ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဆိုင်ရာ မေးလေ့ရှိသောမေးခွန်းများနှင့် အကြံပြုချက်များ
အတူတကွ by St. Jude™ ဝက်ဘ်ဆိုက်သည် စာရင်းသွင်းရန် လိုအပ်ပါသလား။
မလိုအပ်ပါ၊ သင်သည် အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုရန်အတွက် မှတ်ပုံတင်စာရင်းသွင်းရန် မလိုအပ်ပါ။ ဝက်ဘ်ဆိုက်၏ အချက်အလက်အသစ်များနှင့် တိုးတက်မှုများကို ဆက်လက်သိရှိနိုင်ရန် ကျွန်ုပ်တို့၏ အီးမေးလ်သတင်းလွှာတွင် စာရင်းသွင်းရန် အသုံးပြုသူများအား အကြံပြုအပ်ပါသည်။
အက်ပ်တစ်ခုကဲ့သို့ ဆိုက်ကို မှတ်သားထားမှု ပြုလုပ်နည်း
အတူတကွ by St. Jude™ အွန်လိုင်းရင်းမြစ်တွင် မိုဘိုင်းအက်ပ် မရှိပါ။ သို့သော်လည်း အမြန်ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖုန်း၏ ပင်မစခရင်တွင် ဆိုက်ကို မှတ်သားထားမှု ပြုလုပ်ထားနိုင်ပါသည်။ အောက်ပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ-
iOS အတွက် ညွှန်ကြားချက်များ
- Safari တွင် ဆိုက်ကို ဖွင့်ပါ။
- အောက်ခြေရှိ မျှဝေရန်အိုင်ကွန်ကို နှိပ်ပါ။
- “ပင်မစခရင်သို့ ထည့်ရန်” ကို မြင်ရသည်အထိ ရွှေ့ပါ။
- “အတူတကွ” ဟု ရိုက်ထည့်၍ “ထည့်ရန်” ကို နှိပ်ပါ။
- ယခု သင်၏ ပင်မစခရင်တွင် ကျွန်ုပ်တို့၏ စိမ်းပြာရောင်အိုင်ကွန်ကို မြင်ရပါမည်။
Android အတွက် ညွှန်ကြားချက်များ
- မူရင်းဘရောက်ဆာတွင် ဆိုက်ကို ဖွင့်ပါ။
- မီနူးအိုင်ကွန်ကို နှိပ်ပါ။
- “shortcut ထည့်ရန်” သို့မဟုတ် “ပင်မစခရင်သို့ ထည့်ရန်” ဟု ဖော်ပြသည့် ရွေးချယ်မှုကို နှိပ်ပါ။
- “အတူတကွ” ဟု ရိုက်ထည့်၍ “ထည့်ရန်” ကို နှိပ်ပါ။
- ယခု သင်၏ ပင်မစခရင်တွင် ကျွန်ုပ်တို့၏ စိမ်းပြာရောင်အိုင်ကွန်ကို မြင်ရပါမည်။
အီးမေးလ်ဖြင့် သို့မဟုတ် လူမှုမီဒီယာတွင် စာမျက်နှာတစ်ခုကို မည်သို့မျှဝေရမည်နည်း
အတူတကွ by St. Jude™ အွန်လိုင်းရင်းမြစ်ရှိ စာမျက်နှာတိုင်းတွင် Facebook၊ X၊ WhatsApp နှင့် အီးမေးလ်မှတစ်ဆင့် မျှဝေရန် ခလုတ်များ ပါရှိပါသည်။ ဒက်စ်တော့၌ စာမျက်နှာတစ်ခုကို ရွှေ့ရန်ပြုလုပ်သည်နှင့် ခလုတ်များသည် ညာဘက်အောက်ခြေထောင့်တွင် ပေါ်လာပါမည်။ မိုဘိုင်းစက်ပစ္စည်းတွင် ခလုတ်များသည် စာမျက်နှာတစ်ခုစီ၏ အောက်ခြေတွင် ပေါ်လာပါမည်။
အတူတကွ by St. Jude သည် ၎င်းတို့၏ အချက်အလက်များကို မည်ကဲ့သို့ အပ်ဒိတ်ပြုလုပ်သနည်း
ကျွန်ုပ်တို့၏ စာရေးဆရာများနှင့် လူနာပညာပေးပညာရှင်အဖွဲ့သည် ကျွန်ုပ်တို့၏ အကြောင်းအရာများကို ပုံမှန်ပြန်လည်သုံးသပ်ပြီး တိကျမှန်ကန်ကြောင်း သေချာစေရန်အတွက် St. Jude Children’s Research Hospital ရှိ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် နီးကပ်စွာအတူတကွ ပူးပေါင်းဆောင်ရွက်ပါသည်။
အတူတကွ by St. Jude အွန်လိုင်းရင်းမြစ်ရှိ အချက်အလက်များသည် အထွေထွေပညာပေးအတွက်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာအကြံဉာဏ်ကို အစားထိုးခြင်း မဟုတ်ပါ။
