အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


စီဖစ်ဇင်း (Cefixime)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Suprax®

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးကူးစက်ခြင်းများ

ကလစ်ဘုတ် သင်္ကေတ

စီဖစ်ဇင်း (Cefixime) ဆိုသည်မှာ အဘယ်နည်း။

စီဖစ်ဇင်း (Cefixime) သည် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ကူးစက်ရောဂါကိုဖြစ်စေသည့် ဘက်တီးရီးယားကို သတ်ရန် လုပ်ဆောင်ပါသည်။ စီဖစ်ဇင်း (Cefixime) ကို အဖျားတက်ခြင်းကြောင့် သွေးတွင်းနျူထရိုဖီးလ်သွေးဖြူဥ အရေအတွက်နည်းခြင်း သို့မဟုတ် အီရင်နိုတီကန် (Irinotecan)ကြောင့်ဖြစ်သော ဝမ်းလျှောခြင်းကို ကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်.

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဝါးစားနိုင်သောဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
အရည်အစက်ချပစ္စည်း သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းထဲမှ အာမေဋိတ်အမှတ်အသား သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းဗိုက်နာကျင်ခြင်း
  • လေထိုးခြင်း
  • ရင်ပူခြင်း
  • ခေါင်းကိုက်ခြင်း
  • ဓာတ်မတည့်မှု ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ကြသည်- အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ရမ်းခြင်း

စီဖစ်ဇင်း (Cefixime) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစု သင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးသောက်သုံးနေစဉ်အတွင်း လူနာသည် ပြင်းထန်သော ဖျားနာမှုတစ်စုံတစ်ရာရှိပါက အသုံးပြုနိုင်ပါသည် ဆရာဝန်ကို အသိပေးပါ။
  • ဤဆေးကို သောက်သုံးနေစဉ်အတွင်း အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် သင့်လျော်သော ရေပမာဏ သောက်သုံးမှုအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
  • စီဖစ်ဇင်း (Cefixime) သည် အထူးသဖြင့် သွေးတွင်းသကြားဓာတ်များသော (ဆီးချိုရောဂါ) လူနာများတွင် အချို့သော ဓာတ်ခွဲစစ်ဆေးစမ်းသပ်မှုများကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ ဆီးတွင်း သကြားဓာတ်ကိုစမ်းသပ်သည့် ကိရိယာအသုံးပြုပုံနှင့် ဖတ်ရှုပုံများအကြောင်းကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေပါက ၎င်းတို့၏ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ညွှန်ကြားသည့် အတိုင်း ဆေးပမာဏအားလုံးကို အပြီးသတ်သောက်ပါ။

စီဖစ်ဇင်း (Cefixime) ကို အိမ်တွင် သောက်သုံးပါက−

  • ဆေးကို နေ့စဉ်သတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • စီဖစ်ဇင်း (Cefixime) ကို အစာနှင့် ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်ပါသည်။ ဗိုက်အောင့်ခြင်း ခံစားရပါက အစာနှင့် တွဲသောက်ပါ။
  • မမျိုချမီ ဝါးစားနိုင်သော ဆေးပြားများကို ဝါးစားပါ သို့မဟုတ် ကြိတ်ပြီးသောက်ပါ။
  • ဆေးမသောက်မီ ဆေးရည်ပုလင်းကို သေချာလှုပ်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ရပါ။
  • စီဖစ်ဇင်း (Cefixime) ဆေးကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။
  • စီဖစ်ဇင်း (Cefixime) ဆေးရည်ကို အခန်းအပူချိန်တွင်ဖြစ်စေ၊ ရေခဲသေတ္တာထဲတွင်ဖြစ်စေ သိမ်းဆည်းနိုင်ပါသည်။ ကျန်ရှိနေသည့်ဆေးများကို 14 ရက်ကြာပြီးနောက် စွန့်ပစ်လိုက်ပါ။
  • သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားသော ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။