အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


မော်ဖင်း (Morphine)

Supportive Care

ကုန်အမှတ်တံဆိပ်အမည်များ:

Kadian®, MS Contin®, Oramorph® 

မကြာခဏအတှကျအသုံးပွု:

နာကျင်မှု စီမံခန့်ခွဲခြင်း

ကလစ်ဘုတ် သင်္ကေတ

မော်ဖင်း (Morphine) ဆိုသည်မှာ အဘယ်နည်း။

မော်ဖင်း (Morphine) သည် နာကျင်မှုကို ထိန်းချုပ်ရန်အတွက် အသုံးပြုသည့် ဘိန်းပါဝင်သည့် ဆေး`တစ်မျိုးဖြစ်ပါသည်။ 

မော်ဖင်း (Morphine) တွင် အမြန်အာနိသင်ပြသည့်ပုံစံနှင့် အချိန်ကြာမြင့်စွာအာနိသင်ပြသောပုံစံများ ရှိပါသည်။ ဆေးပမာဏနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။ စောင့်ရှောက်မှုအဖွဲ့မှ တတ်နိုင်သမျှ အကောင်းဆုံး နာကျင်မှုဆိုင်ရာ ထိန်းချုပ်မှုကို ညွှန်ကြားပေးနိုင်စေရန်အတွက် သင့်ကလေးသောက်သည့် ဆေးပမာဏများကို မှတ်သားထားရန် သင့်ကို တောင်းဆိုနိုင်သည်။

ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်ပါသည်။ 

မော်ဖင်း (Morphine) သည် အာနိသင်ပြင်းသော ဆေး ဖြစ်ပါသည်။ နာကျင်မှုကို ကုသရန်အတွက် အချိန်ကြာမြင့်စွာ အသုံးပြုသည့်အခါတွင် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ဆေးစွဲခြင်းကို ဖြစ်စေနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဆေးစွဲခြင်းဆိုသည်မှာ ခန္ဓာကိုယ်သည် ဆေးဝါးကို မှီခိုလာခြင်းဖြစ်ပြီး ဆေးကို အမြန်ရပ်တန့်လိုက်ခြင်းသည် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် ဤအခြေအနေကို စောင့်ကြည့်နေမည်ဖြစ်ပြီး ဆေးကို တဖြည်းဖြည်းချင်း ရပ်တန့်ရန် လိုအပ်ပါက အစီအစဉ်တစ်ခုကို ပြုလုပ်ပါလိမ့်မည်။ 

သင်သည် မော်ဖင်း (Morphine) ကို သောက်နေစဉ်အတွင်း နာလောက်ဆုန်း (naloxone) ဟုခေါ်သော ဆေးကို ရရှိခြင်းနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့မှ ပြောဆိုနိုင်ပါသည်။ နာလောက်ဆုန်း (naloxone) သည် ဘိန်းထည့်သွင်းဖော်စပ်ထားသော ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်း၏ အသက်အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သော အရေးပေါ်အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါသည်။ သင့်စောင့်ရှောက်မှုအဖွဲ့သည် မော်ဖင်း (Morphine) ကို အလွန်အကျွံသုံးစွဲမိပါက ဤဆေးအား မည်သို့အသုံးပြုရမည်ကို သင်နှင့် သင့်မိသားစုအား သင်ကြားပေးနိုင်ပါသည်။ 

iv အိတ် သင်္ကေတ

IV သွင်းခြင်းဖြင့် သွေးပြန်ကြောထဲသို့ ထိုးပေးနိုင်ပါသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ပါးစပ်မှ ဆေးတောင့်အဖြစ် ပေးနိုင်ပါသည်

 
အရည်စက်ပုံ သင်္ကေတ

ဆေးရည်ပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်ခြင်း၊ မောပန်းခြင်းသို့မဟုတ် အားနည်းခြင်း
  • မအီမသာဖြစ်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ခံတွင်းခြောက်ခြင်း
  • ယားယံခြင်း
  • သွေးပေါင်ကျခြင်း
  • ပုံမှန်အခြေအနေထက် ပို၍ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်နေတတ်ခြင်း ကဲသို့သော စိတ်ခံစားချက်ပြောင်းလဲခြင်း
  • ပုံမှန်မဟုတ်သည့် အိပ်မက်များ မက်ခြင်း
  • ဆီးသွားရာတွင် (ဆီးသွားခြင်း) ပြဿနာများရှိခြင်း

