်းပေါက် သို့မဟုတ် အခြား သွေးပြန်ကြောအတွင်းဆေးသွင်းကိရိယာ ကို ရယူရန်အတွက် ခွဲစိတ်မှုကို ပြုလုပ်ရနိုင်သည်။
နောက်ထပ် 4-6 ပတ်
အစပျိုးခြင်းအဆင့်၏ ရည်ရွယ်ချက်မှာ သွေးအတွင်းနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ လူခီးမီးယားဆဲလ်များကို ဖျက်ဆီး၍ ရောဂါကို သက်သာငြိမ်သက်သည့်အဆင့်သို့ ယူဆောင်ရန်ဖြစ်သည်။ ဤအဆင့်သည် ပြင်းထန်သည့်အတွက် ဆေးရုံတက်ရန် လိုအပ်နိုင်ပါသည်။
ဗဟိုအာရုံကြောစနစ် (CNS) ကာကွယ်ခြင်းကုထုံးကို အာရုံကြော ကျောရိုး အရည်အတွင်းရှိ သွေးကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်အတွက် ပေးနိုင်သည်။
ဆရာဝန်များသည် နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို စီစဉ်ရန် အချက်များစွာကို ကြည့်ရှုလိမ့်မည်-
ဆရာဝန်များသည် လူနာ၏ အသက်အရွယ်နှင့် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေရှိသော အန္တရာယ်ဖြစ်စေသည့် အချက်များထဲမှ တစ်ခုဖြစ်သည့် သွေးဖြူဥအရေအတွက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ရောဂါစတင်သက်သာစေရန် ကုသသည့်အဆင့် ပြီးဆုံးသောအခါ ဆရာဝန်သည် မျိုးရိုးဗီဇစစ်ဆေးမှု၏ ရလဒ်များကို သိရှိရမည် ဖြစ်သည်။ ၎င်းသည် ရောဂါပြန်ဖြစ်နိုင်ခြေ အန္တရာယ်ကို ဆုံးဖြတ်ရန် အခြားအရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ အနည်းဆုံးလက်ကျန်ရောဂါ (MRD)ကို တိုင်းတာရန်အတွက် ကလေးကုသရေးစင်တာ အတော်များများက တုံ့ပြန်မှုမြင့်သည့် စစ်ဆေးစမ်းသပ်မှုများကို အသုံးပြုကြသည်။ အပေါင်းလက္ခဏာပြသည့် MRD က အန္တရာယ်မြင့်မားမှု နှင့် ပိုမိုပြင်းထန်သောကုထုံးလိုအပ်မှုရှိသည်ဟု ဆိုလိုပါသည်။ ဆရာဝန်များသည် ပင်မဆဲလ် အစားထိုးကုသမှု (ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ) လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပါလိမ့်မည်။
ဖီလာဒယ်ဖီးယား ခရိုမိုဆုန်း အပေါင်းလက္ခဏာပြသော ALL ရှိသည့် လူနာများသည် ဤအဆင့်တွင် အိုင်မေတီနစ်ဘ် (Imatinib)၊ ဒါဆာတီနစ်ဘ် (dasatinib) သို့မဟုတ် ပိုနာတီနစ် (ponatinib) ကို ရနိုင်သည်။
နောက်ထပ် 8-16 ပတ်
တည်ငြိမ်အောင်ပြုလုပ်ခြင်း/ပြင်းထန်မြှင့်တင်ခြင်း အဆင့်
ဤအဆင့်တွင် ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန် ဆေးဝါးအမျိုးအစားများကို ပေါင်းစပ်ပြီး ကွဲပြားစွာ အသုံးပြုပါသည်။ ၎င်းအတွက် ဆေးရုံတက်နေရန် လိုအပ်နိုင်သည်။
ဆေးဝါးများအကြောင်း နောက်ထပ် လေ့လာရန်
နောက်ထပ် 2-3 နှစ်
ထိန်းသိမ်းခြင်း/ ဆက်လက်လုပ်ဆောင်သည့် အဆင့်
