ပဋိဇီဝဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Vancocin®, Firvanq™
မကြာခဏအတှကျအသုံးပွု:
အချို့သော ရောဂါပိုးကူးစက်မှုများ
ဗန်ကိုမိုင်စင် (Vancomycin) သည် ပဋိဇီဝဆေး (antibiotic) တစ်မျိုး ဖြစ်သည်။ ၎င်းသည် ရောဂါပိုးကူးစက်မှုများကို ဖြစ်စေသော ဘက်တီးရီးယားများကို သတ်ပစ်ခြင်းဖြင့် အာနိသင်ပြသပါသည်။
လူနာများသည် ကျောက်ကပ်လုပ်ဆောင်ချက်၊ သွေးဆဲလ်အရေအတွက်၊ ခန္ဓာကိုယ်အတွင်း အရည်ပမာဏနှင့် အကြားအာရုံတို့ကို စောင့်ကြည့်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပါသည် (အန္တရာယ်ရှိနိုင်သော လူနာများတွင်)။ ဗန်ကိုမိုင်စင် (Vancomycin) ၏ ဆေးပမာဏကို သွေးအတွင်းရှိ ဆေးပမာဏအဆင့်ပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။
၎င်းကို ပါးစပ်မှ သောက်သုံးရန် အရည်ဆေး သို့မဟုတ် ဆေးတောင့်ပုံစံဖြင့် သောက်နိုင်ပါသည်
IV မှတစ်ဆင့် သွေးကြောအတွင်းသို့ အရည်ဆေးအဖြစ် ပေးနိုင်ပါသည်
ဓာတ်မတည့်တုံ့ပြန်မှု၏ လက္ခဏာများတွင် အရေပြားအဖုအပိန့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတင်းကျပ်သလို ခံစားရခြင်းနှင့် မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ရမ်းခြင်းတို့ ပါဝင်နိုင်ပါသည်။
ဗန်ကိုမိုင်စင် (Vancomycin) သောက်သုံးသော လူနာတိုင်းတွင် ဤဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။