အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကလေးဘဝကင်ဆာတွင် ဓာတ်ခွဲခန်းစစ်ဆေးမှုများ

လူနာ၏ ဆေးဖက်ဆိုင်ရာအဖွဲ့က ရောဂါတစ်ခုစီအတွက် ကုသရေးအစီအစဉ်တစ်ခုဆွဲရန် ဓာတ်ခွဲခန်း စစ်ဆေးမှုများမှ သီးခြား၊ အသေးစိတ်အချက်အလက်များကို အသုံးပြုပါသည်။

 လူကီးမီးယား ကဲ့သို့သော သွေးကင်ဆာများကို သွေးနှင့် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေသည်။ အခြား ကင်ဆာအမျိုးအစားများကို အကျိတ် ဟု သံသယရှိသောနေရာမှ ဖယ်ရှားထားသောတစ်ရှူးများကို တစ်ရှူးစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေလေ့ရှိသည်။ စစ်ဆေးရန်အတွက် ထုတ်ယူသော တစ်ရှူးနမူနာကို နမူနာတစ်ခုဟု ခေါ်ပါသည်။

ရောဂါဗေဒပညာရှင်တစ်ဦးသည် ပုံစံကြီးချဲ့ထားသော မော်နီတာတစ်ခုပေါ်တွင် တစ်ရှူးစ၏ အကြီးချဲ့ထားသော မြင်ကွင်းတစ်ခုကို ဆန်းစစ်ပါသည်။

ရောဂါဗေဒပညာရှင်များသည် ရောဂါဆိုင်ရာ ကဏ္ဍအမျိုးမျိုးအတွက် အထူးပြုပါသည်။ ပုံစံနမူနာကို ၎င်းတို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်နေသည့် သီးသန့်ကင်ဆာ အမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ယင်းစစ်ဆေးမှုများကို ရောဂါဗေဒပညာရှင်တစ်ဦး- ဆဲလ်များ၊ တစ်ရှူးများ နှင့် ကိုယ်ခန္ဓာမှထွက်သော အရည်များကို လေ့လာခြင်းဖြင့် ရောဂါများကို အမည်တပ်ရာတွင် အထူးပြုသည့် ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦး- မှ ဦးဆောင်သော ရောဂါဗေဒဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုအတွင်း၌ လုပ်ဆောင်ပါသည်။ အခြား ဆေးဖက်ဆိုင်ရာ ဆရာဝန်များကဲ့သို့ပင် ရောဂါဗေဒပညာရှင်များသည် ရောဂါကဏ္ဍအမျိုးမျိုးတွင် အထူးပြုပါသည်။

ပုံစံနမူနာကို ၎င်းတို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်နေသည့် သီးသန့်ကင်ဆာ အမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ပုံစံနမူနာများကို စုဆောင်းပုံ

သွေးတွင်ဖြစ်ပွားသော ကင်ဆာများ

သံသယရှိဖွယ်သွေးကင်ဆာဖြစ်သည့် အခြေအနေတွင် သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီနမူနာတစ်ခု (ရိုးတွင်းခြင်ဆီ ဖောက်ယူခြင်း နှင့်/ သို့မဟုတ် အသားစနမူနာတစ်ခုမှတဆင့်) ကို လူနာထံမှ စုဆောင်းပါမည်။ ဝန်ထမ်းသည် လူနာ၏ ကိုယ်ရေးအချက်အလက် ပါသောဘူးကို အမည်ကပ်၍ နမူနာကို ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ပါသည်။

အစိုင်အခဲတစ်ရှူးများတွင်ဖြစ်သော အကျိတ်များ

လူနာတစ်ဦးထံတွင် ဦးနှောက် သို့မဟုတ် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် သံသယရှိဖွယ် အကျိတ်တစ်ခုရှိပါက ခွဲစိတ်မှု ပြုလုပ်စဉ် ၎င်းအားလုံး သိုမ့ဟုတ် တစ်စိတ်တစ်ပိုင်းအား ဖယ်ထုတ်နိုင်ပါသည်။ အကျိတ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ယူပြီး သုံးသပ်လေ့လာပါက ၎င်းကို ခွဲစိတ်၍ အသားစထုတ်ယူစစ်ဆေးခြင်းဟု ခေါ်ပါသည်။ အခြား ခွဲစိတ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွင် ခွဲစိတ်ဆရာဝန်များက အကျိတ်ဖုကို တတ်နိုင်သလောက်များများ ထုတ်ယူပါသည်။ ၎င်းကို ခွဲစိတ်ဖယ်ရှားခြင်းဟု ခေါ်ပါသည်။.