ဓာတ်မတည့်ခြင်း တုံ့ပြန်မှု – အကယ်၍ သင့်ကလေးတွင် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းဖုန်းခေါ်ဆိုပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်- 

  • အဖုအပိမ့်များ၊ အင်ပြင်များထွက်ခြင်း သို့မဟုတ် ယားယံခြင်း
  • ချမ်းတုန်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားနာခြင်းကဲ့သို့ တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ
  • ခေါင်းမူးဝေခြင်း
  • အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် လည်ချောင်းတွင် တစ်တစ်ဆို့ဆို့ဖြစ်ခြင်း
  • မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ခြင်း

ဤဆေးဝါးသည် ပြင်းထန်သည့် အသက်ရှူခြင်းနှင့် မျိုချခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် အသက်ကို ဖြေးဖြေးနှင့် ညင်းညင်းရှူခြင်း သို့မဟုတ် အသက်ရှူရန် သို့မဟုတ် မျိုချရန် ခက်ခဲခြင်းတို့ ရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ဆိုပါ။ 

မော်ဖင်း (Morphine) ကို ရက်အနည်းငယ်သောက်ပြီးနောက်တွင် ဘေးထွက်ဆိုးကျိုးများသည် လျော့နည်းသွားသင့်ပါသည်။ ဤဆေးသောက်နေစဉ်အတွင် ဘေးထွက်ဆိုးကျိုးများသည် ပိုမိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြပါ။

မော်ဖင်း (Morphine) ကို သောက်သုံးနေသည့် လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ။

မိသားစုသင်္ကေတ

လူနာများနှင့် မိသားစုများအတွက် အကြံပေးချက်များ

မေးမြန်းလိုသည်များနှင့် ညွှန်ကြားချက်များအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။ 

  • ဤဆေးကို ညွှန်ကြားထားသည်ထက် ပို၍မကြာခဏ သို့မဟုတ် ပမာဏပို၍ မသောက်ပါနှင့်။  
  • ဤဆေးသောက်သုံးနေစဉ်အတွင် သင့်ကလေးကို အရက်ပါဝင်သော အခြားဆေးဝါးများ မတိုက်ပါနှင့် သို့မဟုတ် သင့်ကလေးကို အရက်သောက်သုံးခွင့် မပြုပါနှင့်။ 
  • အကယ်၍ ဤဆေးကို ပုံမှန်သောက်သုံးပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်အတွက် လူနာများအနေဖြင့် အရည်များများသောက်ခြင်း သို့မဟုတ် အမျှင်ဓာတ်များများစားခြင်းတို့ကို ပြုလုပ်ပါ။ အကယ်၍ သင့်ကလေးသည် 3–5 ရက်အထိ ဝမ်း (ဝမ်း) မသွားပါက စောင့်ရှောက်မှုအဖွဲ့ကို ပြောပြပါ။ ဝမ်းချုပ်ခြင်းကို သက်သာစေရန်အတွက် ၎င်းတို့သည် ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေးသောက်ရန် လိုအပ်နိုင်သည်။ 
  • ဤဆေးဝါးသည် သင့်ကလေးကို မူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းကို ဖြစ်စေနိုင်သည်။ သင်သည် ဤဆေးဝါးမှ ၎င်းတို့အပေါ် မည်သို့အကျိုးသက်ရောက်သည်ကို မသိမချင်း သင့်ကလေးအား အန္တရာယ်ရှိနိုင်သည့် မည်သည့်အရာကိုမျှ မပြုလုပ်ပါစေနှင့်။
  • အကယ်၍ သင့်ကလေးသည် ဤဆေးကို ပုံမှန် သို့မဟုတ် အချိန်ကြာမြင့်စွာအသောက်သုံးနေပါက၊ စောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားမှုမရဘဲ ဤဆေးကို မရပ်သင့်ပါ။ ဆေးပမာဏကို ဖြည်းဖြည်းချင်းမလျှော့ချဘဲ မော်ဖင်း (Morphine) ကို ရပ်တန့်ခြင်းသည် ဆေးဖြတ်လိုက်ခြင်းဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေနိုင်ပါသည် ၎င်းတို့တွင် ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း သို့မဟုတ် စိတ်ဂနာမငြိမ်ဖြစ်ခြင်းတို့ ပါဝင်သည်။ အကယ်၍ အဆိုပါ‌ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ချက်ချင်းခေါ်ဆိုပါ။ ၎င်းသည် ဆေးပမာဏကို အလွန်လျင်မြန်စွာ လျော့ချမိလိုက်သောကြောင့် ဖြစ်နိုင်ပါသည်။
  • အချို့သောဆေးဝါးများသည် မော်ဖင်း (Morphine) နှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်ပါသည်။ ၎င်းတို့တွင် ဒိုင်ဖန်ဟိုက်ဒရာမင်း (diphenhydramine) (Benadryl®)၊ ပရိုမီသာဇင်း (promethazine)၊ ဒိုင်ယာဇီပမ် (diazepam)၊ လိုရာဇီပမ် (lorazepam)၊ စိတ်ကျရောဂါကုဆေးများနှင့် တက်ခြင်းကိုကုသသည့် ဆေးဝါးများ ပါဝင်သည်။ သင့်ကလေးသောက်သုံးသည့် ဆေးဝါးများအားလုံးအကြောင်းအား သင့်ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တို့ကို ‭ပြောပြပါ။‭  
  • လူနာများသည် လိင်ဆက်ဆံမှုရှိသူ၊ ကိုယ်ဝန်ရှိနေသူ သို့မဟုတ် နို့တိုက်ကျွေးနေသူ ဖြစ်ပါက စောင့်ရှောက်မှုအဖွဲ့ကို ပြောရန် အရေးကြီးပါသည်။ 

