အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ အချက်အလက်များကို ရှာဖွေပါ

ကူးစက်ရောဂါများကို ကာကွယ်ခြင်းသည် ပြင်းထန်သောရောဂါများရှိသည့် ကလေးများကို စောင့်ရှောက်မှု၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေးများတွင် ကိုယ်ခံအားစနစ် အားနည်းနေနိုင်သောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်သော ကူးစက်ရောဂါပိုးများကို ပိုမိုခံစားရရန် လွယ်ကူပါသည်။ ရောဂါပိုးများ ကူးစက်နိုင်ခြေကို လျှော့ချရန်အတွက် ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ အစီအမံများအကြောင်းကို လေ့လာပါ။

အထူးဖော်ပြချက် အရင်းအမြစ်များ

  • ကိုဗစ်-19 ရောဂါ (COVID-19) နှင့် အဖျားတက်ခြင်း

    အဖျားတက်ခြင်းသည် ကိုဗစ်-19 ရောဂါ (COVID-19) ၏ အတွေ့ရအများဆုံး ရောဂါလက္ခဏာများထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း ကိုဗစ်-19 ရောဂါ (COVID-19) ကူးစက်ခံရသူများသည် တစ်ခါတစ်ရံတွင် အဖျားငွေ့ငွေ့သာ ရှိနိုင်သည် သို့မဟုတ် လုံးဝ အဖျားတက်ခြင်း မရှိဘဲလည်း ဖြစ်နိုင်ပါသည်။ ပိုမိုလေ့လာရန်။

  • လူပါပီလိုမာဗိုင်းရပ်စ် (Human papillomavirus၊ HPV)

    လူပါပီလိုမာဗိုင်းရပ်စ် (Human papillomavirus) သည် အရေပြားချင်းထိတွေ့မှုမှတစ်ဆင့် ကူးစက်တတ်သော အဖြစ်များသည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါသည်။ အချို့အမျိုးအစားများသည် ကြွက်နို့များကို ဖြစ်စေပြီး အချို့မှာ ကင်ဆာကို ဖြစ်စေနိုင်ပါသည်။ HPV နှင့် HPV ကာကွယ်ဆေးများအကြောင်းကို လေ့လာပါ။

  • ကူးစက်တတ်သော ရောဂါများ

    ကလေးများတွင် ဖြစ်ပွားသည့် ကူးစက်တတ်သောရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုကဲ့သို့သော ပိုးမွှားများကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကလေးများတွင် ဖြစ်ပွားသည့် ကူးစက်တတ်သောရောဂါများအကြောင်း ပိုမိုလေ့လာပါ။

  • တုပ်ကွေးရောဂါ (flu)

    တုပ်ကွေးရောဂါ (တုပ်ကွေး) ဆိုသည်မှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုး ဖြစ်ပါသည်။ တချို့လူများသည် တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေ မြင့်မားပါသည်။ တုပ်ကွေးရောဂါကို မည်သို့ကာကွယ်ရမည်နှင့် မည်သို့ကုသရမည်ဆိုသည်ကို လေ့လာပါ။

  • ဝက်သက်ရောဂါ

    ဝက်သက်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့စေနိုင်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ရောဂါလက္ခဏာများတွင် ဖျားခြင်းနှင့် အဖုအပိမ့်အင်ပြင်ထခြင်းတို့ ပါဝင်ပါသည်။ ဝက်သက်ရောဂါအကြောင်းနှင့် MMR ကာကွယ်ဆေးဖြင့် ဝက်သက်ရောဂါအား မည်ကဲ့သို့ကာကွယ်ရမည်ကို လေ့လာပါ။