နှလုံးရောဂါဆိုင်ရာ (နှလုံး) နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများမှာ မည်သည်တို့ဖြစ်သနည်း။
ကလေးကင်ဆာကုသမှုအချို့သည် ကုသမှုပြီးဆုံးပြီးနောက်တွင် နှလုံးပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့ကို နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများဟု ခေါ်ပါသည်။ Cardiac ဆိုသည်မှာ "နှလုံးနှင့် သက်ဆိုင်သည်ဟု" အဓိပ္ပာယ် ရပါသည်။
ရင်ဘတ်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း နှင့် အန်သရာဆိုက်ကလင်း (Anthracycline) ဟုခေါ်သော ကင်ဆာဆေးဝါးတစ်မျိုးသည် နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ၏ အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။
ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးအများစုသည် ကင်ဆာကုသမှုကြောင့် နှလုံးပြဿနာများ ဖြစ်ပေါ်ခြင်း မရှိပါ။
ကိုယ်လက်လှုပ်ရှားမှုနှင့် နှလုံးကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကဲ့သို့သော ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များသည် နှလုံးရောဂါများစွာကို စီမံခန့်ခွဲရန် သို့မဟုတ် ကာကွယ်ရန် သင့်အား ကူညီပေးနိုင်ပါသည်။
နှလုံး မည်သို့အလုပ်လုပ်သနည်းဆိုသည်ကို လေ့လာပါ
- နှလုံးသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများဆီသို့ သွေးကို တွန်းပို့ပေးသော ကြွက်သားအင်္ဂါတစ်ခု ဖြစ်ပါသည်။
- ၎င်းသည် သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနှင့် ဆံချည်မျှင်သွေးကြောများကဲ့သို့သော သွေးကြောကွန်ရက်တစ်ခုဖြင့် ဖွဲ့စည်းထားသည့် သွေးလည်ပတ်မှုစနစ်၏ အလယ်ဗဟိုတွင် တည်ရှိပါသည်။
- လျှပ်စီးကြောင်းစနစ်တစ်ခုသည် နှလုံးကို ထိန်းချုပ်ထားပြီး နှလုံးနံရံများကို ညှစ်စေရန်အတွက် လျှပ်စီးအချက်ပြမှုများကို အသုံးပြုပါသည်။ နံရံများ ညှစ်လိုက်သည့်အခါတွင် နှလုံးမှ သွေးကို တွန်းပို့ပေးပါသည်။
- နှလုံးအခန်းများရှိ အဆို့ရှင်များသည် သွေးများကို မှန်ကန်သည့်ဦးတည်ရာဆီသို့ စီးဆင်းစေပါသည်။
- ကျန်းမာသောနှလုံးတစ်ခုသည် ခန္ဓာကိုယ်အား ကောင်းစွာအလုပ်လုပ်ရန် လိုအပ်သည့်နှုန်းဖြင့် မှန်ကန်သောသွေးပမာဏကို ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်ပေးသည်။ အကယ်၍ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာတို့ကြောင့် နှလုံးကို အားနည်းသွားစေပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် မှန်ကန်စွာအလုပ်လုပ်နိုင်ရန် လုံလောက်သော သွေးပမာဏကို ရရှိတော့မည် မဟုတ်ပါ။
နှလုံးအခြေအနေများကို ဖြစ်စေနိုင်သည့်
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- နှလုံးသွေးကြောကျဉ်းရောဂါ
- နှလုံးခုန်စည်းချက်များ ပုံမှန်မဟုတ်ခြင်း (နှလုံးစည်းချက်မမှန်ခြင်း)
- နှလုံးအဆို့ရှင်များတွင် အမာရွတ်ဖြစ်ခြင်း သို့မဟုတ် ယိုစိမ့်နေခြင်း (အဆို့ရှင် ကျဉ်းခြင်း သို့မဟုတ် မလုံခြင်း)
- နှလုံးကို ဖုံးအုပ်ထားသည့် အမြှေးပါး ရောင်ခြင်းနှင့် အမာရွတ်ဖြစ်ခြင်း (နှလုံးဖုံးအမြှေးပါးရောင်ခြင်း (pericarditis) သို့မဟုတ် နှလုံးဖုံးအမြှေးပါးထူခြင်း (pericardial fibrosis))
- နှလုံးကြွက်သား အားနည်းလာခြင်း (နှလုံးကြွက်သား လျော့ရဲလာခြင်း)
နှလုံးကြွက်သား လျော့ရဲလာခြင်းသည် အချိန်ကြာလာသည်နှင့် အမျှ ပို၍ဆိုးလာနိုင်ပါသည်။ ၎င်းသည် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်ပါသည်။
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ဖြစ်စေသည့် အကြောင်းရင်းများ
အန်သရာဆိုက်ကလင်း (Anthracycline)
အန်သရာဆိုက်ကလင်းများ (Anthracycline) သည် ကင်ဆာအမျိုးအစားများစွာကို ကုသရန် အသုံးပြုသည့် ဆေးဝါးများ ဖြစ်ပါသည်။