ထုတ်ယူလိုက်သော တစ်ရှူးကို ပါးလွှသည့် အပိုင်းများဖြစ်အောင် ဖြတ်၍ ဆလိုက်ပြားများပေါ်တွင် တင်ကာ မိုက်ခရိုစကုပ်တစ်ခုအောက်၌ စစ်ဆေးမှု မပြုလုပ်နိုင်မီ အရောင်ဆိုးရပါသည်။ တစ်ရှူးကို ပါးလွှာသော အပိုင်းများ ဖြတ်ရာတွင် ခပ်မာမာဖြစ်အောင် လုပ်ရန် နည်းလမ်းနှစ်ခု အသုံးပြုပါသည်-

  • အေးခဲ၍ ဖြတ်ပိုင်းခြင်း (Frozen section) - တစ်ရှူးကို အလျင်အမြန်အေးခဲအောင် လုပ်ပါသည်။
  • အသေ ဖြတ်ပိုင်းခြင်း (Permanent section) - တစ်ရှူးကို ပါရာဖင် (paraffin) ဟုခေါ်သည့် အထူးဖယောင်းတစ်ခုတွင်း မြှုပ်ထားပါသည်။

တစ်ရှူးနမူနာများအားလုံးကို အသေဖြတ်ပိုင်းများ အနေဖြင့် ပြင်ဆင်သော်လည်း တစ်ခါတစ်ရံတွင် အေးခဲဖြတ်ပိုင်းများ အဖြစ်လည်း ပြင်ဆင်ပါသည်။

ခွဲစိတ်ပြီး အသားစထုတ်ယူစစ်ဆေးခြင်းများတွင် ခွဲစိတ်နေစဉ်အတောအတွင်း အသားစနမူနာကို ရောဂါဗေဒပညာရှင်တစ်ဦးမှ ခွဲခြမ်းစိတ်ဖြာနိုင်ရန် ဝန်ထမ်းက အေးခဲဖြတ်ပိုင်းတစ်ခုကို ပြင်ဆင်ပေးနိုင်ပါသည်။ ခွဲစိတ်နေသည့်အခန်းနှင့်နီးကပ်သည့် ဓာတ်ခွဲခန်းတစ်ခုအတွင်း ရောဂါဗေဒပညာရှင်တစ်ဦးမှ စစ်ဆေးစမ်းသပ်နိုင်ရန် ပုံစံနမူနာကို အလျင်အမြန်အေးခဲပြီး ပြင်ဆင်ပါသည်။ ယင်း၏အရည်အသွေးက အသေဖြတ်ပိုင်းများလောက် မကောင်းပါသော်လည်း ရောဂါဗေဒပညာရှင်အနေဖြင့် တစ်ရှူးတွင် ကင်ဆာရှိ၊ မရှိ အမြန်ဆုံးဖြတ်နိုင်လေ့ရှိပါသည်။ ယင်းဗဟုသုတက ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချက်ချင်းပြုလုပ်ရာတွင် ခွဲစိတ်ဆရာဝန်ကို ကူညီပါသည်။

အစိုင်အခဲတစ်ရှူးများ၏ သံသယရှိဖွယ် ကျူမာအကြိတ်ဖုအချို့တွင် အသားစထုတ်ယူစစ်ဆေးခြင်း အခြားအမျိုးအစား - အပ်ဖြင့်အသားစနမူနာယူခြင်း - ကို လုပ်ဆောင်ပါသည်။ အပ်ဖြင့် အသားစထုတ်ယူစစ်ဆေးခြင်းတွင် နမူနာတစ်ရှူးကို အပ်တစ်ချောင်းဖြင့် ထုတ်ယူပါသည်။ အသားစထုတ်ယူစစ်ဆေးသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပုံစံနမူနာကို ပိုးသတ်ထားသည့်ဘူးတစ်ခုအတွင်း ထည့်ပြီး ယင်းအား မပုပ်မသိုးအောင် ထိန်းသိမ်းထားရန် အထူးအရည်တစ်မျိုး ထပ်ထည့်ပါသည်။ ယင်းကို လူနာ၏ အချက်အလက်များဖြင့် စာတမ်းကပ်ပြီး စမ်းသပ်ရန် နှင့် စစ်ဆေးရန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့ပါမည်။

ဓာတ်ခွဲခန်းတွင် ဘာဆက်ဖြစ်ပါသလဲ။

ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းဝန်ထမ်းက နမူနာကို ပြင်ဆင်ပြီး တစ်ရှူးနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် စစ်ဆေးမှုအမျိုးမျိုးကို လုပ်ဆောင်ပါသည်။ ရောဂါဗေဒပညာရှင်က ယင်းအချက်အလက်များကို ကင်ဆာအထူးကုအတွက် အစီရင်ခံစာ အတွင်း ထည့်သွင်းပေးပါသည်။ ရောဂါဗေဒပညာရှင်နှင့် ကင်ဆာအထူးကု တို့က ရောဂါအမည် တပ်ရန် အတူတကွ လုပ်ဆောင်ကြပါသည်။ 

