တစ်ခါတစ်ရံတွင် ကလေးဘဝ ကင်ဆာကုသမှုသည် နောက်ပိုင်းတွင် ဆင့်ပွားကင်ဆာကို ဖြစ်ပွားစေနိုင်ပါသည်။ ၎င်းသည် ရှားပါးပါသည်။
ဆင့်ပွားကင်ဆာ ဆိုသည်မှာ ကင်ဆာကုသမှုပြီးဆုံးပြီးနောက် အနည်းဆုံး 2 လအကြာတွင် ဖြစ်ပွားသည့် မတူညီသောကင်ဆာတစ်မျိုး ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာဖြစ်ပွားနိုင်ခြေ ရှိပါသည်။ သို့သော်လည်း ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် တခြားသူများထက် ကင်ဆာရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။ အချို့သော အန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချနိုင်ပါသည်။ အချို့ကို မလျှော့ချနိုင်ပါ။
သင်၏ အန္တရာယ်ဖြစ်နိုင်ခြေကို သိရှိခြင်းဖြင့်၊ သင်သည် အစီအစဉ်တစ်ခုကို ရေးဆွဲရန်အတွက် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပါသည်။ ဆင့်ပွားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်ပါသည်-
အချို့သော ကင်ဆာဆေးဝါးများနှင့် ဓာတ်ရောင်ခြည်ကုထုံးများသည် ဘဝနောက်ပိုင်းတွင် ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသည်။ သို့သော်လည်း ဤအန္တရာယ်ဖြစ်နိုင်ခြေသည် နှစ်များကြာလာသည်နှင့်အမျှ လျော့ကျသွားပါသည်။ ဆရာဝန်များသည် ဆင့်ပွားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် ကုသမှုများအား မည်သို့ချိန်ညှိရမည်ကို သင်ယူခဲ့ကြပါသည်။ ဤတိုးတက်မှုများတွင် ကင်ဆာဆေးဝါးနှင့် ဓာတ်ရောင်ခြည်ကုထုံး၏ ဆေးပမာဏကို လျှော့ချခြင်း ပါဝင်ပါသည်။ အချို့အခြေအနေများတွင် ဓာတ်ရောင်ခြည်ကုထုံးကို အသုံးမပြုတော့ပါ။
အချို့သော ကင်ဆာဆေးဝါးများ သည် မရင့်ကျက်သေးသော သွေးဖြူဥများ လျင်မြန်စွာ ပွားများ၍ ကောင်းမွန်စွာ မဖွံ့ဖြိုးသည့် ပြင်းထန်သွေးကင်ဆာ (AML) ကို ဖြစ်စေနိုင်ပါသည်။ သို့သော် ၎င်းသည် ကုသမှုနည်းလမ်းအသစ်များတွင် ရှားပါးပါသည် ၎င်းသည် ကုသမှုခံယူပြီးနောက် 10 နှစ်အောက်အကြာတွင် ဖြစ်ပေါ်လေ့ရှိပါသည်။
အကယ်၍ သင့်တွင် အောက်ပါတို့ ရှိပါက အန္တရာယ်ဖြစ်နိုင်ခြေသည် ပိုမိုမြင့်မားပါသည်-
ဓာတ်ရောင်ခြည်ကုထုံး သည် အရေပြား၊ ပျော့ပျောင်းသောတစ်ရှူးများနှင့် အရိုးများတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ ဆင့်ပွားကင်ဆာအများစုသည် ဓာတ်ရောင်ခြည်ကုသမှုကို ခံယူသည့် နေရာတွင် သို့မဟုတ် အနီးတစ်ဝိုက်တွင် ဖြစ်ပွားလေ့ရှိပါသည်။ ဤကင်ဆာများသည် ကုသမှုပြီးဆုံးပြီးနောက် 10 နှစ်ကျော်အကြာတွင် ဖြစ်ပေါ်လေ့ရှိပါသည်။
အကယ်၍ သင်သည် အသက်ငယ်ရွယ်စဉ်တွင် ဓါတ်ရောင်ခြည်ကုသမှုကို ပမာဏမြင့်မားစွာဖြင့် ခံယူခဲ့ရပါက အန္တရာယ်ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ပါသည်။ အဖြစ်အများဆုံး နေရာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
တချို့လူများသည် မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုနှင့် မွေးဖွားလာခဲ့ရခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ကင်ဆာဖြစ်နိုင်ခြေ ပိုများပါသည်။ ၎င်းကို ကင်ဆာရောဂါ ဖြစ်လွယ်သည့်အခြေအနေဟု ခေါ်ပါသည်။
တစ်ခါတစ်ရံတွင် လူများသည် မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးထံမှ အခြေအနေကို မျိုးရိုးလိုက်ဆက်ခံကြရပါသည်။ အခြားအခြေအနေများတွင် ၎င်းတို့သည် မိသားစုတွင် ကင်ဆာရောဂါ ဖြစ်ပွားလာသည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်။
လေ့လာချက်များအရ ကလေးဘဝကင်ဆာများ၏ 10% ခန့်သည် မျိုးရိုးလိုက်၍ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံ သည် အရေးကြီးပါသည်။ ၎င်းသည် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အဝလွန်ခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်တစ်ခု ဖြစ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ကောင်းများသည် အရွယ်ရောက်ပြီးသူဖြစ်ပွားသည့် ကင်ဆာအမျိုးအစားအချို့ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2023 ခုနှစ်