ဓာတုဆေးဝါးကုထုံး (Chemotherapy) သို့မဟုတ် “Chemo” ဆိုသည်မှာ အစွမ်းထက်သော ဆေးဝါးများကို အသုံးပြု၍ ကင်ဆာကို ကုသသည့် နည်းလမ်းဖြစ်သည်။ အဆိုပါဆေးဝါးများသည် ကင်ဆာဆဲလ်များကို သတ်ပေးရန် သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်ရန် လုပ်ဆောင်ပါသည်။
ကင်ဆာဆေးအမျိုးအစားတစ်မျိုးမျိုးနှင့် ဆေးပေးပုံသည် အကြောင်းအချက်များစွာအပေါ် မူတည်ပါသည်-
သင့်ကလေးတွင် ကင်ဆာရောဂါရှိပါက ကင်ဆာဆေးသွင်းကုသခြင်းကို အောက်ပါတို့အတွက် အသုံးပြုနိုင်ပါသည်-
၎င်းကို ဆေးတစ်မျိုးတည်း အသုံးပြုနိုင်သလို ခွဲစိတ်မှုနှင့် ဓာတ်ရောင်ခြည်ကုထုံးကဲ့သို့ အခြားကုသမှုများ နှင့် ပေါင်းစပ်၍လည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အချို့သောလူနာများသည် ခွဲစိတ်မှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး မခံယူမီ အကျိတ်ကို ပို၍သေးသွားစေရန် ကင်ဆာဆေးသွင်းကုသခြင်းကို ခံယူကြပါသည်။
ခွဲစိတ်ပြီးနောက် သို့မဟုတ် ဓာတ်ကင်ပြီးနောက်တွင်လည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကို သတ်ရန် ကင်ဆာဆေးသွင်းကုသခြင်းကို အသုံးပြုကြသည်။ ကင်ဆာဆေးသွင်းကုသခြင်းကို ၎င်း၏ရလဒ်များ ပိုမိုကောင်းမွန်ထိရောက်စေရန် ဓာတ်ရောင်ခြည်ကုထုံးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သည်။
သင့်ကလေး သို့မဟုတ် ဆယ်ကျော်သက်ကလေးတွင် ကင်ဆာနှင့် ၎င်း၏ ကုသမှုနှင့် ပတ်သက်သည့် မေးခွန်းများရှိနိုင်သည်။ သင့်ကလေးနှင့် ပတ်သက်၍ ရိုးသားမှုရှိရန် အရေးကြီးပြီး အသက်အရွယ်နှင့် သင့်လျော်သော အသုံးအနှုန်းကို အသုံးပြုရန် အရေးကြီးသည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၍ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ ကင်ဆာဆေးဝါးတစ်ခုချင်းစီသည် ပုံစံကွဲပြားစွာ လုပ်ဆောင်ကြပါသည်။ ယေဘုယျအားဖြင့် ဓာတုကုထုံးဆေးဝါးများသည် ဆဲလ်များပွားနေစဉ်အတွင်း ကြားဖြတ်နှောင့်ယှက်ခြင်းကို လုပ်ဆောင်ပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာဆဲလ်များကို ဆဲလ်အပါ်ယံလွှာကွာခြင်း ဟုခေါ်သော ဆဲလ်သေဆုံးမှု ပုံစံတစ်မျိုးကို ဖြစ်စေနိုင်ပါသည်။ ဗီဒီယိုထဲတွင် ကင်ဆာဆေးသည် ကင်ဆာဆဲလ်များ (အပြာရောင်ဆဲလ်များ) ကို တိုက်ခိုက်ပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းကို နည်းလမ်းများစွာဖြင့် ပေးနိုင်ပါသည်။ နည်းလမ်းသည် အောက်ပါတို့အပေါ်တွင် မူတည်ပါသည်-
ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၍ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ ဤဗီဒီယို၌ ဓာတုကုထုံးတွင်သုံးသောဆေးတစ်ခုသည် ကင်ဆာဆဲလ်များ (အပြာရောင်) ကို တိုက်ခိုက်လိုက်ပြီး ဆဲလ်အပါ်ယံလွှာကွာခြင်းဟုခေါ်သည့် ဆဲလ်သေဆုံးမှုပုံစံတစ်မျိုးကို ဖြစ်ပေါ်စေပါသည်။
