အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကိုဗစ်-19 ရောဂါ (COVID-19) နှင့် အဖျားတက်ခြင်း

အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ၏ အတွေ့ရအများဆုံး ရောဂါလက္ခဏာများထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရသူများသည် တစ်ခါတစ်ရံတွင် အဖျားငွေ့ငွေ့သာ ရှိတတ်ခြင်း သို့မဟုတ် လုံးဝ အဖျားတက်ခြင်း မရှိခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ၏ အတွေ့ရအများဆုံး ရောဂါလက္ခဏာများထဲမှ တစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် ပုံမှန်ခန္ဓာကိုယ်အပူချိန်မှာ 98.6°F (37°C) ဝန်းကျင် ဖြစ်သည်။ ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ပါက အဖျားတက်ခြင်း ဖြစ်သည်။

မည်သည့် အပူချိန်အဆင့်ကို အဖျားတက်ခြင်းဟု သတ်မှတ်သနည်း။

ယေဘုယျအားဖြင့် ပုံမှန်ခန္ဓာကိုယ်အပူချိန်မှာ 98.6°F (37°C) ဝန်းကျင် ဖြစ်သည်။ ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ပါက အဖျားတက်ခြင်း ဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး ပုံမှန်ကိုယ်အပူချိန် အနည်းငယ် ကွဲပြားနိုင်သောကြောင့် မိမိအတွက် မည်သည့်အပူချိန်သည် ပုံမှန်ဖြစ်သည်ဆိုသည့် အခြေခံစံနှုန်းကို သိရှိထားခြင်းက ကောင်းမွန်သော အကြံဉာဏ် ဖြစ်ပါသည်။ မိမိကိုယ်ခန္ဓာ နေထိုင်ကောင်းမွန်နေသည့် အချိန်တွင် ကိုယ်အပူချိန်ကို တိုင်းတာခြင်းဖြင့် သင့်အတွက် ပုံမှန်ကိုယ်အပူချိန်ကို ရှာဖွေပါ။ မတူညီသော နေ့ရက်အချို့၏ နံနက်ခင်းနှင့် မွန်းလွဲပိုင်းအချိန်များတွင် သင့်အပူချိန်ကို စစ်ဆေးပါ။ သင့်အတွက် ပုံမှန်ကိုယ်အပူချိန်မှာ အဆိုပါ တိုင်းတာရရှိချက်များ၏ ပျမ်းမျှအလယ်အလတ် တန်ဖိုးတစ်ခုခု ဖြစ်ပါလိမ့်မည်။

တိကျသော အကြံဉာဏ်များနှင့် ညွှန်ကြားချက်များအတွက် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အမြဲတမ်း ဆွေးနွေးတိုင်ပင်ပါ။

အဖျားတက်ခြင်းနှင့် သင့်အပူချိန် တိုင်းတာခြင်းအကြောင်းကို ပိုမိုဖတ်ရှုပါ။

ကိုဗစ်-19 ရောဂါ (COVID-19)တွင် အဖျားတက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းသည် အရေးကြီးပါသည်

ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရသူ အများအပြားသည် ၎င်းတို့ ဖျားနာနေသည့် ကာလအတွင်း တစ်ချိန်ချိန်တွင် အဖျားတက်ခြင်းကို ခံစားရလေ့ရှိပါသည်။

ကိုဗစ်-19 ရောဂါ (COVID-19)၏ အတွေ့ရများသော ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်သည်။ အခြားဖြစ်နိုင်ခြေရှိသော ရောဂါလက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ နုံးခွေခြင်းနှင့် အနံ့ သို့မဟုတ် အရသာ ပျောက်ဆုံးခြင်းတို့ ပါဝင်သည်။ အချို့သူများတွင် နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

