အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်း (အယ်လိုပီးဆီးယား)သည် ကီမိုဆေးသွင်းခြင်းကုထုံး နှင့် ဓာတ်ရောင်ခြည် ကုထုံးအပါအဝင် ကင်ဆာရောဂါကုထုံးအချို့၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းကို ထိန်းချုပ်သည့် ဆဲလ်များသည် ကြီးထွားမှုနှုန်းမြန်ဆန်သည့် ဆဲလ်များဖြစ်ပြီး ကင်ဆာဆဲလ်များကိုတိုက်ခိုက်သည့် ကုသမှုများသည် ၎င်းဆဲလ်များအား ထိခိုက်မှုဖြစ်စေပါသည်။ များစွာသော ကင်ဆာကုသမှုများသည် ကင်ဆာဆဲလ်များနှင့် ဆံပင်အိတ်ဆဲလ်များကဲ့သို့သော ကြီးထွားမြန်ပြီး ပွားနှုန်းမြန်သည့်ဆဲလ်များကို တိုက်ခိုက်သဖြင့် ၎င်းကဲ့သို့ဆံပင်ကျွတ်ရခြင်းဖြစ်သည် ဆံပင်အိတ်.

ဆံပင်ကျွတ်ခြင်းသည် မည်သည့်အချိန်တွင်ဖြစ်မည်နှင့် မည်ကဲ့သို့ဖြစ်လာမည်နှင့် ဆံပင်ကျွတ်ခြင်း အန္တရာယ်တို့သည် မတူညီသည့်လူနာများနှင့် မတူညီသည့်ကုသမှုများအပေါ် မူတည်ကွာခြားသည်။ ကီမိုဆေးသွင်းခြင်းကုထုံး နှင့် အခြားကင်ဆာဆေးများကြောင့်ဖြစ်သည့် ဆံပင်ကျွတ်ခြင်းသည် ယာယီသာဖြစ်လေ့ရှိပြီး ကုသမှု ပြီးဆုံးပြီးနောက်ပိုင်းတွင် ဆံပင် ပြန်ပေါက်လာလိမ့်မည်။ သို့သော် အချို့လူနာများသည် ဆံပင်ကြီးထွားမှု၊ ဆံပင်သား သို့မဟုတ် ဆံပင်ပုံပန်းသဏ္ဍာန်တို့တွင် အပြောင်းအလဲများ အချိန်ကြာမြင့်စွာ ရှိနေနိုင်ပြီး အထူးသဖြင့် ဓာတ်ရောင်ခြည်ကုထုံးပြီးနောက် ၎င်းကဲ့သို့ ဖြစ်နိုင်ပါသည်။

ဆံပင်ကျွတ်ခြင်းသည် ကင်ဆာရောဂါ ရင်ဆိုင်နေရသော ကလေးများနှင့် ဆယ်ကျော်သက်များအတွက် စိုးရိမ်သောကနှင့် စိတ်ပူပန်မှုတို့ အကြီးအကျယ် ဖြစ်စေနိုင်ပါသည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် သီးသန့်ကုသမှုတစ်မျိုးမျိုးက ဆံပင်ကျွတ်ခြင်း ဖြစ်စေနိုင်မလားနှင့် မည်သို့မျှော်လင့်ထားရမည်ကို မိသားစုများ သိရှိနိုင်အောင် ကူညီပေးနိုင်ပါသည်။

ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကြီးထွားခြင်းကို ထိန်းချုပ်သည့်ဆဲလ်များနှင့် ဆံပင်ပေါက်ရာဆံပင်အိတ် ကိုထောက်ပံ့ပေးသည့် ဆဲလ်များအား ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ၎င်းက ဆံပင်များကျွတ်ကျလာခြင်းကို ဖြစ်စေပြီး ဆံပင်အသစ်ပေါက်ခြင်းကို တားဆီးသည်။

ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကြီးထွားခြင်းကို ထိန်းချုပ်သည့်ဆဲလ်များနှင့် ဆံပင်ပေါက်ရာဆံပင်အိတ် ကိုထောက်ပံ့ပေးသည့် ဆဲလ်များအား ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ၎င်းက ဆံပင်များကျွတ်ကျလာခြင်းကို ဖြစ်စေပြီး ဆံပင်အသစ်ပေါက်ခြင်းကို တားဆီးသည်။