အကြမ်းဖျဉ်း စမ်းသပ်ခြင်း

ပထမအနေဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာကို စမ်းသပ်ပြီး ၄င်းအား သာမန်မျက်စိဖြင့် မြင်ရသည့်အတိုင်း ဖော်ပြပါသည်။ ယင်းကို အကြမ်းဖျင်းစမ်းသပ်ခြင်းဟု ခေါ်ပါသည်။ ယင်းဖော်ပြချက်တွင် ပုံစံနမူနာ၏ အရောင်၊ အရွယ်အစား နှင့် အခြားသွင်ပြင်များ ပါဝင်ပါလိမ့်မည်။

ပုံစံနမူနာကို ပြင်ဆင်ခြင်း

ပုံစံနမူနာကို ရောဂါဗေဒပညာရှင်မှ မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုနိုင်ရန်အတွက် ဓာတ်ခွဲခန်းဝန်ထမ်းက ပြင်ဆင်ပေးပါသည်။ တစ်ရှူးကို ပါရာဖင်ဖယောင်းတုံးတစ်ခုအတွင်း ထည့်သည့်စက်တွင်း ပုံစံနမူနာကို ဆက်လက်ပြင်ဆင်ပါသည်။ ဝန်ထမ်းက အဆိုပါတစ်ရှူးတုံးအား ပါးလွှာသော အလွှာများအဖြစ် ဖြတ်တောက်ပြီး ဆလိုက်ပြားများပေါ်တွင် တင်ပါသည် (တစ်ရှူး ဖြတ်ပိုင်းများ)။ ဆလိုက်ပြားများမှာ အရာဝတ္ထုများကို မိုက်ခရိုစကုပ်တစ်ခု အောက်တွင် ကြည့်ရှုရန်အသုံးပြုသည့် သေးငယ်ပြီး ခပ်ပြားပြား ဖန်စများဖြစ်သည်။

ယင်းလုပ်ငန်းစဉ်အပြီးတွင် နည်းပညာရှင်တစ်ဦးက တစ်ရှူးဖြတ်ပိုင်းကို အရောင် (ပုံမှန်အားဖြင့် ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin)) ဖြင့် ဆိုးကာ ယင်းက တစ်ရှူး၏ ကွဲပြားသော သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားမြင်ရအောင် ကူညီပါသည်။ ဆဲလ်တစ်ခုစီ၏ နျူကလီးယစ် (nucleus) သည် အပြာရောင်အဖြစ် ပေါ်လာပါမည်။ ကျန်ရှိနေသော ဆိုက်တိုပလာစမ် (cytoplasm) ဟုခေါ်သည့် ဆဲလ်အပိုင်းက ပန်းရောင်အဖြစ် ပေါ်လာပါမည်။

တစ်ရှူးအရောင်ဆိုးလေ့လာသည့် (histology) ဆလိုက် နမူနာက ဆဲလ်များ၏ နျူကလီးယစ် (nucleus) ကို အပြာရောင် ပေါ်စေပြီး ကျန်ရှိနေသောဆဲလ်အပိုင်းကို ပန်းရောင်ပေါ်စေပါသည်။

ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin) တို့ဖြင့် အရောင်ဆိုးထားသော (histology) ဆလိုက် နမူနာက တစ်ရှူး၏ သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားဖော်ပြပါသည်။

မိုက်ခရိုစကုပ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း

ရောဂါဗေဒပညာရှင်က တစ်ရှူးဖြတ်ပိုင်းများကို ပုံမှန်ဆဲလ်များနှင့် ကွာခြားပုံကို မြင်ရရန် မိုက်ခရိုစကုပ်တစ်ခုအောက်တွင် ကြည့်ရှုပါသည်။ ပုံစံနမူနာကို ယင်းသို့ပုံစံမျိုးဖြင့် ကြည့်ရှုခြင်းကို တစ်ရှူးဗေဒ (histology) ဟုခေါ်ပါသည်တစ်ရှူးဗေဒ (histology) ဆိုသည်မှာ ဆဲလ်များနှင့် တစ်ရှူးများ၏ တည်ဆောက်ပုံကို လေ့လာြခင်းဖြစ်သည်။

