သွေးခဲဆိုသည်မှာ သွေးဆဲလ်များနှင့် ပရိုတင်းများ စုစည်းပြီး အတုံးအခဲတစ်ခုအဖြစ် အတူတကွ ကပ်တွယ်သွားသည့် ဂျယ်လ်ကဲ့သို့ ပျစ်ခဲနေသော သွေးခဲတစ်ခု ဖြစ်သည်။ သွေးသည် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောဟု ခေါ်သော သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းပါသည်။ အကယ်၍ ပြတ်ရှခြင်း သို့မဟုတ် ဒဏ်ရာရခြင်းကဲ့သို့သော ထိခိုက်ဒဏ်ရာရမှု ရှိပါက သွေးထွက်ခြင်းကို ရပ်တန့်ရန် ဒဏ်ရာရသည့်နေရာ၌ သွေးခဲတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ခါတစ်ရံတွင် သွေးခဲသည် သွေးကြောအတွင်း မလိုအပ်ဘဲ ဖြစ်ပေါ်လာပြီး သွေးစီးဆင်းမှုကို ပိတ်ဆို့တတ်သည်။ ၎င်းကို သွေးကြောအတွင်း သွေးခဲပိတ်ခြင်းဟု လူသိများသည်။ သွေးခဲသည် ပြုတ်ထွက်သွားပြီး အဆုတ် သို့မဟုတ် ဦးနှောက်ဆီသို့လည်း ရောက်ရှိသွားနိုင်ပါသည် (မျောပါလာသော သွေးခဲကြောင့် သွေးကြောပိတ်ဆို့ခြင်း)။
သွေးခဲများသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။
အကယ်၍ သွေးခဲသည် သွေးကြောအတွင်း ဖြစ်ပေါ်လာပါက သို့မဟုတ် ပြုတ်ထွက်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုသို့ ရောက်ရှိသွားပါက အန္တရာယ်ရှိနိုင်ပါသည်။
သွေးခဲခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် သွေးခဲတည်ရှိရာနေရာပေါ်တွင် မူတည်သည်။
သွေးပြန်ကြောနက်တွင်း သွေးခဲပိတ်ခြင်း သို့မဟုတ် DVT- အကယ်၍ သွေးခဲသည် ကြွက်သားအတွင်းပိုင်း၊ ပုံမှန်အားဖြင့် ခြေထောက် သို့မဟုတ် လက်မောင်းတွင် ရှိနေပါက လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
အဆုတ်သွေးကြောပိတ်ခြင်း- အကယ်၍ သွေးခဲသည် အဆုတ်ဆီသို့ ရောက်ရှိသွားပါက အောက်ပါ လက္ခဏာများ နှင့် ရောဂါလက္ခဏာများ ဖြစ်နိုင်ပါသည်-
လေဖြတ်ခြင်း- အကယ်၍ သွေးခဲသည် ဦးနှောက်ဆီသို့ ရောက်ရှိသွားပါက အောက်ပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်-
သွေးခဲခြင်းသည် အရေးပေါ် ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ရပ် ဖြစ်သည်။ အကယ်၍ သင့်ကလေးတွင် ဤလက္ခဏာများနှင့် ရောဂါလက္ခဏာများအနက် တစ်ခုခုရှိပါက ချက်ချင်း ဆေးဝါးကုသမှု ခံယူပါ။
အချို့သော အချက်များသည် သင့်ကလေးတွင် သွေးခဲနိုင်ခြေ အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-
သွေးခဲခြင်းကို ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ သွေးစစ်ခြင်းများနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်းများ အသုံးပြု၍ ရောဂါရှာဖွေဖော်ထုတ်ပါသည်။
သွေးခဲခြင်းအတွက် ကုသမှုသည် သင့်ကလေး၏ ရောဂါရာဇဝင်၊ သွေးခဲတည်ရှိရာနေရာနှင့် သွေးခဲရခြင်း၏ အကြောင်းရင်းတို့ အပေါ်တွင် မူတည်ပါသည်။
Anticoagulants (သွေးကျဲဆေး) ဟုခေါ်သော ဆေးဝါးများသည် သွေးခဲခြင်းအတွက် အဓိကကုသမှုတစ်ရပ် ဖြစ်သည်။ အချို့သော အခြေအနေများတွင် သွေးခဲခြင်းသည် အသက်အန္တရာယ်စိုးရိမ်ရပါက သွေးခဲကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်နိုင်ပါသည်။
