အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


မက်သိုထရီဇိတ် (Methotrexate)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Rasuvo®, TrexallTM

သည်အခြားအမည်များ:

Methotrexate Sodium, MTX

ကလစ်ဘုတ် သင်္ကေတ

မီသိုထရက်ဇိတ် (methotrexate) အကြောင်း

မီသိုထရက်ဇိတ် (methotrexate) သည် ကင်ဆာဆေးအမျိုးအစား တစ်ခုဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် အလုပ်လုပ်ပါသည်။ ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်သည်။‭ ဆေး၏ အချိန်ဇယားနှင့် ဆေးပမာဏသည် ကင်ဆာအမျိုးအစား၊ ကလေး၏ အသက်အရွယ်နှင့် ဆေးပေးရန်သုံးသည့် နည်းလမ်းများအပေါ်တွင် မူတည်ပါသည်။

အကယ်၍ ကလေးများသည် ဆေးပမာဏများသည့် မီသိုထရက်ဇိတ် (methotrexate) ကို ရရှိပါက ၎င်းတို့သည် ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် IV အရည်များနှင့် လူကိုဗိုရင် (Leucovorin) ဟုခေါ်သော ဆေးတစ်မျိုးကိုလည်း ရရှိနိုင်ပါသည်။

လူနာများသည် သွေးဥဆဲလ် အရေအတွက်၊ သွေးတွင်းရှိ မီသိုထရက်ဇိတ် (methotrexate) ဆေးပမာဏ (ဆေးပမာဏ အလွန်မြင့်မားစွာ ပေးထားပါက) တို့ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးရန်အတွက် ပုံမှန်သွေးဖောက်စစ်ဆေးခြင်းများကို ပြုလုပ်ရပါမည်။ သွေးတွင်းရှိ မီသိုထရက်ဇိတ် (methotrexate) ပမာဏပေါ် မူတည်၍ မီသိုထရက်ဇိတ် (methotrexate) ဆေးပမာဏ ပြောင်းလဲမှုများ ရှိနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှ သောက်သုံးနိုင်ပါသည်

 
iv အိတ် သင်္ကေတ

ဆေးရည်အဖြစ် IV မှ သွင်း၍ရပါသည် သို့မဟုတ် ကြွက်သားထဲသို့ ဆေးထိုးသွင်းပေးနိုင်ပါသည်

 
ကျောရိုး သင်္ကေတ

ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ထဲသို့ ထိုးသွင်းပေးသော ဆေးအဖြစ်လည်း ပေးနိုင်ပါသည် (ကျောရိုးနဗ်ကြောစည်းအတွင်း ဆေးထိုးခြင်း)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် စအိုတွင် အနာများဖြစ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • ကျောက်ကပ်ပြဿနာများ
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း၊ အများအားဖြင့် 2-14 ရက်နောက်ပိုင်းတွင်ဖြစ်တတ်သည်။ (ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်းနှင့်/ သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ပိုမို၍ ဖြစ်စေနိုင်ပါသည်)
  • ခံတွင်းပျက်ခြင်း
  • ခေါင်းကိုက်ခြင်း (ကျောရိုးနာ့ဗ်ကြောစည်း လမ်းကြောင်းဖြင့် ပေးပါက)
  • ဝမ်းလျှောခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အရေပြား ယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • အသည်းဆိုင်ရာ ပြဿနာများ

မီသိုထရက်ဇိတ် (methotrexate) ကို သောက်သုံးနေသည့် လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ ‬အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။‭ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ

အချို့သောလူနာများသည် ကုထုံးပြီးဆုံးပြီးနောက် လများစွာ သို့မဟုတ် နှစ်များစွာ ဆက်လက်ဖြစ်ပေါ်နိုင်သည့် သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ကုသမှု၏ ရေရှည် သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ မီသိုထရက်ဇိတ် (methotrexate) ၏ ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါသည်-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

  • လူနာများသည် မီသိုထရက်ဇိတ် (methotrexate) ဆေးကို သောက်သုံးနေရစဥ် ဆရာဝန်ညွှန်ကြားချက်မပါရှိဘဲ ဗိုက်တာမင်အားဆေးများ သို့မဟုတ် ဖောလစ်အက်စစ် (folic acid) ပါဝင်သော အခြားဖြည့်စွက်စာများ၊ စတီးရွိုက်မပါသည့် အရောင်ကျဆေးများ (NSAIDS) သို့မဟုတ် proton pump inhibitors (အိုမီပရာဇိုးလ် (omeprazole) ကဲ့သို့သော) များကို မသောက်သင့်ပါ။
  • လိင်ဆက်ဆံမှုရှိသော လူနာများသည် ကုသနေစဉ်အတွင်းနှင့် ကုသမှုပြီးဆုံးပြီးနောက်တွင် 6 လအထိ ကိုယ်ဝန် မရရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ၎င်းတို့၏ ဆရာဝန်ကို အသိပေးသင့်ပါသည်။
  • လူနာများသည် နေရောင်ခြည်မှ အသားအရေကို ကာကွယ်သင့်ပါသည်။
  • ပြုစုသူများသည် ဆေးကို ဘေးကင်းလုံခြုံစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်သည့်အပြင် လူနာ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် ထိတွေ့ ခြင်းမှ ရှောင်ကျဥ်သင့်ပါသည်။ ဆေးသည် သောက်သုံးပြီးနောက် 48 နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များတွင် ပါဝင်နေနိုင်ပါသည်။

မီသိုထရက်ဇိတ် (methotrexate) ဆေးကို အိမ်တွင် သောက်သုံးခြင်း-

  • ဆေးကို နေ့စဉ် အချိန်မှန် သောက်သုံးပါ။
  • ဆေးပြားများကို အစာမရှိချိန်တွင် သောက်သုံးပါ။ လိုအပ်သော စုစုပေါင်းဆေးပမာဏကို ရရှိစေရန်အတွက် ဆေးပြားများစွာကို သောက်သုံးရန် လိုအပ်နိုင်သည်။ ဆေးကို မျိုချရလွယ်စေမည့် နည်းလမ်းများအတွက် သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးကြည့်ပါ။
  • ဆေးအား ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

မီသိုထရက်ဇိတ် (methotrexate) ဆေးအကြောင်း အရင်းအမြစ်များ