အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများတွင် အရိုးဆုံးရှုံးခြင်းနှင့် အရိုးပွခြင်း

ကလေးကင်ဆာကုသမှုအချို့သည် အရိုး၏ ကြံ့ခိုင်မှုကို ပျက်စီးဆုံးရှုံးစေပါသည်။

အရိုးများသည် ပုံမှန်အားဖြင့် ကလေးအရွယ်နှင့် မြီးကောင်ပေါက်အရွယ်ရောက်တို့၌ ကြီးထွားကြပြီး သိပ်သည်းဆတိုးမြင့်လာသည့်အတွက် ဤပျက်စီးဆုံးရှုံးမှုသည် အထူးစိုးရိမ်ရသည့် အခြေအနေတစ်ခု ဖြစ်ပါသည်။

အရိုးပွခြင်းသည် အရိုးသိပ်သည်းဆနှင့် အရိုးအရည်အသွေးကျဆင်းမှုကို ဖြစ်စေသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။

အရိုးပွခြင်းသည် အရိုးသိပ်သည်းဆနှင့် အရိုးအရည်အသွေးကျဆင်းမှုကို ဖြစ်စေသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။

အရိုး၏ ကြံ့ခိုင်မှုကို ပျက်စီးဆုံးရှုံးခြင်းသည် နောက်ပိုင်းတွင် အရိုးပွရောဂါဟုခေါ်သော အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် အရိုးသန်မာမှု ဆုံးရှုံးခြင်းကို ကာကွယ်ရန်အတွက် အဆင့်များဖြင့် လုပ်ဆောင်နိုင်ပါသည်။

အရိုးပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည့် ကင်ဆာကုသမှုများ

အရိုးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည့် အခြေအနေများ

အရိုးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည့် အခြား ဆေးကုသမှုများ

  • အတက်ရောဂါကို ကုသသည့် အချို့ဆေးဝါးများ (ဖီနိုက်တွိုင်း ဆိုဒီယမ် (phenytoin sodium) နှင့် ဘာဘီကျူရိတ်စ် (barbiturates) ကဲ့သို့သော)
  • အလျူမီနီယမ်ပါဝင်သည့် အစာအိမ်ဆေးများ (Maalox® သို့မဟုတ် Amphogel®)
  • စောစီးစွာပျိုဖော်ဝင်ခြင်းနှင့် သားအိမ်အတွင်းပိုင်းဆဲလ်များ ပုံမမှန်ဘဲ ဖြစ်သည့်ရောဂါတစ်မျိုး (endometriosis) တို့ကို ကုသရာတွင် အသုံးပြုသည့် ကုသရေးဆေးဝါးများ (Lupron Depot® ကဲ့သို့သော)
  • ဟီပါရင် (heparin) ကို ပမာဏမြင့်မားစွာ အသုံးပြုခြင်း (သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် အသုံးပြုသည်)၊ အထူးသဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုပါက
  • ကိုလက်စရာထမင်း (Cholestyramine) (သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချရန်အတွက် အသုံးပြုပါသည်)

အခြားသော ရောဂါဖြစ်နိုင်ခြေ မြင့်တက်စေသည့် အချက်များ

ပြောင်းလဲရန် မဖြစ်နိုင်သော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များ

  • လူဖြူနှင့် အာရှမှ အမျိုးသမီးများ (အထူးသဖြင့် ရာသီသွေးဆုံးပြီးနောက်ပိုင်းတွင်)
  • အသက်ကြီးသူများ။ ရောဂါဖြစ်နိုင်ခြေသည် အသက်အရွယ်ကြီးလာသည်နှင့် အမျှ ပို၍များလာပါသည်။
  • ကိုယ်ခန္ဓာသေးသွယ်ပြီး ပိန်သူများ
  • မိသားစုတွင် အရိုးပွရောဂါဖြစ်ပွားမှု မှတ်တမ်းရှိခြင်း