ကီမိုဆေးသွင်းခြင်းကုထုံးပြီးနောက် ဆံပင်ကျွတ်ခြင်း

ကီမိုဆေးသွင်းခြင်းကုထုံးဆေးများအားလုံးက ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသည် မဟုတ်ပါ။ အချို့သောဆေးဝါးများတွင်သာ ဆံပင်ကျွတ်ခြင်းအန္တရာယ် အလွန်မြင့်မားခြင်းဖြစ်သည်။ အခြားဆေးဝါးများသည် ဆံပင်ကျွတ်ခြင်းကို ရံဖန်ရံခါမှဖြစ်စေသည်၊ သို့မဟုတ် သတိမပြုမိလောက်အောင်သာ ဆံပင်ကျွတ်စေသည်။ ဆံပင်ကျွတ်သည့်ကာလနှင့် ဆံပင်ကျွတ်သည့်ပမာဏသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစား၊ ဆေးပမာဏနှင့် အချိန်ဇယားပေါ်တွင် မူတည်ပါသည်။

ဦးခေါင်းအရှေ့ပိုင်းရှိ ဆံပင်အလွန်မထူထဲသည့် ဦးရေပြားများမှ ဆံပင်ကျွတ်ခြင်းသည် ထင်သာမြင်သာရှိသည်။ အချို့လူနာများမှာမူ လုံးဝဆံပင်ကျွတ်ပြီး ကတုံးဖြစ်လာသည်။ အခြားသော လူနာများအနေဖြင့် ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်အကွက်လိုက်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးသည် ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားသောကြောင့်၊ ဆံပင်ကျွတ်ခြင်းတွင် မျက်တောင်မွှေး၊ မျက်ခုံးမွှေးနှင့် ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များလည်း ပါဝင်နိုင်ပါသည်။

လူနာအများအပြားအတွက်မူ၊ ကီမိုဆေးသွင်းခြင်း ကုထုံးစတင်ပြီး ရက်သတ္တပတ် 2-4 ပတ် ကြားတွင် ဆံပင်ကျွတ်ခြင်း စဖြစ်လေ့ရှိသည်။ ဆံပင် အကွက်လိုက် ကျွတ်ကျနိုင်ပါသည် သို့မဟုတ် တဖြည်းဖြည်းချင်း ပါးနိုင်ပါသည်။ ကီမိုဆေးသွင်းခြင်း ကုထုံး ပြီးဆုံးသည့်အခါ၊ ဆံပင် စတင်၍ပြန်ထွက်လာလိမ့်မည်။ ဆံပင်နှင့် အမွှေးအမျှင်များအသစ် ပြန်ထွက်လာသည်ကို မြင်နိုင်ရန်အတွက် 2-3 လခန့် အချိန်ကြာမြင့်တတ်သည်။ ဆံပင်သား မတူကွဲပြားခြင်းသည်၊ အထူးသဖြင့် ဦးစွာဖြစ်လာနိုင်သည်။ အချို့လူနာများတွင် “ကီမိုဆေးကြောင့် ကွေးကောက်ခြင်း” ဖြစ်တတ်ပြီး ဆံပင်အမွှေးအမျှင်များသည် ခါတိုင်းထက် ပိုမိုကွေးကောက်၍ ပြန်ထွက်လာတတ်သည်။

ကီမိုဆေးသွင်းခြင်း ကုထုံးသည် အဘယ်ကြောင့် ဆံပင်ကျွတ်စေသနည်း။

ဆံပင် ကြီးထွားခြင်းသည် အရေပြားအောက်တွင် ဖြစ်ပေါ်သည်။ ဆံပင်တစ်မျှင်ချင်းစီသည် စတင်ကြီးထွားခြင်းမှသည် ကျွတ်ခြင်းအထိ သံသရာအဆင့်ဆင့်ကို ဖြတ်သန်းကြသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကြီးထွားခြင်းကိုထိန်းချုပ်သည့်ဆဲလ်များနှင့် ဆံပင်ပေါက်ရာဆံပင်အိတ်ကို ထောက်ပံ့ပေးသည့် ဆဲလ်များအား ထိခိုက်ပျက်စီးစေနိုင်သည် ဆံပင်အိတ် ဆံပင်ပေါက်ရာ။ ၎င်းက ဆံပင်များကျွတ်ကျလာခြင်းကို ဖြစ်စေပြီး ဆံပင်အသစ်ပေါက်ခြင်းကို တားဆီးသည်။

မည်သည့်ကင်ဆာဆေးဝါးများက ဆံပင်ကျွတ်ခြင်းကိုဖြစ်စေပါသလဲ။

ဆံပင်ကျွတ်ခြင်းသည် အချို့သောကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ပစ်မှတ်ထားကုထုံး အပါအဝင် ကင်ဆာဆေးဝါးအချို့၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။ ဆံပင်ကျွတ်ခြင်း၏ အခြေအနေနှင့် ပြင်းထန်မှုတို့သည် အသုံးပြုသည့်ဆေးဝါးတစ်ခုစီအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ မိသားစုများသည် သောက်သုံးရန် ညွှန်ကြားထားသည့် ဆေးဝါးကုသမှုအစီအစဉ် တွင်ပါသောဆေးဝါးတစ်ခုချင်းစီ၏ ဆံပင်ကျွတ်နိုင်ခြေကို နားလည်သဘောပေါက်စေရန်အတွက် ၎င်းတို့၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးသင့်သည်။

