Supportive Care
သည်အခြားအမည်များ:
Calcium Folinate, Leucovorin Calcium, Folinic Acid, Folinate Calcium
မကြာခဏအတှကျအသုံးပွု:
သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ဦးနှောက်အကျိတ်၊ အရိုးတွယ်ဆက် တစ်ရှူးကင်ဆာခံစားနေရသည့် လူနာများတွင် ဆေးပမာဏများများ မက်သိုထရီဇိတ် (Methotrexate) သောက်သုံးပါက ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ
လူကိုဗိုရင် (Leucovorin) သည် မက်သိုထရက်ဇိတ် (Methotrexate)ကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးအချို့ကို ကာကွယ်နိုင်ရန် ကူညီပေးပါသည်။ ၎င်းသည် ကျန်းမာသည့်ဆဲလ်များကို ကင်ဆာဆေးဝါးများမှ ကာကွယ်ပေးရန် လုပ်ဆောင်ပါသည်။
လူကိုဗိုရင် (Leucovorin) သည် အများအားဖြင့် မည်သည့်ဘေးထွက်ဆိုးကျိုးများကိုမျှ မဖြစ်စေပါ။ ရှားပါးအနေဖြင့် လူနာသည် ဤဆေးနှင့် ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါသည်။
ဆေးပမာဏနှင့် ဆေးတိုက်ရန် အချိန်ဇယားသည် ကလေးငယ်၏ သွေးထဲရှိ မီသိုထရက်ဇိတ် (methotrexate) ပမာဏအပေါ်တွင် အခြေခံပါသည်။ မီသိုထရက်ဇိတ် (methotrexate) ဆေးကို စပေးပြီးနောက် 24 နာရီမှ 42 နာရီအတွင်းတွင် လူကိုဗိုရင် (Leucovorin) ကို အများအားဖြင့် ပေးလေ့ရှိပါသည်။
ဆေးပြား သို့မဟုတ် ဆေးရည်အဖြစ် ပါးစပ်မှ သောက်သုံးနိုင်ပါသည်
IV မှတစ်ဆင့် သွေးကြောအတွင်းသို့ အရည်ဆေးအဖြစ် ပေးနိုင်ပါသည်
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။