သွေးကင်ဆာသည် ဆက်လက်သက်သာငြိမ်သက်နေပါက ထိန်းသိမ်းကုသမှုအဆင့်ကို စတင်နိုင်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ပထမအဆင့် 2 ဆင့်ပြီးနောက် ကျန်ရှိနေနိုင်သည့် မည်သည့် သွေးကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
လူနာများသည် အပတ်စဉ် ကီမိုဆေးသွင်းကုထုံးနှင့် သွေးစစ်ဆေးမှုများနှင့်အတူ ပြန်လည်အစပျိုးခြင်းဟု ခေါ်သော ဆေးချိန်အမြင့် ကီမိုဆေးသွင်းကုထုံး၏ အချိန်ကာလများကို ခံယူနိုင်ခြေ များသည်။
ဤအဆင့်၏ပထမ 6-9 လသည် များသောအားဖြင့် ပြင်းထန်သည်။ 6-9 လ နောက်ပိုင်းတွင် လူနာများသည် ကျောင်းသို့ မကြာခဏ ပြန်တက်ခွင့်ရှိပါသည်။
ထပ်လာပြရမည့် အချိန်ဇယား
ပထမနှစ်
လူနာသည် 1-4 လတိုင်း တစ်ကြိမ် ပြန်လာရမည်။
ယင်းသို့လာပြသည့်အခါတွင် ပါဝင်သည်များမှာ-
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနှင့် ဆေးကုသမှုမှတ်တမ်း သွေးစစ်ဆေးမှုများနှင့် အခြားဓာတ်ခွဲခန်းစမ်းသပ်မှုများ
ဒုတိယနှစ်
ပြန်လာပြရမည့် အကြိမ်ရေများမှာ 6 လတစ်ကြိမ် ပြောင်းလဲတတ်ပါသည်။
တတိယနှစ်မှ ပဉ္စမနှစ်အထိ
ပြန်လာပြရမည့် အကြိမ်ရေများမှာ တစ်နှစ်လျှင် တစ်ကြိမ် ပြောင်းလဲတတ်ပါသည်။
ပြင်းထန်သော လင်ဖိုဘလတ်စတစ် သွေးကင်ဆာ (Acute Lymphoblastic Leukemia) ကုသမှု
ပင်မသွေးပြန်ကြောသွင်း ကိရိယာ
လူနာများသည် ပင်မသွေးပြန်ကြောအတွင်း အရေပြားအောက်မှ သွင်းထားသည့် ဆေးသွင်းကိရိယာ တစ်ခုကို ရရှိရန် ခွဲစိတ်ကုသသည့် လုပ်ငန်းစဉ်တစ်ခု လုပ်ဆောင်ရမည်။ ဤကိရိယာသည် ဆေးထိုးအပ်အသုံးပြုရန် လိုအပ်ချက်ကို လျော့ကျစေသည်။ ၎င်းသည် လူနာများအား ဓာတ်ခွဲစစ်ဆေးမှုများအတွက် သွေးထုတ်ယူရန်နှင့် သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း (IV ) ဆေးဝါးများ၊ အရည်များ၊ သွေးထွက်ကုန်များနှင့် အာဟာရဓာတ်များကို ရရှိရန် ခွင့်ပြုပေးသည်။
ဓာတုကုထုံး
ကီမိုဆေးသွင်းခြင်းကုထုံး သည် ကလေးသူငယ်ဘဝတွင်ဖြစ်သည့် ALL ၏ အဓိက ကုထုံးဖြစ်သည်။ ၎င်းတွင် ဆေးဝါးများစွာပါဝင်ပြီး ပြီးမြောက်ရန် 2-3 နှစ်ကြာသည်။ ၎င်းကို အဆင့် 3 ဆင့် ခွဲခြားထားသည်။
1. အစပျိုးခြင်း
2. ပေါင်းစပ်အသုံးပြုခြင်း/ အပြင်းအထန်လုပ်ဆောင်ခြင်း
3. ပြုပြင်ထိန်းသိမ်းခြင်း/ စဉ်ဆက်မပြတ်ပြုလုပ်ခြင်း
ဤအဆင့်၏ ရည်ရွယ်ချက်မှာ ကျန်ရှိနေသော ဆဲလ်များကို သတ်ပစ်ရန်နှင့် သွေးကင်ဆာ ပြန်လည်ဖြစ်ပွားစေနိုင်သည့် ဆဲလ်များကို သတ်ပစ်ရန်ဖြစ်သည်။ ဤအပိုင်းသည် လပေါင်းများစွာ ကြာနိုင်သည်။