ကီမိုဆေးသွင်းခြင်း ကုထုံးနည်းဖြင့် ကုသနေစဉ်အတွင်း ဆံပင်ကျွတ်နိုင်ခြေသည် အောက်ပါအချက်များအပေါ် မူတည်နိုင်သည်-

  • ကီမိုဆေးသွင်းခြင်း ကုထုံး၏ ဆေးပမာဏ – ကီမိုဆေးသွင်းခြင်း ကုထုံးတွင်သုံးသော ဆေးပမာဏများပါက ဆံပင်ကျွတ်နိုင်ခြေ ပိုများနိုင်သည်။
  • အသုံးပြုသည့်ကုသနည်း သို့မဟုတ် အသုံးပြုသည့်ကုသရေးလမ်းကြောင်း - သွေးကြောမှတဆင့် ကီမိုဆေးသွင်းခြင်း ကုထုံးသည် ပါးစပ်မှ သောက်သုံးသည့် ဆေးဝါးများနှင့် နှိုင်းယှဉ်ပါက ကျွတ်နိုင်ခြေ ပို၍ များနိုင်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံး၏ အကြိမ်အရေအတွက် - 2-3 ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်း ကုသခံရသည့်လူနာများသည် တစ်ပတ်လျှင် တစ်ကြိမ် ကုသခံရသည့် လူနာနှင့်နှိုင်းယှဉ်ပါက ဆံပင်ကျွတ်ခြင်း ပို၍ ဖြစ်နိုင်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံးတွင် ဆေးတစ်မျိုးတည်း ပေးခြင်း သို့မဟုတ် ပေါင်းစပ်ကုထုံးပေးခြင်း – ပေါင်းစပ်ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကျွတ်နိုင်ခြေကို ပိုတိုးစေတတ်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံး ကုသစဉ်အတွင်း ဆံပင်ကျွတ်နိုင်ခြေကို ပိုတိုးစေနိုင်မည့် အခြားအကြောင်းခြင်းရာများတွင် အောက်ပါတို့ ပါဝင်ပါသည်

ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပြီးနောက် ဆံပင်ကျွတ်ခြင်း

ဓာတ်ရောင်ခြည်ကုထုံး ခံယူနေရသည့် လူနာများသည် ကုသမှုနှင့် ထိတွေ့သည့်ဧရိယာတွင် ဆံပင်ကျွတ်ခြင်းကို ခံစားရနိုင်ပါသည်။ ဓာတ်ရောင်ခြည်သုံးပြီးနောက် ဆံပင်ကျွတ်ခြင်းပမာဏသည် ကုသမှုခံယူသည့်ဧရိယာအကျယ်အဝန်းနှင့် အသုံးပြုသည့်ဓာတ်ရောင်ခြည် ပမာဏအပေါ် မူတည်သည်။ အချို့လူနာများသည် ယင်းဧရိယာရှိ ဆံပင်များအားလုံးကျွတ်သွားပြီး အချို့မှာ ဆံပင်ပါးသွားတတ်ပါသည်။ ဓာတ်ရောင်ခြည်ကြောင့် ဆံပင်ကျွတ်ခြင်းသည် အထူးသဖြင့် ဓာတ်ရောင်ခြည် ပမာဏများများ အသုံးပြုပါက အမြဲတမ်း ဖြစ်သွားနိုင်ပါသည်။ ပြန်လည်ပေါက်လာသော ဆံပင်များသည် ယခင်လောက် မထူနိုင်ခြင်း သို့မဟုတ် ဆံပင်သား ကွဲပြားသွားခြင်းမျိုး ဖြစ်နိုင်သည်။ ဆံပင်များသည် ဓာတ်ရောင်ခြည် ကုသမှုပြီး၍ ပုံမှန်အားဖြင့် 3-6 လ ခန့်အကြာတွင်ပြန်ပေါက်ပါသည်။

ဆံပင်ကျွတ်ခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း- မိသားစုများအတွက် အကြံပြုချက်များ

