အတက်ရပ်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Keppra®, Spiratam®
မကြာခဏအတှကျအသုံးပွု:
ရုတ်တရက် တက်ခြင်းများ
လယ်ဗီတီရာဆီတမ် (Levetiracetam) သည် ရုတ်တရက်တက်ခြင်းများကို ထိန်းချုပ်ရန်အတွက် ကူညီပေးနိုင်သည့် အတက်ကျဆေးတစ်မျိုး ဖြစ်ပါသည်။
လူနာများသည် သွေးထဲရှိ လယ်ဗီတီရာဆီတမ် (Levetiracetam) ပမာဏကို စစ်ဆေးရန်အတွက် သွေးဖောက်စစ်ခြင်း ခံရနိုင်သည်။ သွေးတွင်းရှိ လယ်ဗီတီရာဆီတမ် (Levetiracetam) ပမာဏများ ပေါ် မူတည်၍ လယ်ဗီတီရာဆီတမ် (Levetiracetam) ၏ ဆေးပမာဏသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။
ဤဆေးကို ပုံမှန်ထုတ်လွှတ်သည့်ပုံစံနှင့် အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ပုံစံဖြင့် ရရှိနိုင်ပါသည်။ ဆေးပမာဏနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။
IV မှတစ်ဆင့် သွေးကြောအတွင်းသို့ အရည်ဆေးအဖြစ် ပေးနိုင်ပါသည်
ဆေးပြားအဖြစ် ပါးစပ်မှ သောက်သုံးနိုင်ပါသည်
ဆေးရည်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်
လယ်ဗီတီရာဆီတမ် (Levetiracetam) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။