ကိုယ်ခံစွမ်းအားကုထုံး ပြန့်ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း
ကုန်အမှတ်တံဆိပ်အမည်များ:
Blincyto®
မကြာခဏအတှကျအသုံးပွု:
ပြင်းထန် လင်ဖိုဘလပ်စတစ် လူကီးမီးယားရောဂါ (ALL) သွေးကင်ဆာ
ဘလင်နာတူမိုမက် (Blinatumomab) ဆေးသည် bispecific T-cell engager (BITE) ဖြစ်သည့် ဆဲလ်ပွားတစ်ခု မှ ထုတ်ပေးသည့် ပဋိပစ္စည်းဟု ခေါ်ဆိုသည့် ကိုယ်ခံအားကုထုံး တစ်ခုဖြစ်ပါသည်။ ဤဆေးဝါးသည် T ဆဲလ်များကို သွေးကင်ဆာဆဲလ်အမျိုးအစားအချို့တွင် တွေ့ရှိရသော CD19 ဟု ခေါ်ဆိုသည့် ပရိုတင်းကို ပစ်မှတ်ထားတိုက်ခိုက်စေခြင်းဖြင့် အလုပ်လုပ်ဆောင်ပါသည်။ ဘလင်နာတူမိုမက် (Blinatumomab) ဆေးသည် တစ်ချို့သောဆဲလ်များ၏ သီးခြားလုပ်ဆောင်မှုတစ်ခုအပေါ်တွင်သာ သက်ရောက်မှုဖြစ်စေပြီး၊ ထိုဆဲလ်များကိုသာ "ပစ်မှတ်" ထား တိုက်ခိုက်သောကြောင့် ကင်ဆာဆဲလ်ကို ပစ်မှတ်ထားသည့်ကုထုံး အနေဖြင့် ယူဆနိုင်ပါသည်။
ဤဆေးကိုအသုံးပြုနေစဉ်အတွင်း သွေးထဲသို့ ဆိုက်တိုကိုင်းန်များ အမြောက်အများထုတ်လွှတ်ပေးသည့် ရောဂါလက္ခဏာစု (cytokine release syndrome၊ CRS) ဟု ခေါ်ဆိုသည့် ပြင်းထန်သည့် အခြေအနေတစ်ခုကို ဖြစ်စေနိုင်ပါသည်။ များသောအားဖြင့် အဆိုပါအခြေအနေမျိုးသည် ဆေးသွင်းပြီးနောက် ပထမရက်အနည်းငယ်အတွင်းတွင် ဖြစ်ပေါ်တတ်သောကြောင့် ထိုအချိန်အတွင်း လူနာများကို အနီးကပ်စောင့်ကြည့်ရမည် ဖြစ်ပါသည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ဆေးရန်နှင့် အသည်းလုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးရန်အတွက် ပုံမှန်သွေးဖောက်စစ်မှုများကို ပြုလုပ်ရပါမည်။
သွေးပြန်ကြောထဲသို့ IV ဆေးအနေဖြင့် သွင်းပေးနိုင်သည်
ဘလင်နာတူမိုမက် (Blinatumomab) ဆေးသွင်းသူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။