ဆံပင်ကျွတ်ခြင်းသည် ကင်ဆာကုသခြင်းတွင် စိတ်အပျက်ရဆုံး ဘေးထွက်ဆိုးကျိုးများထဲမှ တစ်ခုဖြစ်နိုင်သည်။ ဆံပင်ကျွတ်ခြင်းသည် နေမကောင်းဖြစ်နေသည်ကို ကိုယ်တိုင်မြင်တွေ့နေရသည့် အမှတ်အသားတစ်ခု ဖြစ်သည်။ ပုံမှန်အတိုင်းဖြစ်ရန်နှင့် ၎င်းတို့၏ သက်တူရွယ်တူများနှင့် အံဝင်ရန် ကြိုးစားနေကြသည့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ဆံပင်ကျွတ်ခြင်းသည် ဘဝနေထိုင်မှုနှင့် လူနေမှုဘဝအရည်အသွေးတို့အပေါ် ကြီးမားစွာ အကျိုးသက်ရောက်နိုင်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် ကလေးဘဝထောက်ကူရေး အထူးကုများ၊ လူမှုဝန်ထမ်းများနှင့် စိတ်ပညာရှင်များသည် မိသားစုဝင်များကို ပြင်ဆင်နိုင်ရန်နှင့် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ပါသည်။ အခြားမိသားစုများထံမှ ၎င်းတို့၏ အတွေ့အကြုံများအား နားထောင်ခြင်းဖြင့်လည်းအကူအညီ ရရှိနိုင်ပါသည်။

ကုသခြင်း မစတင်ခင် / ဆံပင် မကျွတ်ခင်

  • ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။ ဆံပင်ကျွတ်ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများအတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးခြင်းဖြင့် စီစဉ်ပါ။ ဆံပင်ကျွတ်ခြင်းသည် အမြဲတစေ ခန့်မှန်းနိုင်သည့် အရာမဟုတ်ပါ၊ သို့သော် ကုသမှုတစ်မျိုးမျိုးကြောင့် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ခြေ ရှိ/မရှိကို မိသားစုများ နားလည်နိုင်ရန်အတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့က ကူညီပေးနိုင်ပါသည်။
  • အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပါ။ ဆံပင်ကျွတ်ခြင်းသည် ရုတ်တရက်ချက်ခြင်းဖြစ်နိုင်သကဲ့သို့ တဖြည်းဖြည်းခြင်းလည်း ဖြစ်လာနိုင်ပါသည်။ ဆံပင်ကျွတ်ခြင်းဖြစ်နိုင်သည်ဟု မျှော်လင့်ထားသော်လည်း တကယ်ဖြစ်လာသည့်အခါတွင် အံ့ဩခြင်းနှင့်အတူ စိုးရိမ်ကြောက်ရွံ့မှုကိုု ခံစားရနိုင်ပါသည်။ ရေချိုးနေစဉ်အတွင်း ဆံပင်များ ကျွတ်ကျလာနိုင်သကဲ့သို့၊ ခေါင်းအုံးပေါ်တွင် သို့မဟုတ် သင့်ဘရပ်ရှ်တွင် ဆံပင်များ ရှိနေသည်ကိုလည်း သတိထားမိနိုင်ပါသည်။ ကလေးဘဝထောက်ကူရေး အထူးကုတစ်ဦးသည် မိသားစုဝင်များအား ကလေးအရွယ်နှင့် လိုက်သည့် သတင်းအချက်အလက်များကို အသုံးပြု၍ ကလေးများကို ကြိုတင်ပြင်ဆင်ရန် အကူအညီပေးနိုင်ပါသည်။
  • ဆံပင်များ စတင်ကျွတ်လာမည့် အချိန်အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခု ပြုလုပ်ထားပါ။ အချို့လူနာများသည် ဆံပင်တိုတိုညှပ်ခြင်း သို့မဟုတ် ဆံပင်မကျွတ်ခင်တွင် ဆံပင်ရိတ်ခြင်းတို့ကို ပြုလုပ်ကြပါသည်။ အခြားလူနာများသည် မည်သို့ဆက်ဖြစ်လာမည်လဲဆိုသည်ကို စောင့်ကြည့်တတ်ကြပါသည်။ ဤအချိန်သည် ထူးထူးခြားခြား ဆံပင်ပုံစံ သို့မဟုတ် ဆံပင်အရောင်ကို စမ်းသပ်ကြည့်ရန် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည်။ ဆံပင်ဆိုးဆေး သို့မဟုတ် ဓာတုပစ္စည်းတစ်ခုခုကို မသုံးစွဲမီ စောင့်ရှောက်မှုပေးမည့် ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ ထို့အပြင် ဆံပင်ဆိုးဆေးများသည် ဆံသားကို ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းကို စိတ်ထဲတွင် မှတ်ထားပါ။
  • ဦးခေါင်းကို ဖုံးအုပ်နိုင်မည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားပါ။ ဆံပင်များ ကျွတ်မကျခင်တွင် ဦးထုပ်ဆောင်းခြင်း၊ ခေါင်းစွပ်များဖြင့် ဖုံးအုပ်ခြင်းနှင့် ဆံပင်တုစွပ်ခြင်း စသည့်နည်းလမ်းများသည်လည်း အကူအညီရနိုင်ပါသည်။ ခေါင်းဖုံးအုပ်စရာ ပစ္စည်းများကို လိုက်လံဝယ်ယူခြင်းသည် လူနာများအား မိမိကိုယ်မိမိ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိမှု ခံစားချက်ကို ရရှိစေနိုင်သည်။ လူနာများအား ၎င်းတို့၏ ဘဝနေနည်းပုံစံနှင့် သက်တောင့်သက်သာဖြစ်စေမည့်နည်းလမ်းများအကြောင်း စဉ်းစားနိုင်ရန်အတွက် အားပေးတိုက်တွန်းပါ။ စိတ်ကြိုက်ရွေးချယ်စရာ နည်းလမ်းများစွာ ရှိပြီး ၎င်းတို့သည် မိမိ၏ပင်ကိုယ်စရိုက်ကို ဖော်ပြရန်၊ ကျား၊ မ ကွဲပြားမှုကို ပြသရန်နှင့် လူမှုရေးအရ ဆက်ဆံပြောဆိုမှုများကို မြှင့်တင်ရန် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ ကလေးများအတွက် အထူးပုံစံထုတ်ထားသည့် ဦးထုပ်များနှင့် ဆံပင်တုများကို အရွယ်အစားနှင့် စတိုင်အမျိုးမျိုးရနိုင်သည်။