ပြောင်းလဲနိုင်သော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များ

  • လိင်ဟော်မုန်းပမာဏ နည်းပါးခြင်း။ ကြီးထွားမှုဖြစ်စဉ် အပြည့်အဝဖြစ်ပေါ်ပြီးသည့်နောက်တွင်ပင် အအမျိုးသမီးများတွင် အီစထရိုဂျင်ဟော်မုန်း (Estrogen) နှင့် အမျိုးသားများတွင် တက်စတိုစတီရုန်း (testosterone) ဟော်မုန်းသည် အရိုးများသန်မာအောင် ထိန်းသိမ်းပေးသည့်နေရာတွင် ဆက်လက်အရေးပါသည်။
  • ‌ဆေးလိပ်သောက်ခြင်း
  • ကယ်ဆီယမ်ပါဝင်မှုနည်းပါးသော အစာအာဟာရ
  • ဗီတာမင် D ဓာတ် ချို့တဲ့ခြင်း။ ၎င်းသည် အရိုးအတွက် ကယ်ဆီယမ်နှင့် ဖော့စဖရပ်များကို စုပ်ယူနိုင်ရန် လိုအပ်သည်။
  • အလေးချိန်ခံ လေ့ကျင့်ခန်းများ ပြုလုပ်မှုမရှိခြင်း
  • ကဖင်းဓါတ်၊ အရက်နှင့် ဆိုဒါ များကို အများအပြား သောက်သုံးခြင်း
  • အငန်ဓါတ် မြင့်မားသည့် အစာအာဟာရ

ကင်ဆာကုသမှုပြီးနောက်တွင် ဖြစ်ပွားနိုင်သည့် အရိုးဆိုင်ရာ ပြဿနာများ

ခန္ဓာကိုယ်တွင် အရိုးတစ်ရှူးအသစ်များ ထုတ်လုပ်မှုနည်းပါးခြင်း သို့မဟုတ် အရိုးဆုံးရှုံးမှုများလွန်းခြင်းကြောင့် အရိုးများ အားနည်းလာပါသည်။ အရိုးများသည် ပို၍ ပါးလာနိုင်ပါသည်။ ၎င်းတို့သည် ပို၍ အလွယ်တကူ ကျိုးပဲ့နိုင်ပါသည်။

အရိုးပွခြင်းသည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ၎င်းတို့သည် အများအားဖြင့် လက်ကောက်ဝတ်၊ တင်ပါးဆုံရိုးများ၊ ကျောရိုးနှင့် ခြေထောက်အရိုးများတွင် ဖြစ်ပွားလေ့ရှိပါသည်။ တစ်ခါတစ်ရံတွင် အရိုးပွခြင်းကို "အရိုးသိပ်သည်းဆနည်းခြင်း" ဟုလည်း ခေါ်ပါသည်။

လူအများစုအတွက် အရိုးသိပ်သည်းဆသည် အသက် 20 အရွယ်တွင် အများဆုံးဖြစ်သည်။ ထိုအချိန်ကျော်လွန်ပါက လူအများ၏ အရိုးများသည် တဖြည်းဖြည်း စတင်ဆုံးရှုံးလာကြပါသည်။ ကလေးဘဝ ကင်ဆာလူနာအချို့သည် အချို့သောကင်ဆာကုသမှုများကြောင့် အရိုးသိပ်သည်းဆကို စောစီးစွာ ဆုံးရှုံးကြရပါသည်။

အရိုးပွရောဂါ၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများ

အရိုးပွခြင်းကို တခါတရံတွင် "တိတ်ဆိတ်သော" ရောဂါဟု ဟု ခေါ်ဆိုကြပါသည်။ ၎င်းသည် သိသာထင်ရှား‌သော ရောဂါသွင်ပြင်များ သို့မဟုတ် ရောဂါလက္ခဏာများကို မပြသပဲ နှစ်ချီပြီး ရှိနေနိုင်ပါသည်။

အရိုးပွရောဂါ၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာအချို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်-

  • အချိန်ကြာလာသည်နှင့် အမျှ အမြင့်ဆုံးရှုံးမှုရှိခြင်း
  • ခါးကုန်းလာခြင်း
  • သာမန်ထိခိုက်မိရှံမျှဖြင့် အရိုး ကျိုးခြင်း
 

အရိုးကျန်းမာရေးအတွက် ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများ လုပ်ဆောင်နိုင်သောအရာများ