ဆေးဝါးများတွင် ဆိုက်ကလိုဖော့စ်ဖမိုက် (cyclophosphamide)၊ ဆိုက်တာရာဘင်း (cytarabine)၊ 6-မာကက်ပတိုပြူရင်း (6-MP)၊ သီအိုဂွာနင်း (thioguanine)၊ ဗင်းခရစ္စတင်း (vincristine) ၊ ကော်တီကိုစတီးရွိုက်များ (corticosteroids)နှင့် ကာလတ်စ်ပါဂေစ် (caraspargase)တို့ ပါဝင်နိုင်သည်။လူကိုဗိုရင်(leucovorin) ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မီသိုထရက်ဇိတ် (Methotrexate) ဆေးကိုလည်း ပေးနိုင်ပါသည်။
ဤအဆင့်ရဲ့ ရည်ရွယ်ချက်မှာ ပထမအဆင့် 2 ဆင့်မှ ကာကွယ်လွတ်မြောက်ပြီး ကျန်ရှိနေနိုင်သည့် ကင်ဆာဆဲလ်များကို သတ်ပစ်ရန် ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရေးသည် 2 နှစ်မှ 3 နှစ်အထိ ကြာမြင့်နိုင်သည်။
၎င်းတွင် 6-မာကာတော်ပရင်း (6-MP) ကို နေ့စဉ်သောက်သုံးမှု၊ Methotrexate (မက်သိုထရီစိတ်)ကို အပတ်စဉ်သောက်သုံးမှုနှင့် Vincristine (ဗင်ခရီစတင်း)၊ Corticosteroid (ကော်တီကိုစတီးရွိုက်) သောက်သုံးမှုတို့ ပါဝင်နိုင်သည်။
အန္တရာယ်မြင့်မားသည့် လူနာများတွင် Doxorubicin (ဒိုဇိုရူဘင်ဇင်း) ကဲ့သို့ Anthracycline (အန်သရာဆိုက်ကလင်း) ဆေးဝါးများသာမက Cyclophosphamide (ဆိုက်ကလိုဖော့စဖာမိုက်ဒ်) နှင့် Cytarabine (ဆိုက်တရာဘိုင်း) ဆေးဝါးများလည်း ပေးနိုင်သည်။
ကနဦးကုသမှုပြီးနောက် လူနာများကို ပုံမှန်အားဖြင့် ပြင်ပလူနာအဖြစ် ပြုစုစောင့်ရှောက်ပေးသည်။ သို့ရာတွင် လူနာသည် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် အကြိမ်များလည်း ရှိနိုင်သည်။
ALL ကို အမေရိကန်ပြည်ထောင်စုရှိ ကင်ဆာစင်တာများနှင့် ဆေးရုံများစွာမှ ကုသပေးသည်။ သီးသန့် ဆေးဝါး၊ ဆေးပမာဏ၊ နှင့် ပို့ဆောင်မည့် အစီအစဉ်အလိုက် ကွဲလွဲနေနိုင်ပါသည်။ သို့ရာတွင် ကုသမှု၏ အခြေခံစည်းမျဉ်းများမှာ တူညီသည်။
ကုသမှုအစီအစဉ်သည် လူနာ၏ စစ်ဆေးတွေ့ရှိထားသော စစ်ဆေးမှုများ၏ ရလာဒ်များအပေါ် မူတည်မည်ဖြစ်သည်။ အချို့သောအခြေအနေများတွင် ဆရာဝန်များသည် ပစ်မှတ်ထားကုထုံး (targeted therapy)၊ ကိုယ်ခံအားစနစ်သုံး ကုထုံး (immunotherapy) ၊ သို့မဟုတ် ပင်မဆဲလ် အစားထိုးကုသမှု (ရိုးတွင်းခြင်ဆီ အစားထိုးခြင်း) ကဲ့သို့သော အခြားကုသမှုဆိုင်ရာ ရွေးချယ်စရာလမ်းများကို အကြံပြုနိုင်သည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာအတွက် ပစ်မှတ်ထားကုထုံး
ပစ်မှတ်ထားကုထုံးများ သည် အကျိတ်ဆဲလ်များ၏ ရောဂါသွင်ပြင်များကို ချေမှုန်းခြင်း သို့မဟုတ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အလုပ်လုပ်သည်။ အချို့သောအကျိတ်များတွင် ဆဲလ်ကြီးထွားမှုနှင့် ဆဲလ်၏လုပ်ဆောင်ချက်အတွက် အရေးပါသည့် ပရိုတိန်းကို ထိန်းချုပ်ပေးသည့် မျိုးဗီဇပြောင်းလဲမှုများရှိသည်။
