အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


နို့စို့အရွယ်ကလေး ပြင်းထန် လင်ဖိုဘလပ်စတစ် လူကီးမီးယားရောဂါ သွေးကင်ဆာ

နို့စို့အရွယ်ကလေး ALL သွေးကင်ဆာဆိုတာ ဘာလဲ။

Acute lymphoblastic leukemia (ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီတွင် ဖြစ်ပွားသော ကင်ဆာရောဂါတစ်မျိုး ဖြစ်သည်။ ALL သည် ကလေးကင်ဆာများထဲတွင် တွေ့ရအများဆုံးသော ကင်ဆာ ဖြစ်သည်။

နို့စို့အရွယ်ကလေး ALL သည် အသက် 1 နှစ်နှင့် ယင်းအောက်ရှိသော ကလေးငယ်များတွင် ဖြစ်ပွားတတ်သည်။ နို့စို့အရွယ်ကလေးများတွက် ALL ဖြစ်ခြင်းသည် ရှားပါးပြီးဖြစ်ခဲသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ဖြစ်ပွားမှုပေါင်း 90 ခန့် ရှိသည်။

နို့စို့အရွယ်ကလေး ALL သည် အသက်ကြီးသောကလေးများတွင် ဖြစ်ပွားသည့် ALL နှင့် ကွဲပြားခြားနားပါသည်။ နို့စို့အရွယ်ကလေးငယ်များတွင် ကင်ဆာရောဂါကို ကုသရခြင်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ နို့စို့အရွယ်ကလေး ALL သည် ပုံမှန်အားဖြင့် ပြင်းထန်ပြီး လျင်မြန်စွာ ပျံ့နှံ့တတ်ပါသည်။

အဓိကကုသမှုမှာ ကင်ဆာဆေးသွင်းကုသခြင်းဖြစ်သည်။ အချို့သော ကလေးငယ်များသည် ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှုခံယူရရှိနိုင်ပါသည်။
 

ဆေးရုံနောက်ခံ ကလေးပုခက်ထဲတွင် ရှိနေပြီး အနောက်တွင် ဝက်ဝံရုပ်လေးရှိနေသော ယောကျ်ားကလေးငယ်

သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်နှင့် လျှော့ချရန် လုပ်ဆောင်ပေးပါလိမ့်မည်။ စောင့်ရှောက်မှုအဖွဲ့သည် ဘေးထွက်ဆိုးကျိုးများကို အနီးကပ်စောင့်ကြည့်ပြီး ကုသပေးသွားမည် ဖြစ်သည်။

နို့စို့အရွယ်ကလေး ALL ၏ ရောဂါလက္ခဏာများ

ပြန်လည်ဖြစ်ပွားသော သို့မဟုတ် ကုသရခက်ခဲသော ALL ၏ လက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-

နို့စို့အရွယ်ကလေး ALL ကို ရောဂါရှာဖွေခြင်း

နို့စို့အရွယ်ကလေး ALL ကို ရောဂါရှာဖွေရာတွင် အောက်ပါတို့ပါဝင်ပါသည်-

ထပ်မံစစ်ဆေးမှုများက ALL ၏ တိကျသော အမျိုးအစားကို အဆုံးအဖြတ်ပေးသည်။ အဓိကအမျိုးအစား 2 မျိုးရှိသည် ဘီ-ဆဲလ် ALL (B-cell ALL) နှင့် တီ-ဆဲလ် ALL (T-cell ALL)။ ဤအချက်အလက်သည် ကုသမှုဆိုင်ရာ စဉ်းစားရာတွင် သက်ရောက်မှုရှိစေမည် ဖြစ်သည်။

သွေး၏ အခြေခံအကြောင်းအရာများ

သွေးကင်ဆာ(leukemia) နှင့် ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) တို့ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကုသမှုများနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်း နောက်ထပ် လေ့လာပါ။

သွေး၏ အခြေခံအကြောင်းအရာများကို လေ့လာပါ

နို့စို့အရွယ် ကလေးငယ်များတွင် ဖြစ်ပွားသော သွေးကင်ဆာ (ALL) ကုသမှု

နို့စို့ကလေးများတွင်ဖြစ်ပွားသည့် ALL အတွက် အဓိကကုသမှုမှာ ဆေးဝါးပေါင်း မြောက်များစွာပါဝင်သည့် ကင်ဆာဆေးသွင်းကုသခြင်း (chemotherapy) ဖြစ်ပါသည်။ ကုသမှုတွင် အဆင့်အမျိုးမျိုး ရှိပါသည်။ ၎င်းသည် ပုံမှန်အားဖြင့် 2 နှစ်ခန့် ကြာမြင့်တတ်သည်။