သင့်အန္တရာယ်များကို သိရှိပြီး သင်၏ကျန်းမာရေးကိုလည်း စောင့်ကြည့်နေပါ

ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါသည်။

သင်၏ သက်သာပျောက်ကင်းသူ စောင့်ရှောက်မှု အစီအစဉ် ၏ မိတ္တူတစ်စောင်ကို သင့်ဆရာဝန်နှင့် မျှဝေပါ။ ဤအစီအစဉ်တွင် သင်၏ ကင်ဆာကုသမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် သင့်ကုသမှုကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများအကြောင်း အချက်အလက်များ ပါဝင်ပါသည်။

အရိုးသိပ်သည်းဆစစ်ဆေးရန်အတွက် အကြံပြုထားသည့် စစ်ဆေးမှုများ

အကယ်၍ သင့်တွင် အန္တရာယ်ဖြစ်နိုင်ခြေရှိပါက သင့်ဆရာဝန်သည် အခြေခံ ရေရှည် နောက်ဆက်တွဲစောင့်ရှောက်မှုကို စတင်သည့်အခါတွင် အရိုးသိပ်သည်းဆစစ်ဆေးမှု စကင်န်ဖတ်ခြင်း ။

အသုံးအများဆုံးသော အရိုးသိပ်သည်းဆ စစ်ဆေးမှုသည် DXA ဟုလည်းခေါ်သော ဓါတ်မှန်နှစ်ထပ် စုပ်ယူစစ်ဆေးနည်း ဖြစ်ပါသည်။ ဤစစ်ဆေးမှုသည် အရိုးအထူနှင့် လူနာ၏ အရိုးကျိုးခြင်း၏ ဖြစ်နိုင်ခြေကို တိုင်းတာရန်အတွက် အထူးဓါတ်မှန်ရိုက်ခြင်း နည်းပညာများကို အသုံးပြုပါသည်။

ရလဒ်များပေါ်တွင် အခြေပြု၍ အရိုးကြံ့ခိုင်မှု တိုးတက်စေရန်အတွက် မည်သို့လုပ်ဆောင်ရမည်နှင့် မည်သည့်အချိန်တွင် ပြန်လည်စစ်ဆေးရန် လိုအပ်သည်ကို ဆရာဝန်များက အကြံပြုနိုင်မည်ဖြစ်ပါသည်။

ကြိုတင်ကာကွယ်ခြင်း

လူများသည် အရိုးပွခြင်း ဖြစ်နိုင်ခြေများကို လျော့ချရန်အတွက် လုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်ပါသည်။

  • အလေးချိန်ခံနှင့် တားဆီးအား လေ့ကျင့်ခန်းများကို ပုံမှန် ပါဝင်လုပ်ဆောင်ပါ။ ဤလေ့ကျင့်ခန်းအမျိုးအစားသည် အရိုးပေါ်တွင် ဖိအားများ သက်ရောက်စေပြီး အရိုးသိပ်သည်းဆကို မြင့်တက်စေပါသည်။ ဥပမာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
    • ပေါ့ပါးသော အလေးမလေ့ကျင့်ခန်း
    • လမ်းလျှောက်ခြင်း
    • တောင်တက်ခြင်း
    • ပြေးလမ်းလျှောက်ခြင်း
    • လှေကားတက်ခြင်း
    • တင်းနစ်ရိုက်ခြင်း
    • ကခြင်း
    • ကြိုးခုန်ခြင်း
  • ဆေးလိပ်မသောက်ပါနှင့်။
  • အရက် အလွန်ကျွံ မသောက်ပါနှင့်။
  • ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသည့် အစားအစာများကို စားသုံးပြီး ဗီတာမင် D လုံလောက်စွာ ရရှိအောင် ပြုလုပ်ပါ။ နောက်ထပ် အချက်အလက်များအတွက် ကယ်လ်စီယမ်နှင့် ဗီတာမင် D ကို ဖတ်ရှုပါ- အမျိုးသားကျန်းမာရေးသိပ္ပံအရ အသက်အရွယ်တိုင်းအတွက် အရေးကြီးပါသည်

ပိုမိုသိရှိလိုပါက Children’s Oncology Group ၏ Keeping Your Bones Healthy Health Linkသို့ ဝင်ရောက်ကြည့်ရှုပါ။


အတူတကွ
သည် ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ ထောက်ခံချက် မပေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇွန်လ 2020 ခုနှစ်

ဆက်စပ်အကြောင်းအရာများ