အချို့သော ကင်ဆာဆဲလ်အမျိုးအစားများကို ကြီးထွားစေသည့် အချက်ပြလှိုင်းများကို ပိတ်ဆို့တားဆီးနိုင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆေးဝါးများကို စမ်းသပ်စစ်ဆေးလျက် ရှိကြသည်။
ပစ်မှတ်ထားကုထုံးဆေးဝါးများ အိုင်မေတီနစ်ဘ် (Imatinib )၊ ဒါဆာတီနစ်ဘ် (Dasatinib) နှင့် ပိုနာတီနစ် (ponatinib) တို့သည် Philadelphia ခရိုမိုဆုန်းတွေ့ရှိထားသည့် ALL နှင့် Philadelphia နှင့်ဆင်တူသော ALL ကို ကုသရာတွင် ထိရောက်မှုရှိကြောင်း ဖော်ပြထားသည်။
ဗင်နက်တိုကလပ်စ ဟုခေါ်သော ဆေးဝါးတစ်မျိုးကို ALL ကုသရန် အသုံးပြုနိုင်ပါသည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ အတွက် ကိုယ်ခံအားစနစ်သုံး ကုထုံး
ကိုယ်ခံအားစနစ်သုံး ကုထုံး သည် ကင်ဆာကို တိုက်ဖျက်ရန် ခုခံအားစနစ်ကို အသုံးပြုသော ကင်ဆာကုသမှုအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များ ရှာဖွေပြီး သတ်ပစ်နိုင်အောင် ကူညီပေးသည်။
ကိုယ်ခံအားစနစ်သုံး ကုထုံးတွင် မိုနိုကလိုနယ် ပဋိပစ္စည်း ဗလီနာတူမိုမတ် (blinatumomab) ၊ အီနိုတူဇူးမတ် အိုဇိုဂါမီဆင် (inotuzumab ozogamicin) နှင့် ရီတူဆီမတ် (rituximab) ကဲ့သို့သော ဆေးဝါးများ ပါဝင်နိုင်သည်။ ချီမာရစ် အင်တီဂျင် ရီဆက်တာ (Chimeric antigen receptor) (CAR) တီ-ဆဲလ် ဆေးဝါးများဖြစ်သည့် တစ်ဆာဂျန်လက်ကလူဆဲလ် (tisagenlecleucel) ကဲ့သို့သော ဆေးဝါးများသည်လည်း အခြားဖြစ်နိုင်ခြေရှိသော ကုသမှုတစ်မျိုးဖြစ်သည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာအတွက် ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှု
ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေ အန္တရာယ် မြင့်မားသောအဆင့်တွင်ရှိသော သို့မဟုတ် ကုသမှုမအောင်မြင်သော ကလေးသူငယ်များအတွက် ပင်မဆဲလ် အစားထိုးကုသမှု ကို ကလေးများအတွက် အကြံပြုနိုင်ပါသည်။ လူနာများတွင် ဆေးကုသနိုင်သည့် ကျန်းမာရေး အခြေအနေရှိပြီး သင့်တော်သော အလှူရှင်တစ်ဦး ရှိရမည်။
ဆရာဝန်များသည် အစားထိုးကုသမှုတစ်ခု လိုသည်၊ မလိုသည်ကို ဆုံးဖြတ်ရန်အတွက် ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုး ကီမိုဆေးသွင်းကုထုံး မည်မျှ ကောင်းမွန်စွာ အလုပ်လုပ်သည်ကို တခါတရံ ကြည့်ရှူသည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုထုံး
ရေဒီယိုဓာတ်ရောင်ခြည်အသုံးပြုမှုကို ALL ကုသမှုတွင် ရှားရှားပါးပါးသာ အသုံးပြုသည်။ ၎င်းကို ALL သည် ဦးနှောက်၊ ကျောရိုးမကြီး သို့မဟုတ် ဝှေးစေ့များသို့ ပျံ့နှံ့ပြီးသားဖြစ်သည့် အခြေအနေများတွင် ပေးနိုင်သည်။
ပင်မဆဲလ်အစားထိုးကုသမှုခံယူရန် လူနာများအား ပြင်ဆင်သည့်အနေဖြင့်လည်း ဓာတ်ရောင်ခြည် ကုသမှုကို ပေးနိုင်ပါသည်။
အန္တရာယ်ရှိသော အုပ်စု
ဆရာဝန်များသည် ၎င်းတို့၏ အန္တရာယ်ရှိနိုင်ခြေ အဆင့်အုပ်စုပေါ်မူတည်၍ လူနာများအား ကုသမှုများကို ကုသမှုများကို သင့်တော်သလို စိတ်ကြိုက်ညှိနှိုင်း ပေးနိုင်ပါသည်။
အန္တရာယ်ရှိနိုင်ခြေအဆင့်အုပ်စု ဆိုသည်မှာ ကင်ဆာရောဂါသည် ကုသမှုကို တုံ့ပြန်မှုမရှိခြင်း (ဆေးယဉ်ခြင်း) သို့မဟုတ် ရောဂါပြန်လည်ဖြစ်ပွားခြင်း (ပြန်လည်ပေါ်ပေါက်လာခြင်း) ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းကို ရည်ညွှန်းပါသည်။ ပြန်လည်ဖြစ်ပွားသော သို့မဟုတ် ဆေးမတိုးတော့သော ALL အတွက် ရွေးချယ်စရာ ကုသမှုများရှိပါသည်။
အန္တရာယ်ရှိနိုင်ခြေအဆင့်အုပ်စုများတွင် အနိမ့်၊ ပုံမှန်၊ အမြင့်နှင့် အလွန်မြင့်သောအဆင့် ဟူ၍ ပါဝင်ပါသည်။
ကီမိုဆေးသွင်းကုထုံးနည်းလမ်းနှင့် ဆေးအမျိုးအစားများသည် ကလေး၏ အန္တရာယ်ရှိနိုင်သည့် အုပ်စုပေါ် မူတည်သည်။ ဥပမာအားဖြင့် အန္တရာယ်မြင့်မားသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ယေဘုယျအားဖြင့် ကင်ဆာတိုက်ဖျက်သည့် ဆေးဝါးများ နှင့်/သို့မဟုတ် ALL အန္တရာယ်နည်းသည့်ကလေးများထက် မြင့်မားသော ဆေးပမာဏများကို ရရှိကြသည်။
အန္တရာယ်ရှိသောအုပ်စုများကို အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်-
ကင်ဆာသည် ဘီ-လင်ဖိုဆိုက် (B-lymphocytes) တွင် စတင်ခဲ့ခြင်းလား သို့မဟုတ် တီ-လင်ဖိုဆိုက် (T-lymphocytes) တွင် စတင်ခဲ့ခြင်းလား- B-cell ALL သည် T-cell ALL ထက် အန္တရာယ်ရှိနိုင်ခြေ ပိုမိုနည်းပါးသည်ဟု သတ်မှတ်ပါသည်။အသက်အရွယ်- B-ဆဲလ် ALL ဖြစ်နေသည့် အသက် 1 နှစ်နှင့် 9 နှစ်အကြားရှိ ကလေးများကို ယေဘုယျအားဖြင့် အန္တရာယ်နည်းသော သို့မဟုတ် ပုံမှန်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ အသက် 1 နှစ်အောက်နှင့် 10 နှစ်အထက် ကလေးများကို အန္တရာယ်များသည့် လူနာများဟု သတ်မှတ်သည်။ (ဤအသက် အပိုင်းအခြားသတ်မှတ်ချက်သည် ကုသမှုစင်တာများပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။)ရောဂါရှာဖွေတွေ့ရှိချိန်တွင် ရှိသော သွေးဖြူဥအရေအတွက်- အရေအတွက် 50,000 အောက်ရှိသော ကလေးများကို အန္တရာယ်ရှိနိုင်ခြေနည်းပါးသော အုပ်စုအဖြစ် သတ်မှတ်ပါသည်။ခရိုမိုဆုန်း သို့မဟုတ် မျိုးရိုးဗီဇများရှိ အချို့သော