အဖျားတက်ခြင်းကို ဖြစ်စေသော အများဆုံးအကြောင်းရင်းမှာ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားသည့် ရောဂါပိုးကူးစက်မှု ဖြစ်ပါသည်။ အဖျားတက်ခြင်း၏ ရောဂါလက္ခဏာများ ခံစားရသည့် မည်သည့်အချိန်တွင်မဆို မိမိ၏ ကိုယ်အပူချိန်ကို စစ်ဆေးကြည့်ရှုခြင်းသည် ကောင်းမွန်သော အကြံဉာဏ် ဖြစ်ပါသည်။ ရောဂါလက္ခဏာများတွင် ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ကိုယ်ပူခြင်း သို့မဟုတ် မျက်နှာနီမြန်းခြင်းတို့ ပါဝင်နိုင်ပါသည်။ အကယ်၍ သင့်ကိုယ်သင် နေမကောင်းဖြစ်နေသည်ဟု ထင်မြင်ပါက ကိုယ်အပူချိန်တိုင်းကိရိယာကို အသုံးပြု၍ စစ်ဆေးပါ။ သင့်ဆရာဝန်အား ပြောပြနိုင်ရန်အတွက် သင့်အပူချိန်ကို ချရေးထားပါ။

အကယ်၍ သင်သည် ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံထားရသူတစ်ဦးဦးနှင့် ထိတွေ့မှုရှိခဲ့ပါက ထိတွေ့မှုရှိပြီးနောက် ရက်များတွင် တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင့်အပူချိန်ကို စစ်ဆေးပါ။ ကျောင်း သို့မဟုတ် လုပ်ငန်းခွင်သို့ မသွားရောက်မီ သင့်အပူချိန်ကို သေချာပေါက် စစ်ဆေးပါ။ အဖျားတက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကူညီပေးနိုင်ပါသည်။

အဖျားတက်ခြင်း အပါအဝင် ကိုဗစ်-19 ရောဂါ (COVID-19) လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ကွဲပြားနိုင်ပါသည်။ အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ၏ ရှေးဦးလက္ခဏာရပ်များအနက် တစ်ခု ဖြစ်နိုင်သကဲ့သို့ အဖျားတက်ခြင်းသည် ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နောက်ပိုင်းမှလည်း ပေါ်ပေါက်လာနိုင်ပါသည်။ ၎င်းသည် အမြဲတစေ ဆက်တိုက် ဖြစ်နေနိုင်သကဲ့သို့ ရက်ပိုင်းမျှ သို့မဟုတ် သီတင်းပတ် အနည်းငယ် ကြာအောင်အထိ ပြတ်တောင်းပြတ်တောင်း လည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့် သီးခြားခွဲနေထိုင်ခြင်းကို မရပ်ဆိုင်းမီ အနည်းဆုံး 24 နာရီကြာအောင် အဖျားတက်ခြင်း လုံးဝမရှိဘဲ နေကောင်းနေစေရန် အရေးကြီးခြင်း ဖြစ်ပါသည်။

အဖျားတက်ခြင်းမရှိဘဲ ကိုဗစ်-19(COVID-19) ရောဂါ ကူးစက်ခံရခြင်း

အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ၏ အများဆုံး ဖြစ်လေ့ရှိသော လက္ခဏာရပ်တစ်ခု ဖြစ်သော်လည်း လူများသည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော်လည်း အဖျားမရှိခြင်းမျိုး ဖြစ်နိုင်ပါသည်။

ရရှိနိုင်သော အချက်အလက်များအရ ကိုဗစ်-19 ရောဂါ (COVID-19) ပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိသူများ၏ ထက်ဝက်အောက်သာ အဖျားတက်ခြင်း လက္ခဏာရှိကြောင်း အစီရင်ခံတင်ပြခဲ့ကြသည်။ အချို့သူများသည် အစပိုင်းတွင် အဖျားငွေ့ငွေ့သာ ရှိနိုင်ပြီး နောက်ပိုင်းတွင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပါသည်။ အခြားသူများတွင်မူ အဖျားသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပါသည်။

