အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ

ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရသော သင့်ကလေးအား မည်သို့ကူညီပေးရမည်ကို လေ့လာပါ

သင့်ကလေး ကြုံတွေ့ရနိုင်သည့် ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်းကို လေ့လာပါ။ နာကျင်ခြင်း၊ နုံးခွေခြင်းနှင့် ပျို့အန်ခြင်းကဲ့သို့သော အဖြစ်များသည့် အခက်အခဲများအကြောင်း ရှင်းလင်းပြီး နောက်ဆုံးပေါ် အချက်အလက်များကို ရှာဖွေဖတ်ရှုပါ။ သင့်ကလေး ရင်ဆိုင်ကြုံတွေ့နေရနိုင်သည့် အခြေအနေများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် လေ့လာပါ။ ၎င်းတို့၏ သက်တောင့်သက်သာရှိမှုနှင့် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်မည့် ရွေးချယ်စရာများကို ရှာဖွေလေ့လာပါ။

အထူးဖော်ပြချက် အရင်းအမြစ်များ

  • ပင်ပန်းနွမ်းနယ်ခြင်း

    ပင်ပန်းနွမ်းနယ်ခြင်းသည် အနားယူသော်လည်း မသက်သာသော မောပန်းခြင်း သို့မဟုတ် အားအင်မရှိခြင်း ခံစားချက်တစ်ခု ဖြစ်သည်။ သင့်ကလေး၏ ပင်ပန်းနွမ်းနယ်ခြင်းကို ထိန်းချုပ်နိုင်ရန် အထောက်အကူပြုသော နည်းလမ်းများကို လေ့လာပါ။

  • ဆေးစာရင်း

    ဆေးဝါးများကို ကလေးများတွင် ရောဂါအမျိုးမျိုးကို ကုသရန်အတွက် အသုံးပြုကြပါသည်။ ကလေးရောဂါများအတွက် ဆေးဝါးများဆိုင်ရာ ကျွန်ုပ်တို့၏လမ်းညွှန်ကို လေ့လာကြည့်ပါ။

  • နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း

    နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုသည် ကင်ဆာ၊ သွေးရောဂါများနှင့် အခြားရောဂါများခံစားနေရသည့် ကလေးများအား စောင့်ရှောက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေးများတွင် နာကျင်မှုကို ကာကွယ်ရန်နှင့် ကုသရန် နည်းလမ်းများကို လေ့လာပါ။

  • ကုသမှုများ

    ကလေးဘဝရောဂါကုသမှုများတွင် ဆေးဝါးသောက်သုံးခြင်း၊ ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်ကုထုံး၊ ပင်မဆဲလ်အစားထိုးကုသမှု၊ ကိုယ်ခံစွမ်းအားကုထုံး သို့မဟုတ် ပစ်မှတ်ထားကုထုံးတို့ ပါဝင်ပါသည်။ ဤကုသမှုများအကြောင်းကို လေ့လာပါ။

  • သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy)

    သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) သည် သရက်ရွက်ကို ဖယ်ရှားသည့် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ ၎င်းကို အချို့သော ကျန်းမာရေးအခြေအနေများကို ကုသရန် ပြုလုပ်ပါသည်။ သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) အကြောင်းကို ပိုမိုလေ့လာပါ။