သွေး ကင် ဆာ ဆိုသည် မှာသွေး နှင့် ရိုးတွင်းခြင်ဆီတွင် ဖြစ်သည့် ကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် လူနာသစ် 3,500–4,000 ခန့် ရောဂါရှာဖွေတွေ့ရှိနေရသည်။
သွေးကင်ဆာလူနာတွင် ရိုးတွင်းခြင်ဆီသည် စနစ်တကျ အလုပ်မလုပ်ပါ။ ရိုးတွင်းခြင်ဆီဆိုသည်မှာ အရိုးအများစု၏ အလယ်ဗဟိုတွင်ရှိသော ပျော့ပျောင်းပြီး ရေမြုပ်နှင့်တူသည့် တစ်ရှူးဖြစ်သည်။ ၎င်းသည် သွေးဆဲလ်စက်ရုံတစ်ခုကဲ့သို့ အလုပ်လုပ်သည်။ သွေးဆဲလ်များအားလုံး ဤနေရာမှ စတင်သည်။ ၎င်းတို့သည် သွေးဖြစ်ပေါ်စေသော ပင်မဆဲလ်များအဖြစ် စတင်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုပင်မဆဲလ်များသည် သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သွေးကင်ဆာလူနာတွင် ပင်မဆဲလ်များသည် စနစ်တကျ ကြီးထွားခြင်းမရှိပါ။ သွေးထဲတွင် မရင့်ကျက်သေးသည့် သွေးဆဲလ်များ သို့မဟုတ် သွေးကင်ဆာဆဲလ်များ အလွန်အကျူး ဖြစ်ပေါ်လာသည်။
ထိုကဲ့သို့ဖြစ်သောအခါ၊ သွေးသည် ၎င်း၏အလုပ်ကို ကောင်းစွာ မလုပ်နိုင်ပါ။ သွေးထဲတွင် အောက်ပါတို့ လုံလောက်စွာ မရှိပါ-
သွေးကင်ဆာသည် မြန်ဆန်ပြင်းထန်ခြင်း သို့မဟုတ် နာတာရှည်ခြင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်ပါသည်။ မြန်ဆန်ပြင်းထန်ခြင်း (Acute) ဟုဆိုခြင်းမှာ ကုသမှုမခံယူပါက ရောဂါလက္ခဏာများ လျင်မြန်စွာ ပေါ်ပေါက်လာခြင်းကို ဆိုလိုသည်။ နာတာရှည်ခြင်း သဘောမှာ ရောဂါနှင့် ရောဂါလက္ခဏာများ တဖြည်းဖြည်းနှေးကွေးစွာပေါ်ပေါက်လာခြင်းဖြစ်သည်။
မြန်ဆန်ပြင်းထန်သောသွေးကင်ဆာများသည် ကလေးများတွင် ပိုပြီးအဖြစ်များသည်။
သွေးကင်ဆာ(leukemia) နှင့် ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) တို့ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကုသမှုများနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်း နောက်ထပ် လေ့လာပါ။
ရောဂါသွင်ပြင်နှင့် ရောဂါလက္ခဏာများတွင် ပါဝင်သည်မှာ-
ကုသမှုသည် သွေးကင်ဆာ အမျိုးအစားပေါ်တွင် မူတည်ပါသည်။ အသုံးအများဆုံး ကုသမှုမှုမှာ ကင်ဆာဆေးသွင်းကုသခြင်းဖြစ်ပါသည်။
အခြားကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် -
ပုံမှန် သွေးဖြစ်ပေါ်သည့် လုပ်ငန်းစဉ်။
ဘလပ်စ်ဆဲလ် (Blasts) များ ဖြစ်ပေါ်လာစေသည့် သွေးဖွဲ့စည်းထုတ်လုပ်ပုံ လုပ်ငန်းစဉ်။
ဆရာဝန်များသည် ရောဂါကြိုတင်ခန့်မှန်းချက်အကြောင်း ပြောဆိုသည့်အခါ 5 နှစ်တာ အသက်ရှင်သန်နိုင်မှုနှုန်း ဟုခေါ်သော ကိန်းဂဏန်းတစ်ခုကို အသုံးပြုလေ့ရှိကြသည် ရောဂါကြိုတင်ခန့်မှန်းချက်။ ၎င်းသည် ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အနည်းဆုံး 5 နှစ်အထိ ဆက်လက်အသက်ရှင်နေထိုင်နိုင်သော ရာခိုင်နှုန်း ဖြစ်သည်။