များသောအားဖြင့် ကင်ဆာဆေးသွင်းကုသခြင်းကို ပါးစပ်ဖြင့် သို့မဟုတ် သွေးပြန်ကြောမှတစ်ဆင့် ထိုးသွင်းပါသည်။ ဆေးဝါးများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသောကြောင့် ယင်းကို သွေးကြောများမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးသည့်ကင်ဆာဆေးသွင်းကုသခြင်းဟု ခေါ်သည်။ ကင်ဆာဆေးသွင်းကုသခြင်းသည် အဓိကအကျိတ်နေရာမှ အဝေးသို့ ပျံ့နှံ့သွားသည့် ကင်ဆာဆဲလ်များကို သတ်ပစ်နိုင်ပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် အများအားဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်ကြိမ်ထက်ပို၍ ဆေးဝါးများပေးကာ ကုသရလေ့ရှိပါသည်။ အဆိုပါကုသမှုများကို တိကျသော အချိန်ဇယားဖြင့် လုပ်ဆောင်ပါသည်။ အချိန်ဇယားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးအာနိသင် အထိရောက်ဆုံးဖြစ်စေရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်နာလန်ထူလာခွင့်ပေးရန် ဖြစ်ပါသည်။
ဆေးကုသမှုအဖွဲ့မှ အောက်ပါတို့ကို ဆုံးဖြတ်ပါလိမ့်မည်-
ကင်ဆာဆေးသွင်းကုသခြင်း စက်ဝန်းဆိုသည်မှာ ဆက်တိုက်ကုသမှုပေးသည့် ရက်အရေအတွက်နှင့် အနားယူသည့် ရက်အရေအတွက်ကို ဆိုလိုပါသည်။ ညွှန်ကြားထားသည့် စက်ဝန်းအရေအတွက်သည် ကင်ဆာဆေးသွင်းကုသခြင်းဆေးပတ်တစ်ပတ်နှင့် ညီမျှပါသည်။
ကင်ဆာဆေးသွင်းကုသမှု အမျိုးအစားနှင့် လူနာ၏ကျန်းမာရေးအပေါ် မူတည်၍ ကင်ဆာဆေးသွင်းကုသခြင်းကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် နေအိမ်တွင် လုပ်ဆောင်နိုင်ပါသည်။
"ကျွန်ုပ်သည် ရောဂါလက္ခဏာများကို စပြီး ခံစားရမှ နားလည်လာတာပါ။ ဒါက ကျွန်ုပ်၏ ပထမဆုံး ကင်ဆာဆေးသွင်း ကုသမှုပါ။ ထူးဆန်းမှုတစ်မျိုးကို ခံစားမိတယ်။"
ကင်ဆာဆေးသွင်းကုသခြင်းကို သွေးပြန်ကြောမှတစ်ဆင့် ပေးပါသည်။ ၄င်းမှာ ကလေးကင်ဆာရောဂါတွင် အတွေ့ရအများဆုံး ကင်ဆာဆေးသွင်းကုသမှုအမျိုးအစား ဖြစ်ပါသည်။
ကင်ဆာဆေးဝါးကို သင်မျိုချနိုင်သည့် ဆေးပြား သို့မဟုတ် အရည်ပုံစံဖြင့် ပေးပါသည်။
ကင်ဆာဆေးဝါးကို ဆေးထိုးအပ် ဖြင့် ထိုးသွင်းပေးပါသည်။
ကင်ဆာဆေးဝါးများကို ဦးနှောက်နှင့် အာရုံကျောမကြီးကို ဖုံးကွယ်ထားသည့် တစ်ရှူးအလွှာပါးများအကြားရှိ အရည်ဖြင့်ပြည့်နေသည့် နေရာအတွင်းသို့ ထိုးသွင်းပါသည်။
ကင်ဆာဆေးဝါးများကို သေးငယ်သည့် ပြွန်ငယ်မှတစ်ဆင့် ဝမ်းဗိုက်ခေါင်းအတွင်းသို့ တိုက်ရိုက်ထည့်သွင်းသည်။ ဝမ်းဗိုက်ခေါင်းသည် ရင်ဘတ်နှင့် တင်ပဆုံနေရာအကြား ခန္ဓာကိုယ်အလယ်ပိုင်းနေရာရှိ ကြီးမားသော အခေါင်းပေါက်နေရာတစ်ခု ဖြစ်ပါသည်။
ကင်ဆာဆေးဝါးကို လိုးရှင်း သို့မဟုတ် ခရင်မ်ပုံစံဖြင့် အရေပြားပေါ်တွင် လိမ်းပေးပါသည်။
ဘေးထွက်ဆိုးကျိုးများ ဆိုသည်မှာ ကင်ဆာရောဂါ ကုသမှုများကြောင့် ဖြစ်ပွားသည့် ပြဿနာများ ဖြစ်ပါသည်။ ကင်ဆာဆေးသွင်းကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများစွာသည် ကုသမှုပြီးဆုံးပြီးနောက် ပျောက်ကွယ်သွားလေ့ရှိပါသည်။ သို့သော် တခါတရံတွင် ဘေးထွက်ဆိုးကျိုးများသည် အချိန်ကြာသည်အထိ ပျောက်သွားခြင်းမရှိ သို့မဟုတ် ဘဝနောက်ပိုင်းတွင်ပင် ပြန်လည်၍ ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းတို့ကို