အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


စစ်ပရိုဖလောက်စဆင် (Ciprofloxacin)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Cipro®

သည်အခြားအမည်များ:

Ciprofloxacin Hydrochloride

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်းကို ကုသခြင်း သို့မဟုတ် ကာကွယ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေး အကြောင်း

စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးသည် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ကူးစက်ရောဂါကိုဖြစ်စေသည့် ဘက်တီးရီးယားကို သတ်ရန် လုပ်ဆောင်ပါသည်။

စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးကို ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။ ဆေးပမာဏနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
အရည်အစက်ချပစ္စည်း သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းထဲမှ အာမေဋိတ်အမှတ်အသား သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် ရေတိုဘေးထွက်ဆိုးကျိုးများ

  • အနီကွက်ဖြစ်ခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • ဝမ်းဗိုက်နာကျင်ခြင်း
  • ရင်ပူခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အိပ်ငိုက်သလိုဖြစ်ခြင်း
  • မိန်းမကိုယ်ယားယံခြင်း နှင့်/ သို့မဟုတ် အဖြူဆင်းခြင်း

စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် ရေရှည်ဘေးထွက်ဆိုးကျိုးများ

  • အဆစ်အမြစ်၊ ကြွက်သား သို့မဟုတ် အရွတ်ဆိုင်ရာ ပြဿနာများ
  • ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော အာရုံကြောများ ပျက်စီးနေခြင်း
မိသားစု သင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးသောက်သုံးနေစဉ်အတွင်း ပြင်းထန်စွာဝမ်းလျှောပါက ဆရာဝန်တစ်ဦးကို အသိပေးပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးသောက်သုံးနေစဉ်အတွင်း အရည်ပမာဏများများသောက်ရန်မှာ အရေးကြီးပါသည်။ လူနာများအနေဖြင့် သင့်လျော်သော ရေပမာဏ သောက်သုံးမှုအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးသောက်သုံးနေစဉ်အတွင်း လူနာများသည် ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ အစာအိမ်အက်ဆစ်ဖြေဆေးများကို မသောက်သုံးသင့်ပါ။
  • လူနာများသည် ဤဆေးကို သောက်သုံးနေစဉ်အတွင်း မိမိတို့၏ အသားအရေကို နေရောင်မထိအောင် ကာကွယ်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေပါက ၎င်းတို့၏ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ညွှန်ကြားသည့် အတိုင်း ဆေးပမာဏအားလုံးကို အပြီးသတ်သောက်ပါ။

စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးကို အိမ်တွင် သောက်သုံးပါက−

  • ဆေးကို နေ့စဉ်သတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ကို အစာနှင့် ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်ပါသည်။ ဗိုက်အောင့်ခြင်း ခံစားရပါက အစာနှင့် တွဲသောက်ပါ။
  • ရေတစ်ဖန်ခွက်အပြည့်နှင့် သောက်ပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးကို အစာစားထားခြင်းမရှိပါက နို့ထွက်ပစ္စည်းများ သို့မဟုတ် ကယ်လဆီယမ်ဓာတ်ကြွယ်ဝသည့် အစားအစားတို့ဖြင့်အတူတွဲ၍ မသောက်ပါနှင့်။
  • ဤဆေးကိုသောက်နေစဉ် ကဖင်းဓာတ်သောက်သုံးခြင်းကို ကန့်သတ်ထားပါ။
  • ဆေးပြားများကို အလုံးအတိုင်း သောက်ပါ။ မမျိုချမီ ကြိတ်ခြေခြင်း၊ ဝါးစားခြင်း သို့မဟုတ် ချိုးဖဲ့ခြင်း မပြုလုပ်ရပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးအရည်- ဆေးမသောက်မီ ကောင်းစွာလှုပ်ပြီး ဆေးနှင့် အတူပါသည့် တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) ဆေးအရည်ကို အစာပြွန်ပိုက်မှတစ်ဆင့် မပေးရပါ။ သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ညွှန်ကြားသည့်အတိုင်း ဆေးပြားပုံစံကို အသုံးပြုပါ။
  • စစ်ပရိုဖလောက်စဆင် (Ciprofloxacin) (သောက်ဆေးပုံစံ) ကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ အကယ်၍ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက ဆေးမသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ရပါ။ ဆေးကို သွေးအတွင်းသို့ အချိန်ကြာမြင့်စွာ ထုတ်လွှတ်ပေးနိုင်သည့်ဆေးပြားများကို တစ်နေ့လျှင်တစ်ကြိမ်ထက်ပို၍ မသောက်သင့်ပါ။
  • သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားသော ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။