ပြင်းထန်သွေးကင်ဆာများတွင် 5 နှစ်ကျော်ပြီး ရောဂါ ပြန်မပေါ်သော ကလေးများ သည် ရောဂါပျောက်ကင်းဖို့ ဖြစ်နိုင်ခြေ များသည်။ ထိုမျှလောက် ကြာမြင့်ပြီးနောက်တွင် ဤကင်ဆာရောဂါများ ပြန်လည်ဖြစ်ပွားခဲ ပါသည်။
အသက်ရှင်သန်နိုင်မှုနှုန်းဆိုသည်မှာ ခန့်မှန်းခြေ မျှသာ ဖြစ်သည်။ သင့်ကလေး၏ ဆရာဝန်သည် သင့်ကလေး၏ အသက်ရှင်သန်နိုင်မှုနှုန်း နှင့် ပတ်သက်၍ အကောင်းဆုံး အချက်အလက်ပေးနိုင်သူ ဖြစ်သည်။
ကလေးငယ်များတွင် ဖြစ်ပွား ရုတ်တရက်ဖြစ်သည့် လင်ဖိုဘလတ်စတစ် သွေးကင်ဆာ (ALL) ၏ ယေဘုယျ ငါးနှစ်တာ အသက်ရှင်သန်နိုင်မှုနှုန်း ALLသည် 90% ခန့်ဖြစ်ပါသည်။
ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရုတ်တရက်ဖြစ်သည့် မိုင်လွိုက် သွေးကင်ဆာ (AML) ၏ ယေဘုယျ 5 နှစ်တာ အသက်ရှင်သန်နိုင်မှုနှုန်းမှာ 65-75% ရှိသည်။ အသက်ရှင်သန်နိုင်မှုနှုန်းသည် AML ၏ မျိုးကွဲအမျိုးအစားနှင့် အခြားသောအချက်များအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ ဥပမာအားဖြင့်၊ AML ၏ မျိုးကွဲတစ်ခုဖြစ်သော ရုတ်တရက်ဖြစ်သည့် ပရိုမိုင်လိုစစ်တစ် သွေးကင်ဆာ (APL) ၏ ရောဂါပျောက်ကင်းနှုန်းသည်၊ ယခုအခါ 90% ထက် ပိုမိုမြင့်မားလာပြီ ဖြစ်သည်။ သို့သော် AML ၏ အခြားသော မျိုးကွဲအချို့အတွက်မူ ရာခိုင်နှုန်း ပိုမိုနည်းပါးပါသည်။
နာတာရှည် သွေးကင်ဆာများအတွက်၊ 5 နှစ်တာ အသက်ရှင်သန်နိုင်နှုန်းများသည် အသုံးဝင်မှုနည်းပါးရသည်မှာ ကလေးများသည် အမှန်တကယ်မကုသပဲ သွေးကင်ဆာဖြစ်ကာ အသက်ပိုရှည်စွာနေနိုင်သောကြောင့်ဖြစ်သည်။ အတိတ်ကာလက နာတာရှည် မိုင်လွိုက် သွေးကင်ဆာ (CML) ၏ 5 နှစ်တာ အသက်ရှင်သန်နိုင်မှုနှုန်းကို 60-80 % အထိ ရှိကြောင်း အစီရင်ခံခဲ့ကြသည်။ ယခုအခါ ထိုနှုန်းထားများသည် ပိုမိုမြင့်မားလာပြီ ဖြစ်သည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- နိုဝင်ဘာလ 2022 ခုနှစ်
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL) သည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည့် သွေးနှင့်ရိုးတွင်းခြင်ဆီ ကင်ဆာအမျိုးအစား ဖြစ်သည်။
ကင်ဆာဆေးသွင်းကုသခြင်းသည် ဆဲလ်များပွားနေစဉ်အတွင်း နှောင့်ယှက်ခြင်းဖြင့် အလုပ်လုပ်သည့် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာရောဂါကို ကုသပါသည်။ ကင်ဆာဆေးအကြောင်းနှင့် ၎င်းအတွက် သင့်ကလေးအား မည်သို့ပြင်ဆင်ပေးရမည်ကို ပိုမိုလေ့လာပါ။