ဦးထုပ် သို့မဟုတ် ဆံပင်တုတစ်ခု ရွေးချယ်ခြင်း

အချို့လူနာများသည် ဦးထုပ်များ၊ ခေါင်းစည်းပုဝါများ၊ ခေါင်းပေါင်းပဝါများ သို့မဟုတ် ဆံပင်တုများကို ဝတ်ဆင်ရန် ရွေးချယ်နိုင်ပါသည်။ အခြားလူနာများတွင်မူ ခေါင်းဖုံးအုပ်စရာများ ဝတ်ဆင်ခြင်းကို သက်တောင့်သက်သာမရှိဟု ခံစားရတတ်သည်။ ၎င်းသည် လူနာများနှင့် မိသားစုများ၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်သည်။ ထည့်သွင်းစဉ်းစားရမည့် အချက်များတွင် ပါဝင်သည်များမှာ-

  • သက်တောင့်သက်သာဖြစ်မှု
  • ကိုယ်ပိုင်စတိုင်ဖော်ပြမှု
  • နွေးထွေးမှု/ နေဒဏ်မှ ကာကွယ်နိုင်ခြင်း
  • ကုန်ကျစရိတ်
  • ဝတ်ဆင်ရ လွယ်ကူမှု
  • ထိန်းသိမ်းရ လွယ်ကူမှု

ကလေးဆေးရုံ အများအပြားသည် လိုအပ်နေသော လူနာများအား ဦးထုပ်၊ ပုဝါနှင့် ဆံပင်တုများ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ လူမှုဝန်ထမ်းတစ်ဦးသည်လည်း မိသားစုများ ရွေးချယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေပေးနိုင်ပြီး အာမခံတွင် မည်သည့်အရာများ အကျုံးဝင်သည် သို့မဟုတ် မဝင်သည်ကို နားလည်အောင် ကူညီပေးနိုင်သည်။