နို့စို့ကလေး သွေးကင်ဆာ (ALL) ကို ကုသရန် အသုံးပြုသည့် ဆေးဝါးများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

တခြားကုထုံးများ

အချို့သော လူနာများသည် ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှုကို ခံယူနိုင်ပါသည်။

ကုသမှု ရွေးချယ်စရာများတွင် ဆေးဝါးစမ်းသပ်သုတေသနပြုချက်များလည်း ပါဝင်နိုင်ပါသည်။

နို့စို့ကလေး သွေးကင်ဆာ (ALL) ၏ ရောဂါအခြေအနေ

သမားတော်များသည် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေ (ပြန်ပေါ်လာနိုင်ခြေ) အပေါ် မူတည်၍ ကုသမှု ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။ ယေဘုယျအားဖြင့် ယင်းသို့ချဉ်းကပ်ပုံသည် ရောဂါပြန်လည်ဖြစ်ပွားရန် အန္တရာယ်ပိုများသော လူနာများသည် အန္တရာယ်နည်းသော လူနာများထက် ပိုမိုပြင်းထန်သော ကုသမှုကို ခံယူရရှိမည် ဖြစ်သည်။

နို့စို့ကလေးငယ်အများစု တွင် MLL (ခရိုမိုဆုန်း၏ အစိတ်အပိုင်းငယ် နေရာပြောင်းလဲမှုကြောင့်ဖြစ်သော လူကီးမီးယား) ဟုခေါ်သော မျိုးရိုးဗီဇတွင် ပြောင်းလဲခြင်း ရှိတတ်သည်။ MLL ၏ အခြားအမည်တစ်ခုမှာ KMT2A ဖြစ်သည်။

နို့စို့ကလေး ALL ကို ကုသရာတွင် သမားတော်များသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားကြသည်-

  • မျိုးရိုးဗီဇ ပြောင်းလဲမှုများ- MLL ပြန်လည်စီစဉ်ဖွဲ့စည်းမှု ရှိနေခြင်းသည် ကုထုံးအပေါ် တုံ့ပြန်မှု ပိုမိုအားနည်းနိုင်ကြောင်း ခန့်မှန်းပေးသည်။
  • အသက်အရွယ်- အသက် 1 နှစ်နီးပါးရှိသော နို့စို့ကလေးများသည် အသက် 6 လအောက်ငယ်သော နို့စို့ကလေးများထက် ပုံမှန်အားဖြင့် ကုသမှုကို တုံ့ပြန်မှုပိုကောင်းပါသည်။
  • သွေးဖြူဥဆဲလ်များ၏ အရေအတွက်- သင့်ကလေးတွင် ကနဦးရောဂါအဖြေရှာတွေ့ချိန် သွေးဖြူဥအရေအတွက် အလွန်အမင်းများနေခြင်းသည် ကုထုံးအပေါ် တုံ့ပြန်မှု ပိုမိုအားနည်းနိုင်ကြောင်း ခန့်မှန်းပေးသည်။
  • ကနဦးကုထုံးအပေါ် တုံ့ပြန်သည့် အချိန်ကာလ- ကနဦးကုသမှုအပေါ် ကောင်းမွန်သော တုံ့ပြန်မှုပြသသည့် ကလေးများသည် ရောဂါပြန်ပေါ်ရန် အန္တရာယ်နည်းပါးသည်။

ALL သွေးကင်ဆာရှိသော နို့စို့ကလေးများ၏ အသက်ရှင်သန်နိုင်ခြေနှုန်းမှာ 60% အောက် ဖြစ်ပါသည်။ MLL (KMT2A) ပြောင်းလဲစီစဉ်ခြင်း ရှိသော နို့စို့ကလေးများ၌ ရောဂါပြန်လည်ဖြစ်ပွားရန် အန္တရာယ်မြင့်မားပါသည်။ ရောဂါပြန်လည်ဖြစ်ပွားမှု အများစုသည် ရောဂါအဖြေရှာတွေ့ပြီး တစ်နှစ်အတွင်း ဖြစ်ပွားတတ်သည်။