ကလေးငယ်များသည် အဖျားတက်ခြင်း အပါအဝင် ကိုဗစ်-19 (COVID-19) ရောဂါလက္ခဏာများကို ပြင်းပြင်းထန်ထန် မဟုတ်ဘဲ အပျော့စားသာ ခံစားရလေ့ရှိကြောင်း မှတ်သားထားရန်လည်း အရေးကြီးပါသည်။ ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် လူကြီးများတွင် ဖြစ်ပွားသကဲ့သို့ ကြာရှည်စွာ တည်ရှိမနေတတ်ပါ။ သို့သော် ဤအချက်သည် ကလေးငယ်များအနေဖြင့် ဗိုင်းရပ်စ်ကို ပြန်လည်မပြန့်ပွားစေနိုင်ဟု သော်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့တွင် ရောဂါပြင်းထန်စွာ မခံစားရနိုင်ဟု သော်လည်းကောင်း ဆိုလိုခြင်းမဟုတ်ပါ။

သင့်တွင် အဖျားတက်ခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများ မရှိသော်လည်း ကိုဗစ်-19 ရောဂါ (COVID-19)ကို ကူးစက်ပြန့်ပွားစေနိုင်ပါသည်။ ဓာတ်ခွဲခန်းစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သင့်တွင် ကိုဗစ်-19 ရောဂါ (COVID-19) ဖြစ်စေသည့် ဗိုင်းရပ်စ် ရှိ၊ မရှိ သိရှိနိုင်ပါသည်။

ကိုဗစ်-19 ရောဂါ (COVID-19) စစ်ဆေးခြင်းနှင့် ပတ်သက်၍ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ထံမှ အချက်အလက်များကို ရှာဖွေဖတ်ရှုပါ

ကိုဗစ်-19 ရောဂါ (COVID-19) ရှိ၊ မရှိ စစ်ဆေးရန် ကိုယ်အပူချိန်ကို မည်မျှတစ်ကြိမ် တိုင်းတာရမည်နည်း

သင့်ကိုယ်အပူချိန်ကို မည်မျှတစ်ကြိမ် တိုင်းတာသင့်သည်ဆိုခြင်းမှာ သင့်လုပ်ငန်းခွင်၊ ကျန်းမာရေးနှင့် ရောဂါကူးစက်နိုင်ခြေရှိသော အကြောင်းရင်းများပေါ်တွင် မူတည်နိုင်ပါသည်။ အကယ်၍ သင့်တွင် ဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိနိုင်ခြေကြောင့် ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိပါက တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကိုယ်အပူချိန် စစ်ဆေးခြင်းသည် ကောင်းမွန်သော အကြံဉာဏ် ဖြစ်ပါသည်။

သက်ကြီးရွယ်အိုများ သို့မဟုတ် နာတာရှည်ရောဂါအခံ ရှိသူများကဲ့သို့ ရောဂါကူးစက်ရန် အန္တရာယ်မြင့်မားသူများနှင့် အနီးကပ်ထိတွေ့နေရသော ပြုစုစောင့်ရှောက်သူ သို့မဟုတ် အလုပ်သမားတစ်ဦးအတွက် ကိုယ်အပူချိန်ကို ပုံမှန်စစ်ဆေးပေးခြင်းသည် အထူးပင် အရေးကြီးပါသည်။

အဖျားတက်ခြင်းနှင့် အခြားရောဂါလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ကို စောစီးစွာ သိရှိနိုင်ရန်နှင့် အခြားသူများထံ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကူညီပေးနိုင်ပါသည်။

ကိုယ်အပူချိန်ကို အကောင်းဆုံး တိုင်းတာနိုင်မည့် နည်းလမ်း

သင့်ကိုယ်အပူချိန်ကို တိုင်းတာရန် ဒစ်ဂျစ်တယ် ကိုယ်အပူချိန်တိုင်းကိရိယာ (Digital thermometer) ကို အသုံးပြုနိုင်ပါသည်။ အသက် 4 နှစ်ထက်ကျော်လွန်သော ကလေးများနှင့် လူကြီးများတွင် အဖျားတက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် ယေဘုယျအားဖြင့် အာခံတွင်းဖြင့် (ပါးစပ်မှတစ်ဆင့်) ကိုယ်အပူချိန်တိုင်းတာခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