၎င်းဆေးဝါးများတွင် အောက်ပါတို့ ပါဝင်ပါသည်−
အန်သရာဆိုက်ကလင်းများ (Anthracycline) သည် နှလုံးကြွက်သားကို ပျက်စီးစေနိုင်ပါသည် (နှလုံးကြွက်သား လျော့ရဲလာခြင်း)။ ဤထိခိုက်မှုတွင် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းတို့ ပါဝင်နိုင်ပါသည်ဤအခြေအနေကို ဖြစ်ပွားနိုင်ခြေသည် သောက်သုံးသည့် ဆေးပမာဏ (ဆေးပမာဏ) တိုးလာသည်နှင့်အမျှ မြင့်တက်လာပါသည်။
အန်သရာဆိုက်ကလင်း (Anthracycline) ဆေးပမာဏ (စုပုံလာခြင်း)
|
နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း ဖြစ်နိုင်ခြေ |
|---|
100 mg/m2 အောက်
|
နည်းပါသည်
|
250 mg/m2 ကျော်
|
အသင့်အတင့် ဖြစ်ပါသည် |
| 250 mg/m2 သို့မဟုတ် ပို၍များသည် |
မြင့်မားပါသည် |
ရင်ဘတ်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
နှလုံးအနီးသို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် နှလုံးရောဂါဖြစ်နိုင်ခြေရှိစေသည့် အချက်တစ်ခု ဖြစ်ပါသည်။ ရင်ဘတ်သို့ ပေးသည့် ဓာတ်ရောင်ခြည်ပမာဏ မြင့်လာလေလေ နှလုံးရောဂါဖြစ်နိုင်ခြေများလာလေလေ ဖြစ်သည်။
ဓာတ်ရောင်ခြည်ပမာဏ
|
ရောဂါဖြစ်နိုင်ခြေ
|
|---|
<15 Gy
|
နည်းပါသည် |
15 Gy-<30 Gy
|
အသင့်အတင့် ဖြစ်ပါသည် |
| 30 Gy သို့မဟုတ် ထို့ထက်ပို၍ |
မြင့်မားပါသည် |
အန်သရာဆိုက်ကလင်း (Anthracycline) နှင့် ရင်ဘတ်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
အန်သရာဆိုက်ကလင်း (Anthracycline) နှင့် ရင်ဘတ်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း နှစ်မျိုးစလုံးဖြင့်ကုသခဲ့သည့် ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် ရောဂါဖြစ်နိုင်ခြေ အမြင့်ဆုံးတွင် ရှိနေပါသည်။
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ဖြစ်စေသည့် အခြားအချက်များ
- မိသားစုတွင် နှလုံးရောဂါရှိခြင်း
- အခြား ကျန်းမာရေးပြဿနာများ-
- အဝလွန်ခြင်း
- သွေးတိုးခြင်း
- သွေးတွင်း ကိုလက်စထရော သို့မဟုတ် ထရိုင်ဂလစ်စရိုက် ပမာဏများခြင်း
- သွေးချိုဆီးချိုရောဂါ
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ရောဂါရှာဖွေခြင်း
အစောပိုင်းတွင် သက်သာပျောက်ကင်းသူများသည် ရောဂါလက္ခဏာများကို ပြသမည် မဟုတ်ပါ။ သို့သော်လည်း နှလုံးရောဂါသည် ရှိနေနိုင်ပါသည်။
နှလုံးဓာတ်မှန်ရိုက်ခြင်း (echocardiogram၊ echo) သည် ရောဂါလက္ခဏာများ မပြသမီ နှလုံးရောဂါကို ရှာဖွေဖော်ထုတ်ရန်အတွက် လွယ်ကူ၍ ခွဲစိတ်မှုမလိုအပ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် အသံလှိုင်းများကို အသုံးပြု၍ နှလုံး၏ ပုံရိပ်များကို ပုံဖော်ပေးပါသည်။
နှလုံးရောဂါ၏ ရောဂါလက္ခဏာများ
လူနာများတွင် အောက်ပါတို့ ရှိနိုင်ပါသည်-
- ချောင်းဆိုးခြင်းနှင့် တရွီရွီမြည်နေခြင်းတို့ သက်သာပျောက်ကင်းမှု မရှိခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရင်တဒိတ်ဒိတ်ခုန်ခြင်း
- နှလုံးခုန်စည်းချက် မမှန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူမဝခြင်း
- ခြေထောက်နှင့် ခြေချင်းဝတ်များ ရောင်ရမ်းခြင်း
- ခေါင်းမူးခြင်း သို့မဟုတ် သတိလစ်မလို ခံစားရခြင်း
- သတိလစ်ခြင်း
- အလွန်အမင်းနုံးခွေခြင်း
- ချွေးထွက်ခြင်း
- ပျို့အန်ချင်စိတ်ဖြစ်ခြင်း
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများနှင့် ပတ်သက်၍ သင် ဘာလုပ်နိုင်သနည်း
ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် နှလုံးကျန်းမာရေးကို မြှင့်တင်ရန်အတွက် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်-