ကုသနေစဉ်အတွင်း / ဆံပင်ကျွတ်ခြင်း

  • ဆံပင်ကို ညင်သာစွာ ကိုင်တွယ်ပါ။ ဆံပင်နှင့် ဦးရေပြားကို သန့်စင်ရန် ကလေးခေါင်းလျှော်ရည်ကဲ့သို့ နူးညံ့သော ခေါင်းလျှော်ရည်မျိုးကို အသုံးပြုပါ။ ညင်ညင်သာသာ လျှော်ပါ၊ ပြင်းပြင်းထန်ထန် ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ပဝါဖြင့် ခပ်ဖွဖွပွတ်၍ အခြောက်ခံပါ။ နေ့စဉ် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ။ အလွန်နူးညံ့သည့် ဘရပ်ရှ် သို့မဟုတ် အသွားကျဲသောဘီးများဖြင့် ဆံပင်အား ညင်သာစွာ ဖြီးပါ။ ဆံပင်ကို ငြိတွယ်စေနိုင်သော သို့မဟုတ် ဆံပင်ကို ဆွဲဆန့်စေနိုင်သော ဆံပင်အလှဆင်ပစ္စည်းများကို သတိပြုပါ။
  • အရေပြားကို ကာကွယ်ပါ။ အသစ်ပေါ်လာသော အရေပြားသည် ပိုမို၍ နုနယ်ပါသည်။ ဦးရေပြားသည် နီရဲခြင်း၊ အရေပြားကွာခြင်းနှင့် နာကျင်လွယ်ခြင်းတို့ ဖြစ်လာနိုင်သည်။ အထူးသဖြင့် ဓာတ်ရောင်ခြည် ကုထုံးပြီးနောက် အရေပြားအား ဂရုစိုက်ခြင်းနှင့်ကာကွယ်ခြင်းအတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပါ။ အပြင်ထွက်ချိန်ကို ကန့်သတ်ခြင်း၊ ဦးထုပ်ဆောင်းခြင်းနှင့် နေလောင်ကာခရင်မ် သုံးစွဲခြင်းတို့ဖြင့် အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
  • ခက်ခဲသည့်မေးခွန်းများနှင့် အခြေအနေများနှင့် ပတ်သက်၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိနိုင်ရန် ကလေးများနှင့် ဆွေးနွေးပြောဆိုပါ။ ဆံပင်ကျွတ်ခြင်းသည် အထူးသဖြင့် ကလေးများ ကျောင်းပြန်တက်သည့်အခါနှင့် လူမှုပတ်ဝန်းကျင်လှုပ်ရှားမှုများသို့ ပြန်လည်ဝင်ရောက်သည့်အခါတို့တွင် အခက်အခဲဖြစ်စေနိုင်ပါသည်။ မေးခွန်းများ၊ အကြည့်များနှင့် အနိုင်ကျင့်စော်ကားမှုများနှင့် ပတ်သက်၍ မည်သို့တုံ့ပြန်ရမည်ကို ကလေးများ စဉ်းစားနိုင်ရန် အကူအညီပေးပါ။ အများဆုံးမှာ လူများ၏ စပ်စုခြင်း ဖြစ်ပါသည်။ တုံ့ပြန်မှုပုံစံများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်လေ့ကျင့်ထားခြင်းဖြင့် အနာဂတ်တွင် မိမိ၏ တုံ့ပြန်မှုများ အဆင်မပြေဖြစ်မှု နည်းမည်။။ ကလေးငယ်များနှင့် ဆယ်ကျော်သက်များအား မိမိကိုယ်ပိုင်အတိုင်းသာ နေထိုင်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကြောင့် ၎င်းတို့နှစ်သက်သည့်အရာများကို မလုပ်ဘဲ မနေရန် တွန်းအားပေးပါ။

ကင်ဆာရောဂါ ခံစားနေရစဉ်နှင့် ကုသပြီးနောက်ပိုင်းတွင် ကလေးများနှင့် ဆယ်ကျော်သက် အများအပြားသည် ခန္ဓာကိုယ်အသွင်အပြင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရုန်းကန်ကြရသည်။ အချို့လူနာများသည် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း သို့မဟုတ် မိတ်ဆွေများနှင့် လူမှုဆက်ဆံရေးလှုပ်ရှားမှုများအား ရှောင်ဖယ်လာခြင်းကဲ့သို့သော လက္ခဏာများ တိုးပွားလာတတ်ပါသည်။ အကယ်၍ မိမိ၏ ခန္ဓာကိုယ်ပုံစံသည် ပိုမိုဆိုးရွားလာသည်ဟု ယူဆလာပါက သို့မဟုတ် နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက်လာပါက၊ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်နှင့် ဆွေးနွေးပါ။

ကုသခြင်းပြီးဆုံးပြီးနောက် / ဆံပင်အသစ် ပေါက်ခြင်း

  • ဆံပင်နှင့် ဦးရေပြားကို ဆက်လက်၍ နူးညံ့စွာကိုင်တွယ်ပါ။ ဆံပင်ပြန်ပေါက်နေစဉ်အတွင်း ဦးရေပြားအား နေရောင် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ။
  • ဆံပင်အရောင်ဆိုးခြင်းနှင့် ဆံပင်နှင့် ပတ်သက်သည့် ဓာတုထုတ်ကုန်များကို အသုံးမပြုခင် ဆံသား သန်မာကြီးထွားလာသည်အထိ စောင့်ဆိုင်းပါ။
  • ဆရာဝန်နှင့် မဆွေးနွေးဘဲ ဗီတာမင်များ၊ ဖြည့်စွက်စာများ သို့မဟုတ် လိမ်းသုံး ဆံပင်ပေါက်စေသော ထုတ်ကုန်များကို အသုံးမပြုပါနှင့်။
  • ကင်ဆာလူနာများနှင့် လက်တွဲလုပ်ကိုင်ဖူးပြီး ဆံပင်ပြန်လည်ပေါက်လာမည့် လုပ်ငန်းစဉ်အတွင်း အကြံဉာဏ်ပေးနိုင်မည့် ကျွမ်းကျင်ဆံပင်ညှပ်ဆရာတစ်ဦးကို ရှာဖွေပါ။

