ကလေးတစ်ဦးသေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းသည် မိဘတိုင်းအတွက် မတူညီပါ။ သင့်ဝမ်းနည်းပူဆွေးမှုကို ကျော်လွှားရန် နည်းလမ်းများကို ရှာဖွေပါ၊ ဝမ်းနည်းပူဆွေးမှု လုပ်ငန်းစဉ်အကြောင်း ပိုမိုလေ့လာပါ၊ ဝမ်းနည်းပူဆွေးမှုဆိုင်ရာ အရင်းအမြစ်များကို ရှာဖွေပါ။
ပြင်းထန်သောရောဂါများခံစားနေရသည့် ကလေးများနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများသည် စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးမှုနှင့် ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ဗျူဟာများ လိုအပ်နိုင်ပါသည်။ ခက်ခဲသော စိတ်ခံစားမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခြင်းအကြောင်း ပိုမိုလေ့လာပါ။
ပြင်းထန်သောရောဂါခံစားနေရသည့် ကလေးတစ်ဦးကို ပြုစုစောင့်ရှောက်ခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ၊ လူမှုရေးနှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာ ချမ်းသာသုခဖြစ်မှုကို ထောက်ပံ့ပေးရန် အရင်းအမြစ်များကို ရှာဖွေပါ။
ကလေးများအတွက် သက်သာရာပေးသော (palliative) ပြုစုစောင့်ရှောက်မှုဆိုသည်မှာ ပြင်းထန်သည့် ရောဂါဝေဒနာကို ခံစားနေရသော ကလေးများကို ပြုစုစောင့်ရှောက်ရန် ချဉ်းကပ်မှုတစ်ခု ဖြစ်ပါသည်။ ကလေးများအတွက် သက်သာရာပေးသော (palliative) ပြုစုစောင့်ရှောက်မှုအဖွဲ့မှ မည်သို့အထောက်အကူပြုနိုင်သည်ကို လေ့လာပါ။