ပါးစပ်နှင့် လည်ချောင်း အနာများသည် ကလေးများတွင် ကင်ဆာကုထုံး၏ ယေဘုယျ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါသည်။ ဤအခြေအနေအတွက် ဆေးပညာဆိုင်ရာအခေါ်အဝေါ်မှာ ခံတွင်းအမြှေးပါး ရောင်ရမ်းခြင်းဖြစ်ပါသည်။
အမြှေးပါး ရောင်ရမ်းခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင်း အင်္ဂါအချို့၏ စိုစွတ်သော အတွင်းဘက်အလွှာဖြစ်သည့် အမြှေးပါးရောင်ရမ်းခြင်းဖြစ်ပြီး များသောအားဖြင့် နာကျင်စေသော အနာများကို ဖြစ်ပေါ်စေတတ်ပါသည်။
အမြှေးပါး ရောင်ရမ်းခြင်းသည် အစာခြေလမ်းကြောင်း တစ်လျှောက် မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-
ကလေးဘဝ ကင်ဆာဖြစ်နေသော လူနာများ၏ 50% အထက်သည် အမြှေးပါး ရောင်ရမ်းခြင်းဖြစ်ပွားနိုင်သည်။ စတမ်ဆဲလ် အစားထိုးကုသခြင်း (ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း သို့မဟုတ် သွေးဖန်တီးပေးသော ဆဲလ်များ အစားထိုးကုသခြင်း) ရှိနေသော လူနာများ၏ 75% ကျော်သည် ဤဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေပိုများသည်။
ခံတွင်း အမြှေးပါး ရောင်ရမ်းခြင်းဆိုသည်မှာ ပါးစပ်နှင့် လည်ချောင်း အနာများကို ဆိုလိုသည်။ သူတို့သည် အောက်ပါတို့ကို ဖြစ်စေနိုင်သောကြောင့် စိုးရိမ်ရန်အတွက် အကြောင်းအရင်းရှိပါသည်-
ပါးစပ်နှင့်လည်ချောင်းအနာများကို ဖြေရှင်းရာတွင်အောက်ပါအချက်များပါဝင်သည်-
ပုံ 1 အမြှေးပါး ရောင်ရမ်းခြင်းသည် အချွဲအမြှေးပါး ရောင်ရမ်းခြင်း ဖြစ်သည်။ ၎င်းသည် ပါးစပ်နှင့် အခြားကိုယ်တွင်းအင်္ဂါအချို့၏ အတွင်းဘက် မျက်နှာပြင် ဖြစ်သည်။ အမြှေးပါး ရောင်ရမ်းခြင်းသည် နာကျင်မှုကို ဖြစ်စေနိုင်ပြီး လူနာတွင် ပိုးဝင်ကူးစက်ခံရနိုင်ခြေ ပိုများစေနိုင်သည်။
ပါးစပ်နှင့် လည်ချောင်း အနာများ ဖြစ်ပေါ်လာနိုင်ခြေ ပိုများစေသော အချက်များတွင် အောက်ပါတို့ ပါဝင်သည်-
လူနာများနှင့် မိသားစုများသည် ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများပေါ်လာသောအခါ ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို ပြောပြသင့်ပါသည်။
ရောဂါသွင်ပြင်နှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
ပြုစုကုသရေးအဖွဲ့သည် အောက်ပါတို့ဖြင့် ပါးစပ်နှင့် လည်ချောင်းအနာများအတွက် ရောဂါရှာဖွေဖော်ထုတ်သည်-
ပြုစုကုသရေးအဖွဲ့သည် ခံတွင်းအမြှေးပါး ရောင်ရမ်းခြင်းကို ဆိုးရွားမှုအပေါ်အခြေခံ၍ 1-4 အထိ အဆင့်သတ်မှတ်မည်ဖြစ်သည်။ ထိုအဆင့်သည် ကုသမှုကို ညွှန်ပြရန် ကူညီပေးမည်ဖြစ်သည်။ အဆင့် 3-4 သည် ပြင်းထန်ပါသည်။ နောက်ဆက်တွဲထပ်တိုးရောဂါများ ဖြစ်နိုင်ဖွယ်ရှိသည်။
အချို့ဖြစ်စဉ်များတွင် ပါးစပ်နှင့် လည်ချောင်းအနာများကို ကြိုတင်မတားဆီးနိုင်ပါ။ သို့ရာတွင် ရောဂါလက္ခဏာပြင်းထန်မှုကို ဖြစ်နိုင်သမျှ လျော့နည်းစေရန် လူနာများလုပ်ဆောင်နိုင်သည့် အချက်များလည်းရှိပါသည်။
အားပျော့လေဆာကုထုံးကို ကာကွယ်ခြင်းနှင့် ကုသမှုနည်းလမ်းတစ်ခုအဖြစ် လေ့လာနေဆဲ ဖြစ်ပါသည်။
၎င်းကို အောက်ပါတို့ကို ပြုလုပ်ရန် အလင်းကို အသုံးပြုပါသည်-
ကုထုံးသည် နာကျင်မှုလျော့နည်းစေခြင်း၊ ရောဂါကူးစက်မှုများကို ကုသခြင်းနှင့် လူနာအနေဖြင့် လိုအပ်သော အာဟာရကိုရရှိကြောင်း သေချာစေခြင်းတို့အပေါ်တွင် အဓိကလုပ်ဆောင်ပါသည်။
နာကျင်မှု ကုသမှုများသည် လူနာ၏ ရောဂါလက္ခဏာများအပေါ်တွင် မူတည်ပါသည်။
၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်-
အခြားကုသမှုများတွင် နာကျင်မှုသက်သာသော ဆေးဝါးအမျိုးမျိုး ပါဝင်နိုင်ပါသည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ဆေးဝါးမပါဝင်သည့်နာကျင်မှုကုထုံး၏ အခြားပုံစံများကိုလည်း တိုက်တွန်းနိုင်ပါသည်။
လူနာများသည် စားခြင်းနှင့် သောက်ခြင်းပြဿနာများ ရှိသောအခါ ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းတို့ ဖြစ်လာနိုင်ပါသည်။
၎င်းတို့သည် အာဟာရကို ပိုက်ပြွန်ဖြင့် အစာကျွေးခြင်း သို့မဟုတ် အလုံးစုံ အစာအာဟာရကို သွေးကြောထဲမှ ထည့်သွင်းပေးခြင်း (TPN) မှတစ်ဆင့် လက်ခံရယူရန် လိုအပ်နိုင်သည်။
ပါးစပ်နှင့် လည်ချောင်းအနာများသည် ပိုးမွှားများကို ခန္ဓာကိုယ်အတွင်းဝင်နိုင်ရန်အတွက် နေရာတစ်ခုပေးထားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ဖြစ်သွားစေနိုင်သည်။
ရောဂါပိုးဝင်ခြင်းအတွက် ကုသမှုတွင် ရောဂါပိုးဝင်မှုကို ကုသရန် ဆေးဝါး ပါဝင်နိုင်သည်။ ပြုစုကုသရေးအဖွဲ့သည် ရောဂါပိုးဝင်ခြင်းအတွက် အကောင်းဆုံးကုသမှုအစီအစဉ်ကို ရှာတွေ့ရန် အခြားသူများနှင့်အတူ အလုပ်လုပ်နိုင်သည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- မတ်လ 2022 ခုနှစ်