Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Absorica®, Absorica LD®, Accutane®, Amnesteem®, Claravis®, Zenatane®
သည်အခြားအမည်များ:
Cis-Retinoic Acid
မကြာခဏအတှကျအသုံးပွု:
နျူရိုဘလတ်စတိုမာ (Neuroblastoma)၊ ဝက်ခြံ
အိုင်ဆိုထရီတီနိုအင် (Isotretinoin) သည် ရက်တီနွိုက်ဟု ခေါ်သည့် ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ရန်အတွက် ဆဲလ်နျူကလိယရှိ သီးခြားအာရုံခံများအပေါ်တွင် လုပ်ဆောင်ပါသည်။ အိုင်ဆိုထရီတီနိုအင် (Isotretinoin) ကို နျူရိုဘလတ်စတိုမာ (Neuroblastoma)ကဲ့သို့သော အချို့ကင်ဆာအမျိုးအစားများကို ကုသရန်အတွက် ကီမိုဆေးသွင်းခြင်း ကုထုံး အဖြစ် အသုံးပြုနိုင်ပါသည်။ ၎င်းကို ပြင်းထန်သည့် ဝက်ခြံအတွက်လည်း ကုသမှုအဖြစ် မကြာခဏ အသုံးပြုလေ့ရှိသည်။
ရက်တီနွိုက်များသည် ဗီတာမင်အေ (ရက်တီနော) နှင့် ဆက်စပ်နေသော်လည်း ၎င်း၏လုပ်ဆောင်ချက်များမှာ အလွန်ကွဲပြားသည်။ ရက်တီနွိုက် (Retinoid) အုပ်စုဝင် ဆေးဝါးများကို အသုံးပြုသည့်အခါ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် သတိပေးချက်များကို လိုက်နာရန် အရေးကြီးပါသည်။
ဤဆေးဝါးကို ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးလူနာများအား ညွှန်ကြားမှုမပြုလုပ်မီတိုင်း ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးမှုတစ်ခု ပြုလုပ်မည် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အိုင်ဆိုထရီတီနိုအင် (Isotretinoin) ကို သောက်သုံးခြင်းသည် ဘေးကင်းမှုမရှိပါ။
သင့်ကလေးသည် သွေးဥ အရေအတွက်၊ သွေးတွင်း သကြားဓာတ်၊ အဆီ ပမာဏနှင့် အသည်းလုပ်ဆောင်ချက်တို့ကို စောင့်ကြည့်စစ်ဆေးရန် သွေးစစ်ဆေးမှုများကို ပြုလုပ်ရနိုင်ပါသည်။
ဆေးတောင့်ပုံစံဖြင့် ပါးစပ်မှ သောက်သုံးရနိုင်ပါသည်
အကယ်၍ သင့်ကလေးတွင် ဓာတ်မတည့်မှု ရောဂါလက္ခဏာများရှိပါက သင့်စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ဆိုုပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်- အဖုအပိန့်ထွက်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းအတွင်း တစ်စို့စို့ဖြစ်ခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ရမ်းခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ချိန် ကျဆင်းခြင်း သို့မဟုတ် ရင်ဘတ်၊ ဘေး သို့မဟုတ် ကျောတွင် နာကျင်ခြင်း။
အိုင်ဆိုထရီတီနိုအင် (Isotretinoin) သောက်သုံးနေသော လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည်မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားသော်လည်း၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ မည်သည့်ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများမဆိုကို သင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ။
အိုင်ဆိုထရီတီနိုအင် (Isotretinoin) သောက်သုံးသည့် လူနာများသည် ဘဝနောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနိုင်သည့် သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ဆေးဘက်ဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေအန္တရာယ်ရှိပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
သင်၏ စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးတွင် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်နှင့် ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါသည်။
မေးခွန်းများနှင့် ညွှန်ကြားချက်များအားလုံးနှင့် ပတ်သက်၍ သင်၏ စောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။