အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine)

ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Periactin®

မကြာခဏအတှကျအသုံးပွု:

ဓာတ်မတည့်မှု၊ နှာစေးခြင်း၊ အအေးမိခြင်းနှင့် ဓာတ်မတည့်မှု တုံ့ပြန်ချက်များနှင့် ဆက်စပ်နေသည့် ရောဂါလက္ခဏာများ။ အစာစားချင်စိတ်ကို တိုးတက်စေပြီး ကိုယ်အလေးချိန်တက်စေရန် အသုံးပြုနိုင်ပါသည်

ကလစ်ဘုတ် သင်္ကေတ

ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆိုသည်မှာ အဘယ်နည်း။

ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) သည် ဓာတ်မတည့်မှု ဆန့်ကျင်ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းဆေးဝါးအမျိုးအစားသည် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသည့် ပစ္စည်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း (histamine) ၏ လုပ်ဆောင်ချက်ကို ဟန့်တားပါသည်။

ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) သည် အောက်ပါတို့အပါအဝင် အမျိုးမျိုးသော ရောဂါလက္ခဏာများကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်-

  • မျက်လုံးယားယံခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းကဲ့သို့သော ဓာတ်မတည့်မှုနှင့် အအေးမိ ရောဂါလက္ခဏာများ
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • အနီကွက်များထခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကဲ့သို့သော ဓာတ်မတည့်မှုဆိုင်ရာ တုံ့ပြန်ချက်များ
  • ရွေ့လျားမှုဆိုင်ရာ ပြဿနာများ
  • ခေါင်းတစ်ခြမ်း ကိုက်ခြင်းများ
  • ပျို့အန်ခြင်း

ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ကို အစာစားချင်စိတ်ကို လှုံ့ဆော်စေပြီး ကိုယ်အလေးချိန်တက်စေရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
အရည်အစက်ချပစ္စည်း သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းထဲမှ အာမေဋိတ်အမှတ်အသား သင်္ကေတ

ဖြစ်နိုင်ချေရှိသည့် ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်ခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
  • ပါးစပ်၊ နှာခေါင်း သို့မဟုတ် လည်ချောင်းခြောက်ခြင်း
  • အစာစားချင်စိတ်များလာခြင်း
  • ကိုယ်အလေးချိန် တက်လာခြင်း
  • စိတ်လှုပ်ရှားခြင်း၊ စိတ်တိုခြင်း သို့မဟုတ် စိတ်ဂနာမငြိမ်ဖြစ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • နှာခေါင်းပိတ်ခြင်း သို့မဟုတ် ရင်ဘတ်တွင် တစ်စို့စို့ဖြစ်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း

ဤဘေးထွက်ဆိုးကျိုးများကို ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆေးသောက်သူတိုင်း တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစု သင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အအေးမိပျောက်ဆေး သို့မဟုတ် ဓာတ်မတည့်ရောဂါပျောက်ဆေးများကို တစ်မျိုးထက်ပို၍ တစ်ပြိုင်နက်သောက်သုံးပါက သတိထားပါ။ ၎င်းထုတ်ကုန်များတွင် အလားတူ ပါဝင်ပစ္စည်းများ ပါဝင်နိုင်ပြီး ၎င်းတို့ကို တွဲသုံးခြင်းသည် ဆေးပမာဏအလွန်အကျွံသောက်မိခြင်းကို ဖြစ်စေနိုင်ပါသည်။ ဆေးအညွှန်းကို သေချာဖတ်ရှုပြီး မေးခွန်းတစ်စုံတစ်ရာရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • လူနာများသည် ဤဆေးကို သောက်သုံးနေစဉ်အတွင်း မိမိတို့၏ အသားအရေကို နေရောင်မထိအောင် ကာကွယ်သင့်ပါသည်။
  • လူနာများသည် ဤဆေးကို သောက်သုံးနေသည့်ကာလတွင် အရက်သောက်ခြင်းကို ရှောင်ကျဉ်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေပါက ၎င်းတို့၏ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆေးကို အိမ်တွင် သောက်သုံးပါက−

  • အကြံပြုထားသည်ထက် ပို၍ မကြာခဏ သောက်ခြင်း သို့မဟုတ် ပမာဏကို ကျော်လွန်၍ သောက်ခြင်း မပြုလုပ်ပါနှင့်။
  • ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ကို အစာဖြင့်ဖြစ်စေ သို့မဟုတ် အစာမပါဘဲဖြစ်စေ သောက်နိုင်ပါသည်။ ဗိုက်အောင့်ခြင်း ခံစားရပါက အစာနှင့် တွဲသောက်ပါ။
  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ဤဆေးဝါးသည် သင့်အပေါ်တွင် မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို မသိရမချင်း ကားမမောင်းပါနှင့် သို့မဟုတ် အန္တရာယ်ရှိနိုင်သည့် မည်သည့်အရာကိုမျှ မပြုလုပ်ပါနှင့်။
  • ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆေးရည်ဖြစ်ပါက၊ ဆေးနှင့် အတူ တွဲပါသည့် အရည်တိုင်းကိရိယာကို အသုံးပြုပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ရပါ။
  • ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆေးကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။ ဆိုက်ပရိုဟက်ပါဒင်း (Cyproheptadine) ဆေးရည်ကို အလင်းရောင်နှင့် မထိတွေ့အောင် ထားပါ။
  • သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားသော ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။