လူနာတစ်ဦးချင်းစီသည် ဆံပင်ကျွတ်ခြင်းကို ရင်ဆိုင်ဖြေရှင်းပုံခြင်း မတူညီကြပါ။ တစ်စုံတစ်ယောက်အတွက် အကူအညီဖြစ်စေသည့် ကိစ္စများသည် အခြားတစ်ယောက်အတွက် အကူအညီဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ဥပမာအားဖြင့် သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုများသည် ကင်ဆာဝေဒနာရှင်အား ဖေးမကူညီသည့်အနေဖြင့် ၎င်းတို့၏ ဆံပင်များအား ရိတ်ပစ်ခြင်းမျိုးဖြစ်သည်။ ၎င်းကဲ့သို့ပြုလုပ်ခြင်းသည် အချို့လူနာများအား ၎င်းတို့တစ်ဦးတည်းမဟုတ်ကြောင်း ခံစားရစေရန် ကူညီပေးနိုင်ပါသည်။ သို့သော် ၎င်းသည် အခြားလူများအတွက် စိတ်ဓာတ်ကို ပိုမိုဆိုးရွားစေနိုင်သည်။ ၎င်းကဲ့သို့ မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေများကို ခေါင်းတုံးဖြင့် မြင်ရသည်မှာ ၎င်း၏ အဖြစ်အားပြန်၍ သတိရမိစေပြီး ၎င်းတို့၏ ဘဝမှ ပုံမှန်အရာများ ပျောက်ကွယ်လျော့ပါးလာသလို ခံစားရစေသည်ဟု အချို့လူနာများမှ ပြောပြကြသည်။ မိသားစုနှင့် မိတ်ဆွေများအနေဖြင့် မည်သို့ကူညီပံ့ပိုးရမည်ကို လူနာအား တိုက်ရိုက်မေးမြန်းနိုင်ကြပါသည်။

လူနာများအနေဖြင့် ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းရာတွင် အကောင်းနှင့် အဆိုး အမျိုးမျိုးအဖုံဖုံကို ကြုံတွေ့ရတတ်ပါသည်။ ဘဝအဖြစ်အပျက်များ၊ အရှက်ရဖွယ် အခိုက်အတန့်များ၊ ဦးခေါင်းအကာများ ဝတ်ဆင်ရခြင်း သို့မဟုတ် ကြာရှည်စွာ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပြန်ပေါက်ခြင်းများသည် စိန်ခေါ်မှုအသစ်များနှင့် စိတ်လှုပ်ရှားရခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မဝံ့မရဲဖြစ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းစသည့် ခံစားချက်များသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် စိတ်ခံစားချက်များ ဖြစ်ပါသည်။ ယုံကြည်ရသည့်မိတ်ဆွေနှင့် စကားပြောဆိုခြင်း အထူးသဖြင့် မိမိကဲ့သို့လူနာ သို့မဟုတ် အသက်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သည့်သူနှင့် စကားပြောခြင်းတို့သည် အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ ပြဿနာဖြေရှင်းခြင်းသည် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အကယ်၍ မကောင်းသည့် စိတ်ခံစားချက်များ ပိုမိုဆိုးရွားလာပါက သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများကို နှောင့်ယှက်လာပါက သင်၏ ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။ အမျိုးမျိုးသော အရင်းအမြစ်များနှင့် စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု တို့ကို အကူအညီ ရယူနိုင်ပါသည်။

ဆံပင်ကျွတ်ခြင်းနှင့် ကင်ဆာရောဂါအကြောင်း အမေးများသော မေးခွန်းများ

ကီမိုဆေးက ကျွန်ုပ်ကို ဆံပင်ကျွတ်စေမှာလား။ ၎င်းသည် အခြေအနေအပေါ် မူတည်ပါသည်။ ကီမိုဆေးများအချို့ကြောင့် ဆံပင်ကျွတ်ခြင်းသည် အဖြစ်များပါသည်။ သို့သော် ကီမိုဆေးသည် အမြဲတမ်း ဆံပင်ကျွတ်စေသည် မဟုတ်ပါ။ အချို့လူနာများသည် ဆံပင် မကျွတ်ကြပါ။ အခြားသူများသည် ဆံပင်ပါးလာတတ်ကြပါသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးအချို့ကြောင့် ဆံပင်အပါအဝင် မျက်တောင်မွှေး၊ မျက်ခုံးမွှေးနှင့် ခန္ဓာကိုယ်မှအမွှေးများ လုံးဝကျွတ်တတ်ပါသည်။ ဆံပင်ကျွတ်ခြင်းအန္တရာယ်နှင့် ဖြစ်ပေါ်ပုံတို့ကို ကီမိုဆေးအမျိုးအစားနှင့် ဆေးပမာဏတို့ဖြင့် ဆုံးဖြတ်ရပါမည်။