အတူတကွ by St. Jude အဖွဲ့ကို မည်ကဲ့သို့ဆက်သွယ်ရမည်နည်း။
ကျွန်ုပ်တို့သည် သင့်ထံမှ ကြားလိုပါသည်။ ကျွန်ုပ်တို့ထံ together@stjude.org သို့ အီးမေးလ်ပေးပို့ပါ။
အတူတကွ by St. Jude အတွက် ဘာသာစကားများ
အတူတကွ by St. Jude အွန်လိုင်းအရင်းအမြစ်ကို လက်ရှိတွင် ဘာသာစကား 12 မျိုးဖြင့် ရရှိနိုင်ပါသည်- အင်္ဂလိပ်၊ အာရဗီ၊ မြန်မာ၊ တရုတ်၊ ပြင်သစ်၊ ဟင်ဒီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ယူကရိန်း နှင့် အူရဒူ။ သင့်စခရင်၏ ညာဘက်အပေါ်ထောင့်ရှိ ဘာသာစကားရွေးချယ်ရန်ခလုတ်ကို အသုံးပြု၍ သင်နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်နိုင်ပါသည်။ ဘာသာစကားအသစ်များ ထွက်ရှိမှုအကြောင်းကို လေ့လာရန်အတွင် ကျွန်ုပ်တို့၏ သတင်းလွှာကို စာရင်းသွင်းရန် အားပေးပါသည်။
မတူညီသည့် နိုင်ငံများနှင့် ယဉ်ကျေးမှုများမှ လူများအတွက် အကြောင်းအရာများကို ကျွန်ုပ်တို့ မည်သို့ ဘာသာပြန်ဆိုကြသနည်း
ကျွန်ုပ်တို့အဖွဲ့သည် ကျွန်ုပ်တို့၏ အကြောင်းအရာများကို ဘာသာပြန်ဆိုရန်အတွက် ဇီဝသိပ္ပံဘာသာရပ်တွင် အထူးလေ့ကျင့်မှုပြုလုပ်ထားသည့် ပရော်ဖက်ရှင်နယ် ဘာသာပြန်များနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် ပြည်တွင်း၊ ပြင်ပအဖွဲ့အစည်း သုံးသပ်သူများအပြင် တစ်ခါတစ်ရံတွင် အစမ်းခန့်စာဖတ်သူများနှင့်လည်း လက်တွဲဆောင်ရွက်ပါသည်။ ဤပြန်လည်သုံးသပ်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ဆေးပညာဆိုင်ရာ နောက်ခံအသိများရှိပြီး ဘာသာစကားတစ်ခုချင်းစီ၏ မိခင်ဘာသာစကားပြောသူများဖြစ်ကာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ကြပါသည်။ ၎င်းတို့သည် ဘာသာပြန်ဆိုမှုတစ်ခုစီကို ပြန်လည်သုံးသပ်ပြီး အရည်အသွေးမြင့် ဘာသာပြန်ဆိုမှုတစ်ခု ပြုလုပ်ရန် လိုအပ်သလို ပြန်လည်တည်းဖြတ်မှုများ ပြုလုပ်ပါသည်။
အင်္ဂါရပ် သို့မဟုတ် အကြောင်းအရာအသစ်များအကြောင်းကို မည်သို့လေ့လာရမည်နည်း
ကျွန်ုပ်တို့၏ အပြန်အလှန်တုံ့ပြန်နိုင်သည့် ဝေါဟာရအဘိဓာန်ကို မည်သို့အသုံးပြုရမည်နည်း
ဝက်ဘ်ဆိုက်တစ်ခုလုံးတွင် သင်သည် စကားလုံးအချို့ဘေးတွင် အိုင်ကွန်ငယ်တစ်ခုကို တွေ့မြင်ရပါမည် (ဥပမာ၊ကင်ဆာ)။ ၎င်းက ထိုဝေါဟာရသည် ကျွန်ုပ်တို့၏ ဝေါဟာရအဘိဓာန်တွင် ပါဝင်ကြောင်း ညွှန်ပြသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်ရန် ဝေါဟာရပေါ်တွင် မောက်စ်ကို ရွှေ့၍တင်ထားပါ။ မိုဘိုင်းပစ္စည်းတွင် စကားလုံးကို ရိုးရှင်းစွာ နှိပ်လိုက်ပါ။ အခြားဝေါဟာရများကို ရှာဖွေရန်၊ ဝေါဟာရအဘိဓာန်သို့ ဝင်ရောက်ကြည့်ရှုပါ။
St. Jude တွင် ကုသမှုဆိုင်ရာနှင့် စောင့်ရှောက်မှုအကြောင်းကို မည်သို့လေ့လာရမည်နည်း
အတူတကွ by St. Jude အစီအစဉ်နှင့် မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်ရမည်နည်း