သင့်ကလေးအနေဖြင့် သွေးခဲအခြေအနေကို စောင့်ကြည့်စစ်ဆေးရန် ထပ်ဆောင်း ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ဖို့ လိုအပ်နိုင်ပါသည်။
သွေးခဲပိတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သော ရောဂါစု (PTS) ဆိုသည်မှာ အောက်ခြေ သွေးပြန်ကြောကြီးများတွင် သွေးခဲပိတ်ခြင်း ဖြစ်ပွားပြီးနောက် ရေရှည်တွင် ဖြစ်လာနိုင်ခြေရှိသော နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်သည်။ အကယ်၍ သွေးကြောအတွင်း ထိခိုက်ပျက်စီးမှုရှိပါက သင့်ကလေး၏ ထိခိုက်မိသော ခြေလက်အင်္ဂါ (လက်မောင်း သို့မဟုတ် ခြေထောက်) တွင် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ ဖြစ်ပွားလာနိုင်ပါသည်။
သွေးခဲပိတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သော ရောဂါစု၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
ပြင်းထန်သော အခြေအနေတွင် သွေးခဲပိတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သော ရောဂါစုကြောင့် အရေပြားပေါ်၌ အနာများ သို့မဟုတ် အနာစက်များ ဖြစ်ပွားနိုင်ပါသည်။ ၎င်းအနာများသည် ကျက်ရန် ခက်ခဲနိုင်ပါသည်။
ဤလက္ခဏာများနှင့် ရောဂါလက္ခဏာများသည် သွေးခဲပိတ်ခြင်း၏ လက္ခဏာများနှင့်လည်း ဆင်တူနိုင်ပါသည်။ အကယ်၍ ရောဂါလက္ခဏာများ ဆက်လက်ဖြစ်ပွားနေပါက၊ ပိုမိုဆိုးရွားလာပါက၊ သို့မဟုတ် ဖြစ်ပွားရသည့် အကြောင်းရင်းကို သေချာမသိပါက ဆေးကုသမှုကို ခံယူပါ။
သွေးခဲပိတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သော ရောဂါစုကို ကုသရာတွင် ကူညီပေးနိုင်မည့် နည်းလမ်းများမှာ အောက်ပါတို့ ဖြစ်ပါသည်-
သင့်ကလေးတွင် သွေးခဲနိုင်ခြေ ရှိ၊ မရှိနှင့် စောင့်ကြည့်ရမည့် လက္ခဏာများ၊ ရောဂါလက္ခဏာများနှင့် ပတ်သက်၍ သင့်ပြုစုကုသရေးအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ သွေးခဲခြင်းကို ကာကွယ်ရန်နှင့် စီမံခန့်ခွဲရန်အတွက် သင့်ပြုစုကုသရေးအဖွဲ့က ပေးထားသော ညွှန်ကြားချက်များကို အမြဲတစေ လိုက်နာဆောင်ရွက်ပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2024 ခုနှစ်
ဖြစ်ပွားနိုင်ခြေရှိသော ဗဟိုသွေးပြန်ကြောသွင်းပိုက် ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများတွင် ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်းနှင့် ပိုက်ရွေ့လျားခြင်းတို့ ပါဝင်သည်။ ဗဟိုသွေးပြန်ကြောသွင်းပိုက် ဆိုင်ရာ ပြဿနာများနှင့် ယင်းတို့ကို ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်း လေ့လာပါ။
တံစဉ်ပုံသွေးနီဆဲလ်ရောဂါသည် လေဖြတ်နိုင်ခြေကို မြင့်တက်စေပါသည်။ လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများနှင့် တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသည့် ကလေးများတွင် လေဖြတ်ခြင်းကို ကာကွယ်ရန်နှင့် ကုသရန် နည်းလမ်းများအကြောင်းကို လေ့လာပါ။
Thrombocytopenia (သွေးဥမွှားအရေအတွက် နည်းပါးခြင်း) သည် သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းတို့ကို ဖြစ်စေနိုင်သည်။ သွေးဥမွှားအရေအတွက် နည်းပါးခြင်း၏ လက္ခဏာများနှင့် ကုသမှုများအကြောင်း လေ့လာရန်။