ကီမိုဆေးသွင်းပြီးနောက် မည်သည့်အချိန်တွင် ဆံပင်စကျွတ်နိုင်သလဲ။ ပုံမှန်အားဖြင့် ကီမိုဆေးစသွင်းပြီး 2-3 ပတ်အကြာတွင် ဆံပင်စကျွတ်ပါသည်။ ကီမိုဆေးသွင်းသည့် အချိန်ဇယားအပေါ်မူတည်ပြီး ဆံပင်ကျွတ်ခြင်းကို ထိုထက်စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ တွေ့ရနိုင်ပါသည်။

ကီမိုဆေးသွင်းပြီးနောက် ဆံပင်ပြန်ပေါက်လာနိုင်မလား။ ကီမိုဆေးသွင်းပြီးနောက် ဆံပင်ကျွတ်ခြင်းသည် ပုံမှန်အားဖြင့် ယာယီသာဖြစ်ပါသည်။ သို့သော် ဆေးကုသမှု ပြီးဆုံးပြီးနောက် ဆံပင်ပြန်ပေါက်လာရန် အချိန်ခဏစောင့်ရနိုင်ပါသည်။ လူနာအများစုတွင် ကီမိုဆေးသွင်းခြင်း ပြီးစီးပြီးနောက် 2-3 လအကြာတွင် ဆံပင်ပြန်ပေါက်ပါသည်။ အသစ်ပေါက်လာသော ဆံပင်များသည် “peach fuzz” ကဲ့သို့ အမွှေးနုနုလေးများလို ပေါက်လာနိုင်ပြီး ယင်းနောက်မှ ဆံပင်ကြီးထွားမှု သံသရာစက်ဝိုင်း ပုံမှန်အတိုင်းပြန်ဖြစ်လာသည့်အခါတွင် ဆံပင်များ ပြန်ပြည့်လာမည် ဖြစ်ပါသည်။ ဆံပင်သည် မူလအတိုင်းအုံထူလာရန် 6-12 လ အထိ စောင့်ရနိုင်သည်။ ဆံပင်ရှည်ထားသော ကလေးများအတွက် မူလဆံပင်အရှည်အတိုင်း ပြန်ထားနိုင်ရန် အချိန်အတော်ကြာယူရမည်ဆိုသည်ကို မိဘများက ရှင်းပြရန်လိုအပ်ပါသည်။ ပျမ်းမျှအားဖြင့် ဆံပင်များသည် တစ်နှစ်လျှင် 6 လက်မခန့် ရှည်ထွက်တတ်ပါသည်။

ဓာတ်ရောင်ခြည်သုံးပြီးနောက် ဆံပင် ကျွတ်ကုန်မလား။ ဓာတ်ရောင်ခြည် ကုထုံးပြီးနောက် ဆံပင်ကျွတ်ခြင်းသည် ကုသမှုခံယူသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများတွင်သာ ဖြစ်ပေါ်လေ့ ရှိပါသည်။ ဦးခေါင်းမဟုတ်သည့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအား ဓာတ်ရောင်ခြည် ပေးခံရသည့် လူနာများအနေဖြင့် ဆံပင်ကျွတ်ခြင်း ဖြစ်စေသည့် ကီမိုဆေး သို့မဟုတ် အခြားဆေးဝါးများ မသုံးစွဲရလျှင် ၎င်းတို့၏ခေါင်းမှ ဆံပင်များ ဆုံးရှုံးမည် မဟုတ်ပါ။

ကီမိုဆေးသွင်းနေစဉ် ဆံပင်မကျွတ်စေရန် တားဆီးနိုင်မလား။ ယခုလက်ရှိတွင် ကီမိုဆေးသွင်းကုသခြင်းကုထုံး ခံယူနေရသည့် ကလေးများအား ဆံပင်မကျွတ်စေရန် တားဆီးနိုင်မည့် စိတ်ချရပြီး ထိရောက်သောနည်းလမ်း မရှိသေးပါ။ ကင်ဆာဝေဒနာရှင်လူကြီးများတွင် ဦးရေပြားကိုအေးမြစေသော ဦးထုပ်အစွပ်များသုံးပြီး ဆံပင်မကျွတ်အောင်ပြုလုပ်ခြင်းသည် ဆံပင်ကျွတ်ခြင်းကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ပါသည်။ သို့သော်လည်း သုတေသနပြုချက်များမှာ ကန့်သတ်ချက်ရှိနေဆဲဖြစ်ပြီး ကလေးများတွင် ၎င်း၏ ဘေးကင်းမှု သို့မဟုတ် ထိရောက်မှုနှင့်ပတ်သက်၍ လုံလောက်သော အချက်အလက်များ မရှိသေးပါ။ အောက်တွင် ကင်ဆာရောဂါတွင် အအေးခံဦးထုပ်အစွပ်များအကြောင်းကို ပိုမိုဖတ်ရှုပါ။

နောက်ထပ်သတင်းအချက်အလက်များ ရှာဖွေပါ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ 2023 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