Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Cytoxan®
သည်အခြားအမည်များ:
Cyclo, CPM, CTX
မကြာခဏအတှကျအသုံးပွု:
သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ဦးနှောက်အကျိတ်များ၊ တွယ်ဆက်တစ်ရှူးကင်ဆာများ၊ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အာရုံကြောဆဲလ်အကျိတ်၊ မျက်စိအမြင်လွှာကင်ဆာ၊ ကျောက်ကပ်ကင်ဆာ
ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) သည် ကင်ဆာဆေးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် လုပ်ဆောင်ပါသည်။ ၎င်းကို အများအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိပါသည်။ ၎င်းကို သွေးဖွဲ့ဆဲလ် အစားထိုးကုသမှုအတွက် လူနာများကို ပြင်ဆင်ရာတွင်လည်း အသုံးပြုပါသည်။
ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) ဆေးသည် ကျောက်ကပ်နှင့် ဆီးအိမ်တို့ကို ထိခိုက်စေနိုင်ပါသည်။ ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) ဆေး သောက်သုံးနေသောလူနာများအနေဖြင့် အရည်ပမာဏများများ သောက်သင့်ပါသည်။ ဆီးအိမ် ထိခိုက်ပျက်စီးနိုင်ခြေကို လျော့ချနိုင်ရန် လူနာများကို IV အကြောဆေးရည်များနှင့် မက်ဆနာ (Mesna) ဟုခေါ်သည့် ဆေးတစ်မျိုးကို ပေးထားနိုင်ပါသည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးရန်အတွက် ပုံမှန်သွေးဖောက်စစ်မှုများကို ပြုလုပ်ရပါမည်။ တစ်ချို့လူနာများတွင် နှလုံးစွမ်းဆောင်ရည်ကို စစ်ဆေးနိုင်ပါသည်။ ဆီးထဲတွင် သွေးပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဆီးနမူနာများ ယူနိုင်ပါသည်။
ဆေးပြား၊ ဆေးတောင့် သို့မဟုတ် ဆေးအရည်အဖြစ် ပါးစပ်မှ သောက်၍ရသည်
သွေးကြောထဲသို့ ဆေးအရည်အဖြစ် IV ထိုးဆေးဖြင့် ပေးနိုင်ပါသည်
ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
အချို့သောလူနာများသည် ကုသမှုပြီးဆုံးပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) ဆေးကြောင့် ဖြစ်နိုင်ခြေရှိသော နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ကြပါသည်-
ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။