Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Purixan®, Purinethol®
သည်အခြားအမည်များ:
6-MP
မကြာခဏအတှကျအသုံးပွု:
မာကပ်တိုပျူရင်း (Mercaptopurine) သည် ကင်ဆာဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် အလုပ်လုပ်ပါသည်။ ၎င်းကို အခြားဆေးဝါးများနှင့် တွဲဖက်အသုံးပြုပါသည်။
လူနာများတွင် အချို့သော အင်ဇိုင်းများ၏ လုပ်ဆောင်ချက်ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်သည် မာကပ်တိုပျူရင်း (Mercaptopurine)ကို မည်မျှ နှေးကွေးစွာ သို့မဟုတ် မြန်ဆန်စွာ ဖြိုခွဲခြင်းတွင် ကွဲပြားနိုင်ပါသည်။ လူနာ၏ အင်ဇိုင်းများ မည်ကဲ့သို့ အလုပ်လုပ်ဆောင်သည်ကိုသိရှိစေရန် မျိုးရိုးဗီဇ စစ်ဆေးခြင်းတစ်မျိုးကို လုပ်ဆောင်ရနိုင်ပါသည်။ မာကပ်တိုပျူရင်း (Mercaptopurine) ကို ဖြိုခွဲနိုင်နှုန်းနှေးသည့် လူနာများသည် ဆေးပမာဏကို လျှော့၍ လက်ခံရရှိနိုင်ပါသည်။ ပိုမိုဖတ်ရှုရန်− သီယိုပျူရင်း မီသိုင်းထရန်စဖာရေ့စ် (thiopurine methyltransferase) (TPMT) နှင့် ဆေးများ
လူနာများသည် သွေးဥ အရေအတွက်နှင့် အသည်းလုပ်ဆောင်ချက်တို့ကို စောင့်ကြည့်စစ်ဆေးရန် ပုံမှန်သွေးထုတ်စစ်ဆေးမှုများကို ပြုလုပ်ရနိုင်ပါသည်။ မာကပ်တိုပျူရင်း (Mercaptopurine) ဆေးပမာဏကို ပြောင်းလဲသင့်၊ မသင့်ကို သိရှိနိုင်ရန်အတွက် ၎င်း၏ သွေးတွင်းဆေးပမာဏကို စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။
ဆေးရည်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်
ဆေးပြားအဖြစ် ပါးစပ်မှ သောက်သုံးနိုင်ပါသည်
မာကပ်တိုပျူရင်း (Mercaptopurine) ကို သောက်သုံးနေသော လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။. အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
အချို့သောလူနာများသည် ကုထုံးပြီးဆုံးပြီးနောက် လများစွာ သို့မဟုတ် နှစ်များစွာ ဆက်လက်ဖြစ်ပေါ်နိုင်သည့် သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ကုသမှု၏ ရေရှည် သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ မာကပ်တိုပျူရင်း (Mercaptopurine) ၏ ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါသည်-
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။