ကျွန်ုပ်တို့သည် ကလေးဘဝနှင့် ဆယ်ကျော်သက်ကင်ဆာ၊ သွေးရောဂါများနှင့် အခြားပြင်းထန်သောရောဂါများခံစားရမှုကို ရင်ဆိုင်နေရသည့် လူနာများနှင့် မိသားစုများအတွက် ၎င်းတို့သည် မည်သည့်နေရာတွင်မဆို နေထိုင်သည်ဖြစ်စေ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်နှင့် ပညာပေးရင်းမြစ်တစ်ခုဖြစ်လာရန် ကတိပြုပါသည်။ သင်သည် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ အကြောင်းအရာများကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။ သင်၏ အတွေးအမြင်များနှင့် ကျွမ်းကျင်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ မိသားစုများ၏ လိုအပ်ချက်များကို ကျွန်ုပ်တို့ ဖြည့်ဆည်းပေးနိုင်ကြောင်း သေချာစေရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့နှင့်အတူ စတင်အလုပ်လုပ်ကိုင်ရန် together@stjude.org သို့ အီးမေးလ်ပေးပို့ပါ။
လူမှုမီဒီယာရှိ အတူတကွ by St. Jude
အတူတကွ by St. Jude ဆေးဘက်ဆိုင်ရာ သရုပ်ဖော်ပုံများကို မည်ကဲ့သို့ အသုံးပြုရမည်နည်း
ကျွန်ုပ်တို့၏ အကြောင်းအရာအများစုကို မူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားသောကြောင့် ၎င်းသည် ကျွန်ုပ်တို့၏ မူပိုင်ခွင့်ရလက်ရာများကို ပြန်လည်ထုတ်လုပ်ရန်၊ ဖြန့်ဝေရန်၊ ပြသရန်၊ လုပ်ဆောင်ရန်နှင့် အသုံးပြုရန် သီးသန့်အခွင့်အရေးများကို ပေးပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မူပိုင်ခွင့်ရအကြောင်းအရာများကို ကိုယ်ရေးကိုယ်တာ၊ စီးပွားဖြစ်မဟုတ်သော အသုံးပြုမှုအတွက် ကျွန်ုပ်တို့၏ဝဘ်ဆိုက်တွင် အခမဲ့ ပံ့ပိုးပေးထားပါသည်။ ကျွန်ုပ်တို့သည် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ပြီးပြည့်စုံသော အွန်လိုင်းအရင်းအမြစ်တစ်ခုကို ပံ့ပိုးပေးမည့် ကျွန်ုပ်တို့ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်းကို လုပ်ဆောင်ပါသည်။
အကယ်၍ သင့်တွင် သီးခြားလိုအပ်ချက်ရှိပါက ကျေးဇူးပြု၍ together@stjude.org သို့ အီးမေးလ်ပေးပို့ပါ။ သင့်လျော်ပါက ကျွန်ုပ်တို့သည် လိုင်စင်သဘောတူညီချက်တစ်ခုကို တီထွင်ရေးဆွဲပါမည်။
အတူတကွ by St. Jude ရင်းမြစ်များသို့ မည်သို့ချိတ်ဆက်ရမည်နည်း
–
ပြန်လည်သုံးသပ်သည့် ရက်စွဲ- အောက်တိုဘာလ 2024 ခုနှစ်
-
ကျွန်ုပ်တို့ အကြောင်း
အတူတကွ (Together) မှ မိသားစုများအတွက် ကျယ်ပြန့်စုံလင်သော ဆေးကုသမှုဆိုင်ရာ အချက်အလက်များ၊ အကူအညီပေးနိုင်သည့် ကုသရေး ရင်းမြစ်များနှင့် မျှော်လင့်ချက်၊ ကုသပျောက်ကင်းမှုနှင့် အတွေ့အကြုံများအကြောင်းကို ပေးအပ်ထားပါသည်။
-
ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
ကျွန်ုပ်တို့သည် ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ် ကင်ဆာရောဂါနှင့် အခြားပြင်းထန်သောရောဂါများနှင့် ရင်ဆိုင်နေရသူတိုင်းအတွက် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။ သင့်တွင် မေးခွန်းများ သို့မဟုတ် မှတ်ချက်များရှိပါက ကျွန်ုပ်တို့ထံသို့ အီးမေးလ်ပို့ပါ။