အပြောင်းအလဲများ လူကီမီးယားဆဲလ်များကို ဦးနှောက်နှင့် အာရုံကြော ကျောရိုးမကြီးအရည်တွင် ရောဂါရှာဖွေစဉ် တွေ့ရခြင်းရှိမရှိ. အကယ်၍ ကင်ဆာဆဲလ်များသည် ခါးဆစ်ရိုးထဲရှိ CSF သို့ပျံ့နှံ့သွားပါက ၎င်းအခြေအနေကို ခါးဆစ်ရိုးအတွင်း ဆေးသွင်းကုသခြင်း ပိုမိုပြုလုပ်၍ ကုသရပါမည်။ ယောကျာ်းလေးများတွင် ဝှေးစေ့အတွင်းသို့ သွေးကင်ဆာဆဲလ်များ ကူးစက်ပျံ့နှံ့မှု ရှိ၊ မရှိ အောက်ဖော်ပြပါအတိုင်း အနည်းငယ်မျှသာ ကျန်ရှိနေသေးသော ရောဂါများ။ ၎င်းသည် အရေးကြီးသော ရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ်အချက်အလက်တစ်ခု ဖြစ်သည်။
ကင်ဆာဆဲလ် အနည်းငယ်ကျန်ရှိမှု ရောဂါ နှင့် ALL
ကင်ဆာဆဲလ်ကျန်မှုရောဂါ (MRD) ဆိုသည်မှာ ရိုးတွင်းခြင်ဆီအတွင်းတွင် သွေးကင်ဆာဆဲလ်အလွန်နည်းစွာရှိသည့် အတွက်ကြောင့်၊ ၎င်းဆဲလ်များအား အဏုကြည့်မှန်ပြောင်းတစ်ခုသုံး၍ မရှာဖွေ နိုင်သည့်အခါ သုံးသော ဝေါဟာရတစ်ခုဖြစ်သည်။
အလွန်အာရုံခံနိုင်စွမ်းမြင့်မားသော စစ်ဆေးမှုများသည် ရိုးတွင်းခြင်ဆီအတွင်းရှိ ပုံမှန်ဆဲလ်အရေအတွက်10,000 မှ 1 သန်းအတွင်းရှိသည့် သွေးကင်ဆာဆဲလ် 1 ခုကို တွေ့ရှိနိုင်သည်။
အစပျိုးကုထုံးပြုလုပ်ပြီးနောက်ပိုင်း MRD ပေါ့စတစ်ဖြစ်ထားသည့် (10,000 တွင် ဆဲလ် 1 လုံးထက်ပို) ကလေးများသည် ရောဂါပြန်ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ MRD တိုင်းတာမှုများ၏ အချိန်သတ်မှတ်ချက်သည် စင်တာအပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများ
ဘေးထွက်ဆိုးကျိုးများကို ကို ခန့်မှန်းရန် ခက်ခဲပါသည်။ ၎င်းတို့သည် ဆေးဝါးနှင့် လူနာက ၎င်းဆေးဝါးအား မည်သို့ တုံ့ပြန်သည်ဆိုသည့်အပေါ် မူတည်သည်။ လူအမျိုးမျိုးတွင် ဆေးဝါးတစ်မျိုးတည်းကို မတူသည့် တုံ့ပြန်မှုများရှိနိုင်သည်။
ဘေးထွက်ဆိုးကျိုးများသည် ALL ကုသမှု၏ အဆင့်တိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ ကုသမှု၏ ပထမရက်သတ္တပတ်များသည် အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးများ ထွက်လာနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးများအတွက် ကုသမှုများရှိပါသည်။
ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်နိုင်သည်-
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ၏ အခြေအနေ ကြိုတင်မှန်းဆချက်
အမေရိကန် ပြည်ထောင်စုရှိ ALL ရှိနေသော ကလေးများ၏ 98% ခန့်သည် ကုသမှု စတင်ခံယူပြီး ရက်သတ္တပတ်အတွင်း ရောဂါ သက်သာသွားကြပါသည်။