အစားအစာ စားပြီး သို့မဟုတ် အရည်သောက်သုံးပြီးနောက် အနည်းဆုံး မိနစ် 30 ကြာအောင် စောင့်ဆိုင်းရန် သေချာပါစေ။ ထို့ပြင် ဖျားနာမှုကို အကောင်းဆုံး တိုင်းတာနိုင်စေရန်အတွက် သင့်ကိုယ်အပူချိန်ကို မစစ်ဆေးမီ 4 နာရီအတွင်း အစီတာမီနိုဖင် (Acetaminophen) (Tylenol®) သို့မဟုတ် အိုင်ဗျူပရိုဖင် (Ibuprofen) ကဲ့သို့သော အဖျားကျဆေးများကို မသောက်သုံးပါနှင့်။

ကိုယ်အပူချိန် မည်သို့တိုင်းတာရမည်နည်း

အဖျားတက်ခြင်း ဆိုသည်မှာ ကိုယ်အပူချိန် မြင့်တက်လာခြင်း ဖြစ်ပါသည်။ ပုံမှန်ကိုယ်အပူချိန်မှာ 98.6°F (37°C) ဝန်းကျင် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ပါက အဖျားတက်ခြင်း ဖြစ်ပါသည်။

သင့်ကိုယ်အပူချိန်ကို မည်သို့တိုင်းတာရမည်ကို လေ့လာပါ

ကိုယ်အပူချိန်တိုင်းကိရိယာကို မည်သို့ သန့်စင်ရမည်နည်း

  • သန့်စင်ခြင်းနှင့် အသုံးပြုခြင်းတို့အတွက် ထုတ်လုပ်သူ၏ လမ်းညွှန်ချက်များကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။
  • ကိုယ်အပူချိန်တိုင်းကိရိယာကို အသုံးမပြုမီနှင့် အသုံးပြုပြီးတိုင်းတွင် သန့်စင်ပေးပါ။
  • ဒစ်ဂျစ်တယ် ကိုယ်အပူချိန်တိုင်းကိရိယာ အများစုကို ဆပ်ပြာနှင့် ရေ အသုံးပြု၍ သန့်စင်နိုင်ပါသည်။
  • မျက်နှာပြင်ကို သုတ်သင်ရှင်းလင်းရန်အတွက် (70% အိုင်ဆိုပရိုပိုင် အယ်လ်ကိုဟော ပါဝင်သော) ဆေးဘက်ဆိုင်ရာ အယ်လ်ကိုဟောကိုလည်း အသုံးပြုနိုင်ပါသည်။ ထို့နောက် ရေဖြင့် ဆေးကြောသန့်စင်ပါ။
  • သန့်စင်ပြီးနောက် သန့်ရှင်းသော အဝတ်စဖြင့် ခြောက်သွေ့အောင် သုတ်ပါ သို့မဟုတ် သန့်ရှင်းသော မျက်နှာပြင်ပေါ်တွင် လေဖြင့် အလိုအလျောက် ခြောက်သွေ့ပါစေ။
  • ကိုယ်အပူချိန်တိုင်းကိရိယာကို ရေနွေးဆူဆူတွင် ပြုတ်ခြင်း သို့မဟုတ် ရေထဲတွင် စိမ်ထားခြင်းမျိုး မပြုလုပ်ရပါ။ ကိုယ်အပူချိန်တိုင်းကိရိယာများကို ပန်းကန်ဆေးစက်အတွင်း ထည့်သွင်းသန့်စင်ခြင်း မပြုလုပ်ရပါ။
  • ကိုယ်အပူချိန်တိုင်းကိရိယာကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးနောက်တွင် သင့်လက်ကို ဆေးကြောပါ သို့မဟုတ် အယ်လ်ကိုဟောအခြေခံ လက်သန့်ဆေးရည်ကို အသုံးပြုပါ။