မော်ဖင်း (Morphine) ဆေးကို အိမ်တွင် သောက်သုံးခြင်း-

  • ဤဆေးကို အစားဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်ပါသည်။ ဗိုက်အောင့်ခြင်းဖြစ်ပါက အစာနှင့် တွဲသောက်ပါ။ ဆေးကို အစာနှင့် တွဲ၍သောက်ခြင်းသည် အစာအိမ် ပြဿနာများကို လျော့ကျစေနိုင်ပါသည်။
  • ဆေးပြားများ- ဆေးပြားများကို ဆေးပြားအတိုင်း မျိုချပါ။ ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ဆေးပြားကို ထက်ဝက်ခွဲနိုင်ကြောင်း မပြောပါက ဆေးပြားကို ကြိတ်ခြင်း၊ ဝါးခြင်း သို့မဟုတ် ခွဲခြင်း မပြုလုပ်ပါနှင့်။  
  • ဆေးတောင့်များ- ဆေးတောင့်များကို အတောင့်အတိုင်း မျိုချပါ။ မသောက်သုံးမီ အမှုန့်ခြေခြင်း၊ ဝါးစားခြင်း သို့မဟုတ် ချိုးဖဲ့ခြင်းတို့ မပြုလုပ်ရပါ။
  • အကယ်၍ သင့်ကလေးသည် ဆေးတောင့်များကို မျိုချနိုင်ခြင်းမရှိပါက ဆေးတောင့်ကို ခွဲ၍ ဆေးမှုန့်များကို ပူတင်း၊ ပန်းသီးဆော့စ် သို့မဟုတ် အခြားပျော့ပျောင်းသော အစားအစာအနည်းငယ်ထဲသို့ ထည့်ပါ။ သင့်ကလေးအား ရောစပ်ထားသော မုန့်ကို ဝါးမစားဘဲ ချက်ချင်းမျိုချခိုင်းပါ။  အစားအစာ အနည်းငယ်ကို စားပြီးနောက် ပါးစပ်ကို ရေဖြင့် ပလုတ်ကျင်း၍ မျိုချခိုင်းပါ။
  • အကယ်၍ သင့်ကလေးတွင် G-Tubeရှိပါက ဆေးတောင့်များမှ ဆေးမှုန့်များကို G-Tube ၏ ဆေးထည့်သည့်နေရာမှ တိုက်ကျွေးနိုင်ပါသည်။ ဆေးတောင့်ကို ဖွင့်၍ ဆေးမှုန်များကို ရေအနည်းငယ်နှင့်အတူ ဆေးထည့်သည့်နေရာထဲသို့ ထည့်ပါ။ ဆေးဝါးကို G-Tube ၏ ဆေးဝင်ပေါက်ထဲသို့ ဆွဲငင်အားအတိုင်း စီးဆင်းခိုင်းလိုက်ပါ။ ထို့နောက် စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားသည့်အတိုင်း သင့်ကလေး၏ G-Tube ကို ရေဖြင့်ဆေးကြောပါ။
  • ဆေးအရည်- ဆေးနှင့် အတူပါဝင်သော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ ဆေးရည်အတွက် အသုံးပြုသည့် ဆေးထိုးပြွန်များကို တစ်ကြိမ်အသုံးပြုပြီးတိုင်း လွှင့်ပစ်ပါ။ နောက်တစ်ကြိမ် ပြန်လည်အသုံးမပြုရပါ။