အမေရိကန် ပြည်ထောင်စုရှိ ALL ရှိနေသော ကလေး 90% အထက်သည် ပျောက်ကင်းနိုင်ပါသည်။ လူနာများသည် ရောဂါသက်သာပြီး 5 နှစ်ခန့်အကြာတွင် ပျောက်ကင်းသွားပြီဟု သတ်မှတ်ကြပါသည်။
အန္တရာယ်ပေးမှုနည်းသောအုပ်စုများရှိ ALL ဖြစ်နေသော လူနာများ၏ အသက်ရှင်နိုင်နှုန်းသည် 95% အထက်တွင် ရှိနိုင်ပါသည်။
အကယ်၍ လူနာများသည် ကုသမှုကို မတုံ့ပြန်သော (တုံ့ပြန်မှုမရှိသော) ALL ရှိနေပါက သို့မဟုတ် ကုသမှုခံယူပြီး နောက် ပြန်ဖြစ်လာပါက (ရောဂါပြန်ပေါ်ခြင်း)၊ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ကုသမှု ရွေးချယ်စရာများကို ဆွေးနွေးပေးပါမည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ ကုသမှုခံယူနေသည့် လူနာများအတွက် ပံ့ပိုးကူညီမှုများ
လူနာများအနေဖြင့် ကုသမှုပြုလုပ်စဉ် ကျောင်းသင်ခန်းစာအချို့ ပျက်ကွက်မှုရှိနိုင်သည်။ သို့ရာတွင် ကုသမှုစင်တာ၊ ကျောင်း၊ မိဘများနှင့် ကျောင်းသားများက ကျောင်းသားအတွက် ကျောင်းသင်ခန်းစာများကို အတတ်နိုင်ဆုံး လိုက်မီစေရန် ပူးပေါင်းလုပ်ဆောင်နိုင်သည်။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာကုသမှု၏ နောက်ပိုင်း ဆိုးကျိုးများ
အချို့သော ALL လူနာများတွင် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများရှိနိုင်သည်။ နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများ သည် ကုသမှု ပြီးဆုံးသည့်နောက် လများ သို့မဟုတ် နှစ်များ ကြာပြီးသည့်နောက် ဖြစ်ပေါ်သော ကျန်းမာရေးပြဿနာဖြစ်ပါသည်။
ကင်ဆာလူနာများသည် ကင်ဆာကုသမှု ပြီးဆုံးပြီးနောက် ၎င်းတို့၏ ကုသရေးစင်တာ စောင့်ရှောက်မှုအဖွဲ့ နှင့်/ သို့မဟုတ် အခြေခံစောင့်ရှောက်မှုပံ့ပိုးသူနှင့် ဆက်လက်လိုက်နာကြည့်ရှုသင့်သည်။ နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကုသနိုင်သလို အချို့အခြေအနေများတွင် ကာကွယ်တားဆီးပေးနိုင်သည်။
မတူညီသည့် ကုသမှုများတွင် မတူညီသည့် နောင်တွင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများရှိနိုင်သည်။ လူနာအားလုံးသည် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကြုံတွေ့ရမည်မဟုတ်ပါ။ ကုသမှုတစ်မျိုးတည်းရှိသည့် လူနာများသည် မတူညီသော နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ကြုံတွေ့ရနိုင်သည်။
ALL လူနာများသည် အောက်ပါတို့အတွက် အန္တရာယ်ရှိနိုင်သည်-
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာနှင့် ပတ်သက်၍ မေးမြန်းရမည့် မေးခွန်းများ
