အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လီဗိုဖလောက်စစင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Levaquin®

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

လီဗိုဖလောက်စစင်ဆေးဆိုတာဘာလဲ?

လီဗိုဖလောက်စစင်ဆေးသည် ပဋိဇီဝဆေးတစ်မျိုး ဖြစ်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ခြင်း သို့ ကုသခြင်းတို့တွင် အသုံးပြုသည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။

ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) နှင့် နျူထရိုဖီးလ်အရေအတွက်နည်းခြင်း ဖြစ်နေသည့်လူနာများတွင် နျူထရိုဖီးလ်အရေအတွက်တိုးတက်လာသည်အထိ လီဗိုဖလောက်စစင်ဆေးကို ပေးထားနိုင်သည်။

ဤဆေးကိုအသုံးပြုနေစဉ် သွေးဥဆဲလ် အရေအတွက်ကိုစောင့်ကြည့်လေ့လာနိုင်ရန် လူနာများကိုသွေးစစ်ဆေးပြုလုပ်နိုင်သည်။

tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
liquid dropper icon

မျက်စဉ်းဆေးရည်အနေဖြင့် မျက်စဉ်းခပ်ပေးနိုင်သည်။

 
iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • အဆစ်အမြစ် သို့ အရွတ်ပြဿနာများ
  • သွေးတွင်းသကြားဓာတ်ပြောင်းလဲလာခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ရင်ပူခြင်း 
  • မိန်းမကိုယ် ယားယံခြင်း နှင့်/သို့ အကျိအချွဲထွက်ခြင်း
  • ကျောက်ကပ်ပြဿနာများ
  • အသည်း ပြဿနာများ

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

လီဗိုဖလောက်စစင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ရေရှည်တွင်တွေ့ရတတ်သော ဘေးထွက်ဆိုးကျိုးများ

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးအသုံးပြုနေစဉ် အကယ်၍ လူနာပြင်းထန်စွာဝမ်းလျှောပါက ဆရာဝန်တစ်ဦးဦးကိုအသိပေးပါ။
  • ဤဆေးကိုသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • လီဗိုဖလောက်စစင်ဆေးအသုံးပြုနေစဉ် ဆရာဝန်တစ်ဦးဦး၏ညွှန်ကြားချက်မပါဘဲ အစာအိမ်ဆေး (အန်းတစစ်)ကို မသောက်သင့်ပါ။
  • အားဆေးများနှင့် အချို့သောသတ္တုဓာတ်အားဖြည့်ဆေးများကြောင့် လီဗိုဖလောက်စစင်ဆေး၏ အာနိသင်ကိုထိခိုက်စေနိုင်သည်။ သောက်နေသောဆေးအားလုံးနှင့် အားဆေးများနှင့်ပတ်သတ်ပြီး ကုသပေးသည့်အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။
  • လီဗိုဖလောက်စစင်ဆေးကြောင့် သွေးတွင်းသကြားဓာတ်ကို ပြောင်းလဲသွားစေနိုင်သည်။ အကယ်၍ လူနာများတွင် ဆီးချိုရှိနေပါက သို့ ဆီးချိုရှိခဲ့ဖူးပါက ဆရာဝန်တစ်ဦးဦးကို ပြောပြထားသင့်သည်။
  • ရောဂါပိုးဝင်းခြင်းကိုကုသရန် လီဗိုဖလောက်စစင် မျက်စဉ်းခပ်နေပါက၊ ဆရာဝန်တစ်ဦးဦးမှ မျက်ကပ်မှန်တပ်နိုင်သည်ဟုမပြောပါက မတပ်ရ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏပြည့်သည်အထိသောက်ပါ။

လီဗိုဖလောက်စစင်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • လီဗိုဖလောက်စစင်ဆေးကို နို့ထွက်ပစ္စည်းများ သို့မဟုတ် ကယ်လဆီယမ်ဓာတ်ကြွယ်ဝသော အစားအစာများနှင့်တွဲမသောက်ရ။ အစာအိမ်ဆေး (အန်းတစစ်)၊ အားဆေး၊ သတ္တုဓာတ်အားဖြည့်ဆေးများသောက်ပြီး ၂ နာရီအတွင်း မသောက်ရ။
  • ဆေးပြားများ- လီဗိုဖလောက်စစင်ဆေးကို အစာဖြင့် သို့မဟုတ် အစာမစားမီသောက်နိုင်သည်။
  • သောက်ဆေးရည်- လီဗိုဖလောက်စစင်ဆေးရည်ကို အစာမရှိဘဲသောက်ပါ။ အစာမစားမီ ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီအကြာတွင် သောက်ပါ။ ဆေးမသောက်မီကောင်းစွာလှုပ်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • မျက်စဉ်းဆေးများ- မျက်စဉ်းအသုံးမပြုမီနှင့် အသုံးပြုပြီးနောက် လက်ဆေးပါ။ မျက်စဉ်းဆေးဗူးထိပ်ကို မျက်စိ၊ လက်ချောင်း သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိတွေ့မိပါစေနှင့်။ ခေါင်းကိုအနည်းငယ်စောင်းလိုက်ပါ။ မှန်ကန်သည့်ဆေးပမာဏရရှိစေရန် ဆေးဗူးကိုညင်သာစွာ ညှစ်ချပေးပါ။ မျက်လုံးပိတ်လိုက်ပါ။ ထို့နောက် ၁-၂ မိနစ်ဆက်ပိတ်ထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • လီဗိုဖလောက်စစင်ဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။