ရောဂါနှင့်ပတ်သက်သော တွေ့ရှိမှုအသစ်များသည် ကုသမှုအသစ်များ ဖော်ထုတ်ရာတွင် အလားအလာကောင်းများကို ပြသနေသည်။ ၎င်းတို့တွင် နို့စို့ကလေးသွေးကင်ဆာ (ALL) ကို ကုသရန် အသုံးပြုသည့် ကင်ဆာဆေးသွင်းကုထုံးတွင် ခုခံအားကုထုံး (Immunotherapy) နှင့် ပစ်မှတ်ထားကုထုံး (Targeted therapy) တို့ကို ပူးတွဲထည့်သွင်းခြင်းများ ပါဝင်သည်။ အလားအလာကောင်းသော ကုထုံးအသစ်များတွင် အောက်ပါတို့ ပါဝင်သည်

ALL သွေးကင်ဆာရှိသော နို့စို့ကလေးများအတွက် ပံ့ပိုးကူညီမှု

ဘေးထွက်ဆိုးကျိုးများသည် ကလေးတစ်ဦးနှင့်တစ်ဦး မတူညီဘဲ ကွဲပြားနိုင်ပါသည်။ စောင့်ရှောက်ရေးအဖွဲ့သည် ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သလောက် ကာကွယ်ရန် နှင့် နည်းပါးအောင်ကြိုးစားရန် မိသားစုများနှင့် အတူပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။ စောင့်ရှောက်မှုအဖွဲ့သည် ဘေးထွက်ဆိုးကျိုးများကို အနီးကပ်စောင့်ကြည့်ပြီး ကုသပေးသွားမည် ဖြစ်သည်။

နို့စို့ကလေးများသည် အောက်ပါအခြေအနေများကို ပိုမိုခံရလွယ်သည်-

  • ရောဂါပိုးဝင်ခြင်းများ၊ အထူးသဖြင့် အသက်ရှူလမ်းကြောင်း စင်စီတီရယ် ဗိုင်းရပ်စ်ပိုး(RSV) ကဲ့သို့သော အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
  • အချွဲမြှေးရောင်ခြင်း (ခံတွင်းနှင့် လည်ချောင်း အနာများ အပါအဝင်)
  • အသည်း၊ ကျောက်ကပ်နှင့် ဗဟိုအာရုံကြောစနစ်တို့အပေါ် အဆိပ်အတောက်ဖြစ်စေသော သက်ရောက်မှုများ

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ

  • ကျွန်ုပ်တို့အတွက် ဘယ်လိုကုသမှု ရွေးချယ်စရာတွေ ရှိပါသလဲ။
  • ကုသမှုတစ်ခုစီတိုင်းတွင် မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သနည်း။
  • ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ရန် မည်သည့်အရာများကို ပြုလုပ်နိုင်သနည်း။
  • ကျွန်ုပ်၏ကလေးသည် ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်ပါသလား။
  • မည်သည့်နေရာတွင် ကုသမှုကိုရရှိနိုင်ပါသနည်း။ ၎င်းနေရာသည် အိမ်နှင့် နီးပါသလား သို့မဟုတ် ကျွန်ုပ်တို့ ခရီးသွားဖို့ လိုပါသလား။
     

နို့စို့ကလေး ALL နှင့် ပတ်သက်သော အဓိကအချက်များ

  • Acute lymphoblastic leukemia (ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီတွင် ဖြစ်ပွားသော ကင်ဆာရောဂါတစ်မျိုး ဖြစ်သည်။
  • ALL သည် ကလေးကင်ဆာများထဲတွင် တွေ့ရအများဆုံးသော ကင်ဆာ ဖြစ်သည်။ သို့သော် နို့စို့ကလေးတွင် ဖြစ်ပွားသော ALL သွေးကင်ဆာသည် ရှားပါးသည်။
  • နို့စို့ကလေး ALL သွေးကင်ဆာအတွက် အဓိကကုသမှုမှာ ကင်ဆာဆေးသွင်းကုသခြင်း ဖြစ်သည်။
  • အချို့သော လူနာများသည် ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှု  ကို ခံယူရရှိနိုင်ပါသည်။
  • နို့စို့ကလေးငယ် အများစုတွင် MLL (mixed lineage leukemia) ဟုခေါ်သော မျိုးရိုးဗီဇတစ်ခုတွင် ဗီဇပြန်လည်စီစဉ်မှု ရှိပါသည်။
  • MLL (KMT2A) ပြောင်းလဲစီစဉ်ခြင်း ရှိသော နို့စို့ကလေးများ၌ ရောဂါပြန်လည်ဖြစ်ပွားရန် အန္တရာယ်မြင့်မားပါသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2022 ခုနှစ်

ဆက်စပ်အကြောင်းအရာများ