ခါးရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture) သည် ကလေးကင်ဆာ (Childhood Cancer) နှင့် အခြား ကလေးရောဂါများ သို့မဟုတ် ရောဂါပိုးကူးစက်မှုများကို ရောဂါ ရှာဖွေအတည်ပြုခြင်း (Diagnosis) ပြုလုပ်ရာတွင် တစ်ခါတစ်ရံ အသုံးပြုသော လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ ၎င်းကို LP သို့မဟုတ် ခါးရိုးကြား အရည်ထုတ်ယူစစ်ဆေးခြင်း (Spinal Tap) ဟုလည်း ခေါ်ပါသည်။
လုပ်ထုံးလုပ်နည်း ပြုလုပ်နေစဉ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ကျောရိုးပတ်ဝန်းကျင်ရှိ အရည်အနည်းငယ်ကို အပ်ပါးတစ်ချောင်း အသုံးပြု၍ ထုတ်ယူပါသည်။
ထိုအရည်ကို ဦးနှောက်နှင့် ကျောရိုးအရည် (Cerebrospinal Fluid) သို့မဟုတ် CSF ဟု ခေါ်ပါသည်။ ၎င်းသည် ဦးနှောက်နှင့် ကျောရိုးမကြီး အာရုံကြောကို ဝန်းရံကာကွယ်ပေးထားသော အရည် ဖြစ်ပါသည်။ CSF ကို စစ်ဆေးခြင်းအားဖြင့် လူနာတွင် ရောဂါ သို့မဟုတ် ရောဂါပိုးကူးစက်မှုရှိ၊ မရှိ သိရှိနိုင်ပါသည်။ ခန္ဓာကိုယ်သည် CSF ကို အဆက်မပြတ် ထုတ်လုပ်နေပါသည်။ ခါးရိုးကြား အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture) ပြုလုပ်စဉ် ထုတ်ယူလိုက်သော အရည်ပမာဏ အနည်းငယ်ကို လူနာ၏ ခန္ဓာကိုယ်က အချိန်တိုအတွင်း ပြန်လည်ထုတ်လုပ်ပေးနိုင်ပါသည်။
လူနာသည် သူ၏ သို့မဟုတ် သူမ၏ ဘေးတစ်ဖက်သို့ စောင်း၍ လဲလျောင်းနေရမည် သို့မဟုတ် ကုတင်အစွန်းတွင် ထိုင်နေရမည်။
ကျန်းမာရေး စောင့်ရှောက်မှုပေးသူသည် အပ်ထိုးရန် သင့်တော်သော နေရာကို စမ်းသပ်ရှာဖွေပါလိမ့်မည်။
အပ်ထည့်သွင်းပြီးသည်နှင့်၊ အရည်ကို စုဆောင်းရန် 10 မိနစ် သို့မဟုတ် ထို့ထက်နည်းသော အချိန်သာ လိုအပ်ပါသည်။
ဦးနှောက်နှင့် ကျောရိုးအရည် (Cerebrospinal Fluid) ကို စစ်ဆေးခြင်းဖြင့် လူနာတွင် ရောဂါ သို့မဟုတ် ရောဂါပိုးကူးစက်မှုရှိ၊ မရှိ သိရှိနိုင်ပါသည်။
သင့်ကလေး နိုးနေပါက၊ အပ်ထိုးသည့် နေရာတွင် အနည်းငယ် စူးရှသလို ခံစားရခြင်းနှင့် မသက်မသာ ဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါသည်။ လူအများအပြားက ခါးရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture) လုပ်ငန်းစဉ်သည် နာကျင်မှု မရှိကြောင်း ပြောကြသည်။
စစ်ဆေးမှု ရလဒ်များကို မည်သည့်အချိန်တွင်၊ မည်သည့်နည်းလမ်းဖြင့် ရရှိမည်ကို သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။
ဤလုပ်ထုံးလုပ်နည်း ပြီးနောက် သင့်ကလေးသည် မိနစ် 30 သို့မဟုတ် ထို့ထက်ပို၍ အိပ်ရာပေါ်တွင် လဲလျောင်းနေရနိုင်ပါသည်။ သင့်ကလေးအား ရေ သို့မဟုတ် အခြားသောက်စရာ တစ်ခုခုကိုလည်း ပေးနိုင်ပါသည်။ ၎င်းသည် ဤလုပ်ထုံးလုပ်နည်း ပြီးနောက် အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည့်၊ ခေါင်းကိုက်ခြင်းကို ကာကွယ်ရန် အထောက်အကူပြုပါသည်။
24 နာရီကြာပြီးနောက် သင့်ကလေး၏ ပတ်တီးကို ဖယ်ရှားနိုင်ပါသည်။
နာကျင်မှု သို့မဟုတ် ကိုက်ခဲမှုအတွက် သင့်ကလေး သောက်သုံးနိုင်သော အကိုက်အခဲပျောက်ဆေးများအကြောင်းကို သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။ သင့်ကလေးတွင် အောက်ပါ ရောဂါပိုးကူးစက်မှုလက္ခဏာများ ရှိ၊ မရှိ စောင့်ကြည့်ပါ-
သင့်ကလေးတွင် ရောဂါပိုးကူးစက်မှုလက္ခဏာများ တွေ့ရှိပါက၊ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်း ဆက်သွယ်ပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်
ကလေးကင်ဆာရောဂါမှာအမျိုးအစားများစွာ ရှိသည်။ သွေးကင်ဆာ၊ ပြန်ရည်အိတ်ကင်ဆာ၊ အကျိတ်အစိုင်အခဲ ကင်ဆာ၊ ဦးနှောက်အကျိတ်ကင်ဆာ အပါအဝင် ကလေးနှင့်ပတ်သက် သောကင်ဆာ ကင်ဆာအမျိုးအစားများအကြောင်း လေ့လာရန်။
ကလေးကင်ဆာကို ကနဦးရောဂါလက္ခဏာများမှစ၍ စစ်ဆေးနေကျစစ်ဆေးမှုများအထိ မည်သို့ရောဂါရှာဖွေသည်ကို လေ့လာပါ။ သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းရန် အကြံပြုချက်များနှင့် မေးခွန်းများကို ရယူပါ။
ကလေးကျန်းမာရေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် လူနာနှင့် မိသားစုများကို ရောဂါရှာဖွေခြင်းမှ ကုသခြင်းအပြင် ကုသမှုခံယူပြီးနောက်အချိန်အထိ ကူညီပေးမည်ဖြစ်သည်။ စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခန်းကဏ္ဍများကို လေ့လာပါ။