ရောဂါဗေဒပညာရှင်က မိုက်ခရိုစကုပ်အောက်တွင် သူ သို့မဟုတ် သူမ မြင်ရသည့်အရာ နှင့် တစ်ရှူးအတွက် ပြုလုပ်ခဲ့သော အခြားစစ်ဆေးမှုများ၏ရလဒ်များကို အခြေခံပြီး အစီရင်ခံစာကို ဖန်တီးပါသည်။ ယင်းကို နားလည်ရန်ခက်ခဲနိုင်သည့် နည်းပညာ၊ ဆေးဖက်ဆိုင်ရာ ဘာသာစကားဖြင့် ရေးသားထားပါသည်။ သင့်ထံတွင် မေးခွန်းတစ်ခုခုရှိပါက သင်၏ စောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။

ယေဘုယျအားဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာ၏ သွင်ပြင်များကို အောက်ပါအတိုင်း ဖော်ပြပါသည်-

  • ဆဲလ် အမျိုးအစားများ
  • ဆဲလ်များစီစဥ်ထားပုံ
  • ဆဲလ်များက ကင်ဆာဖြစ်နိုင်ချေ ရှိ၊ မရှိ
  • ရောဂါရှာဖွေခြင်းနှင့် ကုသမှုတွင် အထောက်အကူဖြစ်စေသော အခြားအင်္ဂါရပ်များဖြစ်သည့် အကျိတ်ဆဲလ်များသည် ရန်လိုသောလက္ခဏာများ ပြသခြင်း ရှိ၊ မရှိ (တစ်ခါတစ်ရံ အကျိတ်အဆင့်ဟု ရည်ညွှန်းလေ့ရှိသည်) သို့မဟုတ် အကျိတ်ဆဲလ်များသည် အခြားပုံမှန်တစ်ရှူးများသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ (တစ်ခါတစ်ရံ အကျိတ်အဆင့် (tumor stage) ဟု ရည်ညွှန်းလေ့ရှိသည်)။ အချို့သောအခြေအနေများတွင်၊ ရောဂါဗေဒပညာရှင်များသည် အကျိတ်ကို လူနာထံမှ လုံးဝဖယ်ရှားပြီး ဖြစ်၊ မဖြစ် သို့မဟုတ် နမူနာ၏ အနား (အနားသတ်များ) တွင် ကင်ဆာအတွက် အပေါင်းလက္ခဏာ ရှိ၊ မရှိကိုလည်း ဆုံးဖြတ်ကြသည်။

မိုက်ခရိုစကုပ်အောက်တွင် သုံးသပ်လေ့လာချက်အပြင် ပုံစံနမူနာက ထပ်ဆောင်း စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုများ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ယင်းရလဒ်များကိုလည်း ရောဂါဗေဒဆိုင်ရာအစီရင်ခံစာအတွင်း ထည့်သွင်းပါမည်။

ရလဒ်များကို ရှာဖွေခြင်း

တစ်ခါတစ်ရံ၍ စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုအားလုံးက အသားစထုတ်ယူစစ်ဆေးခြင်းအား ဆေးဖက်ဆိုင်ရာဌာနတွင် ဖြစ်ပေါ်ပါသည်။ အခြားအချိန်များ၌ ပုံစံနမူနာကို အခြားတစ်နေရာရာတွင် တည်ရှိသော ဓာတ်ခွဲခန်းများသို့ ပို့ရပါမည်။ အချို့သော စစ်ဆေးမှုများက အဆင့်ဆင့် နှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အစီအစဉ်တွဲ တစ်ခု လိုအပ်ပြီး ရလဒ်များရရှိရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါသည်။

ရောဂါဗေဒပညာရှင်က ယင်းစစ်ဆေးမှုများမှ အချက်အလက်များကို ရောဂါဗေဒအစီရင်ခံစာအတွင်း ထည့်သွင်းပါလိမ့်မည်။ ၎င်းကို ကင်ဆာရောဂါအထူးကုနှင့် မျှဝေထားပါမည်။ ကင်ဆာရောဂါအထူးကုသည် ရောဂါဗေဒ အစီရင်ခံစာမှ ရလဒ်များ ကို ဆေးခန်းသို့လာရောက်ချိန်တွင် မျှဝေပါမည်။

ဆရာဝန်ထံတွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အချက်အလက်ပိုမိုရှိလေ အဆိုပါသီးသန့်ကင်ဆာရောဂါ အတွက် ထိရောက်မှုအရှိဆုံး ကုထုံးများကို ဖော်ထုတ်နိုင်ရန် အခြေအနေ ပိုကောင်းလေဖြစ်သည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇူလိုင်လ 2018 ခုနှစ်

ဆက်စပ်အကြောင်းအရာများ