အသုံးပြုပြီးတိုင်း စနစ်တကျ သန့်စင်ပေးမည်ဆိုပါက မိသားစုဝင်အားလုံး တစ်ခုတည်းသော ကိုယ်အပူချိန်တိုင်းကိရိယာကို အတူတကွ အသုံးပြုနိုင်ပါသည်။ ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားမှုကို ရှောင်ရှားရန် သင့်လက်များကို သန့်စင်စွာ ဆေးကြောရန် နှင့် မျက်နှာပြင်များကို ပိုးသတ်ရန် သေချာပါစေ။

ကိုဗစ်-19 ရောဂါ (COVID-19) နှင့် အဖျားတက်ခြင်းအကြောင်း သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား မေးမြန်းရမည့် မေးခွန်းများ

  • ကျွန်ုပ် ကလေး၏ ကိုယ်အပူချိန်ကို မည်မျှတစ်ကြိမ် စစ်ဆေးသင့်ပါသနည်း။
  • ကျွန်ုပ်၏ ကလေး အဖျားတက်သည့်အခါ ဆရာဝန်ထံ မည်သည့်အချိန်တွင် ခေါ်ဆောင်သွားသင့်ပါသနည်း။
  • ကျွန်ုပ်၏ ကလေးတွင် အဖျားတက်ခြင်းမရှိဘဲ ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရနိုင်ပါသလား။
  • မည်သည့် ရောဂါလက္ခဏာများသည် ကျွန်ုပ်အတွက် အစိုးရိမ်ဆုံး ဖြစ်သင့်ပါသနည်း။
  • ကျောင်းပြန်တက်ရန် သို့မဟုတ် အခြားသော လှုပ်ရှားဆောင်ရွက်မှုများ ပြန်လည်ပြုလုပ်ရန် မည်သည့်အချိန်တွင် စိတ်ချရပြီနည်း။

ကိုဗစ်-19 ရောဂါ (COVID-19)နှင့် အဖျားတက်ခြင်း နှင့်ပတ်သတ်သော အဓိကအချက်များ

  • အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19)၏ လက္ခဏာရပ်များအနက် တစ်ခု ဖြစ်ပါသည်။ အဖျားတက်ခြင်းသည် ယေဘုယျအားဖြင့် ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ခြင်း ဖြစ်ပါသည်။
  • ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရသူတိုင်းတွင် အဖျားတက်ခြင်း ရှိမည်မဟုတ်ပါ။ တစ်ခါတစ်ရံတွင် အဖျားသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါသည်။
  • အကယ်၍ သင့်တွင် ကိုဗစ်-19 ရောဂါ (COVID-19) ပိုးနှင့် ထိတွေ့မှုရှိခဲ့ပါက ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးရန် သင့်ကိုယ်အပူချိန်ကို တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တိုင်းတာပါ။
  • သင့်တွင် အဖျားမရှိသော်လည်း ကိုဗစ်-19 ရောဂါ (COVID-19) နှင့် အခြားကူးစက်တတ်သော ရောဂါများကို ပြန့်ပွားစေနိုင်ဆဲ ဖြစ်ပါသည်။
  • အကယ်၍ သင့်တွင် ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရခြင်း သို့မဟုတ် ဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိခဲ့ပါက လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခွာ၍ နေထိုင်ခြင်းတို့ကို လိုက်နာကျင့်သုံးပါ။
  • အကယ်၍ သင့်တွင် ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံထားရသည်ဟု ထင်မြင်ပါက သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖျားတက်ခြင်းနှင့် ကိုဗစ်-19 ရောဂါ (COVID-19) အကြောင်း ပိုမိုပြည့်စုံသော အချက်အလက်များကို ရှာဖွေဖတ်ရှုပါ

St. Jude™ မှ အတူတကွ အွန်လိုင်းအရင်းအမြစ်သည် ဤဆောင်းပါးတွင် ဖော်ပြထားသော မည်သည့်ကုန်အမှတ်တံဆိပ်ပါ ထုတ်ကုန်ကိုမျှ ထောက်ခံပေးထားခြင်း မရှိပါ။ 


ပြန်လည်စစ်ဆေးထားသည်- နိုဝင်ဘာလ 2023 ခုနှစ်

ဆက်စပ်အကြောင်းအရာများ