အချို့သော ပြင်းထန်သည့် ကလေးဘဝဖြစ်ပွားသော ရောဂါဝေဒနာများသည် မျိုးရိုးလိုက်တတ်ပါသည်။ ၎င်းသည် မိသားစုမျိုးရိုးအလိုက် လက်ဆင့်ကမ်းလာကြခြင်း ဖြစ်သည်ဟု ဆိုလိုပါသည်။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်းဖြင့် သင့်သားသမီးများတွင် မျိုးရိုးလိုက်တတ်သော ရောဂါတစ်ခုခု ရှိ၊ မရှိ သို့မဟုတ် ထိုသို့သော ရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ် ရှိ၊ မရှိ ပြသပေးနိုင်ပါသည်။ သင့်အား အချက်အလက်ပြည့်စုံစွာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးနိုင်သည့် အချို့သော မျိုးရိုးလိုက်တတ်သည့် ရောဂါများ၊ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်းနှင့် စောင့်ရှောက်မှုပေးမည့်သူများအကြောင်း လေ့လာပါ။
အချို့သောလူများတွင် ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ကို မြင့်မားစေသည့် မျိုးရိုးဗီဇပြောင်းလဲမှု သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အလားအလာများ ရှိတတ်ကြသည်။ ကလေးသူငယ်ကင်ဆာတွင် မျိုးရိုးလိုက်နိုင်ခြေနှင့် မျိုးရိုးဗီဇစစ်ဆေးခြင်းအကြောင်း လေ့လာပါ။
သွေးရောဂါ အချို့ကို မိသားစုများမှတစ်ဆင့် လက်ဆင့်ကမ်း ရရှိခြင်း ဖြစ်သည်။ မျိုးရိုးလိုက်သည့် သွေးရောဂါများ နှင့် မျိုးရိုးဗီဇ စစ်ဆေးမှုအကြောင်း နောက်ထပ် လေ့လာပါ။