အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဂါဘာပန်တင် (gabapentin)

အကိုက်အခဲပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Neurontin®, Gralise®

မကြာခဏအတှကျအသုံးပွု:

ရုတ်တရက် တက်ခြင်းများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများနှင့် အာရုံကြောနာကျဉ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ဂါဘာပန်တင် (gabapentin) အကြောင်း

ဂါဘာပန်တင် (gabapentin) ဆေးသည် ရုတ်တရက်တက်ခြင်းတို့ကို သက်သာစေသည့် အတက်ပျောက်ဆေးတစ်မျိုး ဖြစ်ပါသည်။ ဤဆေးဝါးသည် ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော အာရုံကြောများ ပျက်စီးခြင်း သို့မဟုတ် အခြားအာရုံကြောနာကျင်မှုကြောင့်ဖြစ်သည့် နာကျင်မှုကိုလည်း သက်သာစေနိုင်ပါသည်။

ဂါဘာပန်တင် (gabapentin) ဆေးပမာဏကို လိုချင်သည့်ဆေးပမာဏရောက်သည်အထိ တဖြည်းဖြည်းချင်း တိုးမြှင့်ပေးမည် ဖြစ်ပါသည်။ ဂါဘာပန်တင် (gabapentin) ဆေး အာနိသင်စပြရန် ရက်အနည်းငယ် ကြာမြင့်နိုင်ပါသည်။

ဤဆေးကို ပုံမှန်ထုတ်လွှတ်သည့်ပုံစံနှင့် အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ပုံစံဖြင့် ရရှိနိုင်ပါသည်။ ဆေးပမာဏနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြား သို့မဟုတ် ဆေးတောင့်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်

 
အရည်စက်ပုံ သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလို ခံစားနေရခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ‬အရေပြား အဖုအပိန့်ထွက်ခြင်း (Rash)
  • ဝမ်းဗိုက်နာကျင်ခြင်း
  • မျက်လုံးလှုပ်ခြင်း

ဂါဘာပန်တင် (gabapentin) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံခံစားရမည် မဟုတ်ပါ။ ‬အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။‭ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

  • ဤဆေးသည် အိပ်ငိုက်ခြင်း သို့မဟုတ် ခေါင်းမူးခြင်းတို့ကို ဖြစ်စေနိုင်ပြီး၊ လဲကျခြင်း ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေတတ်ပါသည်။
  • လူနာများသည် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ဂါဘာပန်တင် (gabapentin) သောက်သုံးမှုကို ရပ်တန့်ခြင်း မပြုလုပ်သင့်ပါ။
  • ဂါဘာပန်တင် (gabapentin) ဆေးသောက်နေသည့် ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးလူနာများသည် ကိုယ်ဝန်မဆောင်မီ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ၎င်းတို့၏ ဆရာဝန်ကို အသိပေးသင့်ပါသည်။

ဂါဘာပန်တင် (gabapentin) ဆေးကို အိမ်တွင် သောက်သုံးခြင်း-

  • ဆေးကို နေ့စဉ် အချိန်မှန် သောက်သုံးပါ။
  • ဆေးပြားနှင့် ဆေးတောင့်များကို အလုံးလိုက် ရေများများဖြင့် သောက်သင့်ပါသည်။ ဆေးပြားနှင့် ဆေးတောင့်များကို မမျိုချမီ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးတောင့်တွင် ပါဝင်သည့်အမှုန့်များကို ဆေးမသောက်မီ အစားအနည်းငယ်၊ ဖျော်ရည် သို့မဟုတ် အရသာထည့်ထားသည့် ဖျော်ရည်တို့တွင် ရောစပ်နိုင်ပါသည်။
  • ဆေးပြားနှင့် ဆေးတောင့်များကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။
  • ဂါဘာပန်တင် (gabapentin) ဆေးရည်ဖြစ်ပါက ဆေးနှင့် အတူပါဝင်သော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ဂါဘာပန်တင် (gabapentin) ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း သောက်သုံးပါ။ အကယ်၍ ၎င်းသည် နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်မှ 4 နာရီအတွင်းဖြစ်နေပါက ဆေးကို မသောက်ဘဲ ကျော်လိုက်ပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ပါနှင့်။
  • သက်တမ်းကျော်လွန်သည့် ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။