  • မော်ဖင်း (Morphine) ကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။ တစ်ချို့သော ဆေးဖော်မြူလာများသည် အလင်းရောင်နှင့် မထိမိအောင် ကာကွယ်ထားရန် လိုအပ်နိုင်ပါသည်။ ဆေးဆိုင်မှ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
  • အကယ်၍ ဆေးထိုးရန်မေ့သွားပါက သတိရရခြင်း ထိုးပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက သောက်ရန်မေ့သွားသောဆေးကို မသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ပါနှင့်။  
  • ဤဆေးကို အခြားသူများကို မျှဝေပေးခြင်း မပြုလုပ်ပါနှင့် သို့မဟုတ် ဆရာဝန်မှညွှန်ပေးသည့် အကြောင်းပြချက်များမှအပ အခြားအကြောင်းပြချက်များအတွက် မပေးပါနှင့်။
  • သက်တမ်းကျော်လွန်သည့် ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • အကယ်၍ သင့်ကလေးသည် တုံ့ပြန်မှုမရှိပါက၊ ပြန်လည်ဖြေဆိုခြင်းမရှိပါက သို့မဟုတ် ပုံမှန်အတိုင်း တုံ့ပြန်ခြင်းမရှိပါက ဆေးကုသမှုကို ချက်ချင်းခံယူပါ။ အကယ်၍ သင့်ကလေးသည် အလွန်အိပ်ငိုက်နေပါက သို့မဟုတ် မူးဝေပါက၊ မေ့လဲသွားပါက သို့မဟုတ် နိုးထမလာပါက။
  • ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။

ဆေးကို ရေရှည်အသုံးပြုပါက ဆေးဆွဲခြင်းကို ဖြစ်သွားစေနိုင်ပါသည်။ ဆေးကို တလွဲအသုံးပြုနေသည့် လက္ခဏာများကို စောင့်ကြည့်ပါ။ တလွဲအသုံးပြုနေသည့် လက္ခဏာများမှာ အောက်ပါတို့ ဖြစ်နိုင်ပါသည်-

  • ဆေးကို ညွှန်ကြားထားသည်နှင့် မတူညီသော နည်းလမ်းဖြင့် သောက်သုံးခြင်း 
  • ဆေးကို ညွှန်ကြားထားသည်ထက် ပိုမိုသောက်သုံးခြင်း
  • ဆေးကို နာကျင်မှု မရှိသော်လည်း “အခြေအနေအရ” သောက်သုံးခြင်း
  • အိပ်စက်မှု ပုံစံပြောင်းလဲခြင်းများ
  • ညံ့ဖျင်းသည့် သို့မဟုတ် အန္တရာယ်ရှိသော ဆုံးဖြတ်ချက်ကို ချခြင်း
  • နောက်ထပ်ဆေးညွှန်းစာများရရှိရန် ဤဆေးပျောက်သွားဟု ပြောခြင်း