သင့်လျော်ကောင်းမွန်သည့် အာဟာရသည် ပြင်းထန်သောရောဂါများခံစားနေရသည့် ကလေးများကို ကုသရန်နှင့် ပြန်လည်သက်သာကောင်းမွန်လာစေရန်အတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်း၊ အထူးအစားအစာများနှင့် အာဟာရဆိုင်ရာပံ့ပိုးမှုများသည် အရေးကြီးသောကုထုံးများ ဖြစ်ပါသည်။ ပြင်းထန်သောရောဂါများခံစားနေရသည့် ကလေးများအတွက် ဆေးလက်တွေ့ဆိုင်ရာ အာဟာရအကြောင်းကို ပိုမိုလေ့လာပါ။
အချို့သောဆေးဝါးများကို သင့်ကလေး၏ အစာပြွန်မှတစ်ဆင့် တိုက်ကျွေးနိုင်ပါသည်။ အစာပြွန်မှတစ်ဆင့် ဘေးကင်းစွာဖြင့် ဆေးဝါးကို ပြင်ဆင်၍ တိုက်ကျွေေးနည်းကို လေ့လာပါ။
အကယ်၍ သင့်ကလေးတွင် NG သို့မဟုတ် G ပြွန်ကဲ့သို့သော အစာပြွန်တစ်ခုရှိပါက ပြွန်နေရာတစ်ဝိုက်ရှိ အရေပြားကို ဂရုစိုက်ရန်မှာ အရေးကြီးပါသည်။ အစာပြွန်နေရာတစ်ဝိုက်ရှိ အရေပြားစောင့်ရှောက်မှုဆိုင်ရာ အကြံပြုချက်များကို လေ့လာပါ။