ရေရှည်ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများဟု ခေါ်ပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာကဲ့သို့ အလျင်အမြန်ကြီးထွား၍ မျိုးပွားသောဆဲလ်များကို ပစ်မှတ်ထားပါသည်။ သို့သော် ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ မြန်မြန်ဆန်ဆန် ကြီးထွားပွားများသည့် အခြားဆဲလ်များကိုလည်း ထိခိုက်စေနိုင်သည်။ ၎င်းတို့တွင် ပါးစပ်နှင့် အူနံရံကို ဖုံးအုပ်ပေးထားသော ဆဲလ်များနှင့် ဆံပင်ပေါက်စေသည့် ဆဲလ်များ ပါဝင်ပါသည်။ ထို့ကြောင့် ပါးစပ်တွင် အနာပေါက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ဆံပင်ကျွတ်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို အတွေ့ရများခြင်း ဖြစ်ပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် ဆဲလ်များကိုလည်း ပျက်စီးစေနိုင်သည်ဆေးပမာဏ ကီမိုဆေးဝါးသွေးဆဲလ်အသစ်များ ထုတ်လုပ်သည့်နေရာ။ သွေးဆဲလ်အရေအတွက်နည်းခြင်း သည် ရောဂါပိုးဝင်ခြင်း၊ အညိုအမဲစွဲခြင်းနှင့် နုံးခွေခြင်းဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါသည်။
ဆေးဝါးများတွင် မတူညီသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ ကလေးများအားလုံးသည် ဆေးဝါးများကို တုံ့ပြန်ပုံ ကွဲပြားကြသည်။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ၊ ၎င်းတို့ဖြစ်ပွားနိုင်သည့်အချိန်နှင့် ၎င်းတို့ကို ကုသဖြေရှင်းနည်းအချို့အကြောင်း ဆွေးနွေးပြောဆိုမည် ဖြစ်ပါသည်။
တခါတရံတွင် ကင်ဆာဆေးဝါးများကို အရေပြားမှ စုပ်ယူနိုင်သည် သို့မဟုတ် အဆုတ်မှတစ်ဆင့် ရှူသွင်းမိနိုင်သည်။ ဆေးဝါးများသည် အိမ်ရှိ အစားအစာများ သို့မဟုတ် နေ့စဉ်သုံး မျက်နှာပြင်များနှင့် ထိတွေ့ပါက မိသားစုဝင်များသည်လည်း ကင်ဆာဆေးဝါးများနှင့် ထိတွေ့နိုင်ပါသည်။
ဆေးဝါးများကို ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းသည် အရေးကြီးပါသည်။ ဆေးဝါးများကို ကောင်းစွာ သိုလှောင်ခြင်းမပြုလုပ်ပါက၊ ညွှန်ကြားသည့်အတိုင်း သောက်သုံးခြင်းမရှိပါက၊ မသက်ဆိုင်သူတစ်ဦးဦးမှ သောက်သုံးမိပါက သို့မဟုတ် ဘေးကင်းလုံခြုံစွာ စွန်ပစ်ခြင်းမရှိပါက ဆေးဝါးများအားလုံးသည် အန္တရာယ်ရှိနိုင်ပါသည်။
ကင်ဆာဆေးဝါးများကို လုံခြုံစိတ်ချစွာ ကိုင်တွယ်ဆောင်ရွက်ခြင်းအကြောင်း ပိုမိုလေ့လာပါ
—
ပြန်လည်စစ်ဆေးထားသည်- ဖေဖော်ဝါရီလ 2023 ခုနှစ်
ဆေးဝါးများကို ကလေးများတွင် ရောဂါအမျိုးမျိုးကို ကုသရန်အတွက် အသုံးပြုကြပါသည်။ ကလေးရောဂါများအတွက် ဆေးဝါးများဆိုင်ရာ ကျွန်ုပ်တို့၏လမ်းညွှန်ကို လေ့လာကြည့်ပါ။
Central line (ဗဟိုသွေးပြန်ကြောသွင်းပိုက်ထည့်ခြင်း) ဆိုသည်မှာ သွေးပြန်ကြောမကြီးထဲတွင် ထည့်သွင်းထားပြီး ဆေးဝါးများ၊ အရည်များ သို့မဟုတ် အာဟာရများပေးရန်နှင့် သွေးနမူနာများ ထုတ်ယူရန် အသုံးပြုသည့် သေးငယ်သောပိုက်တစ်ခု ဖြစ်သည်။ ဗဟိုသွေးပြန်ကြောတွင်း ပိုက်ထည့်ခြင်းအကြောင်း လေ့လာပါ။