ကျွန်ုပ်တို့၏ ကုသမှုရွေးချယ်စရာများမှာ မည်သည့်အရာများဖြစ်သနည်း။ ကုသမှုတစ်ခုစီတိုင်းတွင် မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သနည်း။ ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ရန် မည်သည့်အရာများကို ပြုလုပ်နိုင်သနည်း။ ကျွန်ုပ်၏ကလေးသည် ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်ပါသလား။ မည်သည့်နေရာတွင် ကုသမှုကိုရရှိနိုင်ပါသနည်း။ ၎င်းနေရာသည် အိမ်နှင့် နီးပါသလား သို့မဟုတ် ကျွန်ုပ်တို့ ခရီးသွားဖို့ လိုပါသလား။ ကုသမှုသည် ကျွန်ုပ်ကလေး၏ အနာဂတ်တွင် သားသမီးရနိုင်စွမ်အပေါ် သက်ရောက်မှုရှိပါသလား။ မျိုးပွားနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန် မည်သည့် ရွေးချယ်စရာရှိပါသနည်း။
ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာနှင့် ပတ်သက်သည့် အဓိကအချက်များ
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ (ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်သည်။ ၎င်းသည် အဖြစ်အများဆုံး ကလေး ကင်ဆာဖြစ်သည်။ လူနာအများစုတွင် ALL ရောဂါရှာဖွေအတည်ပြုရန် ပုံမှန်အားဖြင့် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများ လိုအပ်ပါသည်။ ဓာတုဆေးဝါးဖြင့် ကုသခြင်းသည် ALL အတွက် အသုံးအများဆုံး ကုသနည်း ဖြစ်သည်။ ကုသမှုသည် 2½–3 နှစ်ကြာသည်။ အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များ၌ဖြစ်ပွားသော AML (Acute Myeloid Leukemia) သွေးကင်ဆာအတွက် 5 နှစ်တာ အသက်ရှင်သန်နိုင်ခြေနှုန်းမှာ 90% ထက် ပိုများပါသည်။ ကင်ဆာလူနာများသည် ကင်ဆာကုသမှု ပြီးဆုံးပြီးနောက် ၎င်းတို့၏ ကုသရေးစင်တာ စောင့်ရှောက်မှုအဖွဲ့နှင့်/ သို့မဟုတ် ဒေသတွင်း အခြေခံစောင့်ရှောက်မှုပံ့ပိုးသူနှင့် ဆက်လက် တွေ့ဆုံသင့်သည်။
ဆက်စပ်အချက်အလက်စာရွက်များ
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- ဩဂုတ်လ 2024 ခုနှစ်
ဓာတုဆေးဝါးကုထုံး (Chemotherapy)
ကင်ဆာဆေးသွင်းကုသခြင်းသည် ဆဲလ်များပွားနေစဉ်အတွင်း နှောင့်ယှက်ခြင်းဖြင့် အလုပ်လုပ်သည့် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာရောဂါကို ကုသပါသည်။ ကင်ဆာဆေးအကြောင်းနှင့် ၎င်းအတွက် သင့်ကလေးအား မည်သို့ပြင်ဆင်ပေးရမည်ကို ပိုမိုလေ့လာပါ။
ကင်ဆာရောဂါ (Cancer) ကို နားလည်ခြင်း
ကင်ဆာရောဂါ (Cancer)သည် ပုံမှန်မဟုတ်သော ဆဲလ်များတိုးပွားကြီးထွားလာသည့် ရောဂါဖြစ်သည်။ ကင်ဆာရောဂါ (Cancer) တွင် ဆဲလ်များတိုးပွားကြီးထွားလာခြင်းကို ထိန်းချုပ်သော အချက်ပြမှုများသည် မှန်ကန်စွာ အလုပ်မလုပ်ပါ။ ကင်ဆာရောဂါ (Cancer) ကြီးထွားလာပုံနှင့် ပျံ့နှံ့ပုံတို့ကို လေ့လာပါ။