- သင့်တွင် နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိသည်ကို သိရှိပါ။ သင်၏ ကုသမှုများသည် နှလုံးရောဂါဖြစ်နိုင်ခြေအား မြင့်မားစေခြင်း ရှိ၊ မရှိ သင့်ဆရာဝန်ကို မေးမြန်းပါ။
- သင်၏ သက်သာပျောက်ကင်းသူ စောင့်ရှောက်မှု အစီအစဉ် ၏ မိတ္တူတစ်စောင်ကို သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် မျှဝေပါ။
- ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ။
- သင်၏ သက်သာပျောက်ကင်းသူစောင့်ရှောက်မှုအစီအစဉ်တွင် အကြံပြုထားသည့်အတိုင်း နှလုံးဓာတ်မှန်ရိုက်ခြင်း (echocardiogram) နှင့် အခြားစစ်ဆေးမှုများကို ပြုလုပ်ပါ။ လမ်းညွှန်ချက်များသည် သင်လက်ခံရရှိသည့် ကုသမှုပေါ်တွင် မူတည်ပါသည်။
- နှလုံးပျက်စီးမှုဆိုင်ရာ ရောဂါလက္ခဏာများရှိပါက နှလုံးအထူးကုဆရာဝန် (နှလုံးဆရာဝန်) နှင့် တိုင်ပင်ဆွေးနွေးပါ။
- နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အခြေအနေများအတွက် ကုသမှု ခံယူပါ။
- ကျန်းမာရေးအတွက် ကောင်းမွန်သည့် အလေ့အကျင့်များကို လုပ်ဆောင်ပါ။
နှလုံးကျန်းမာစေသော အလေ့အကျင့်များ
နှလုံးကျန်းမာရေးကို မြှင့်တင်ပေးသည့် အလေ့အကျင့်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများနှင့် ပတ်သက်၍ မေးရမည့်မေးခွန်းများ
- ကျွန်ုပ်၏ နှလုံးရောဂါဖြစ်နိုင်ခြေမှာ မည်မျှနည်း။
- ကျွန်ုပ် ရရှိခဲ့သည့် ကုသမှုသည် နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုများစေပါသလား။
- ကျွန်ုပ်သည် နှလုံးဓာတ်မှန်ရိုက်ခြင်း (echocardiogram) ကို လိုအပ်ပါသလား။
- ကျွန်ုပ်သည် ကလေးကင်ဆာကုသမှုကြောင့် အခြားနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေရှိပါသလား။
- ကျွန်ုပ်သည် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် မည်သည်တို့ကို ပြုလုပ်နိုင်ပါသနည်း။
- ကျွန်ုပ်သည် နှလုံးရောဂါရှိခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်၏စိုးရိမ်ပူပန်မှုကို လျှော့ချရန် မည်သည်တို့ကို ပြုလုပ်နိုင်ပါသနည်း။
နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများနှင့် ပတ်သက်သည့် အဓိကအချက်များ
- ကလေးဘဝကင်ဆာကုသမှုအချို့သည် ကုသမှုပြီးဆုံးပြီးနောက်တွင် နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့ကို နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများဟု ခေါ်ပါသည်။
- ရင်ဘတ်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် အန်သရာဆိုက်ကလင်း (Anthracycline) ပါဝင်သော ကင်ဆာဆေးသွင်းကုသခြင်းတို့သည် နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကိုဖြစ်စေသည့် အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။
- သင်၏ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိရှိထားရန်မှာ အရေးကြီးပါသည်၊ သို့မှသာ သင်သည် စောစီးစွာ စစ်ဆေးမှုများ ခံယူပြီး/ သို့မဟုတ် ရောဂါလက္ခဏာများကို စောစောစီးစီး သိရှိနိုင်မည် ဖြစ်ပါသည်။
- အခြေအနေများစွာကို စီမံခန့်ခွဲနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။
- နှလုံးကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များ (ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ဆေးလိပ် မသောက်ခြင်း၊ ကျန်းမာသည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း ကဲ့သို့သော) သည် နှလုံးရောဂါဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ကာကွယ်ပေးနိုင်ပါသည်။
—
St. Jude မှ အတူတကွ™️ အွန်လိုင်းရင်းမြစ်သည် ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည်သည့်ကုန်အမှတ်တံဆိပ်ထုတ်ကုန်ကိုများမျှ ထောက်ခံခြင်းမပြုပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- အောက်တိုဘာလ 2023 ခုနှစ်