Nonsteroidal Anti-inflammatory Drug (NSAID)
ကုန်အမှတ်တံဆိပ်အမည်များ:
Toradol
မကြာခဏအတှကျအသုံးပွု:
နာကျင်မှုကို သက်သာစေခြင်း၊ ရောင်ရမ်းခြင်း
ကီတိုရိုလက် (Ketorolac) သည် အလယ်အလတ် သို့မဟုတ် ပြင်းထန်အဆင့်နာကျင်မှုကို ရေတိုသက်သာစေရန် အသုံးပြုသည့် ဆေးတစ်မျိုးဖြစ်ပါသည်။ ၎င်းသည် ရောင်ရမ်းမှုကို သက်သာစေသော စတီးရွိုက်မပါသည့်ဆေး (NSAID)။ ၎င်းသည် နာကျင်မှု၊ ဖျားနာခြင်းနှင့် ရောင်ရမ်းမှုကို ဖြစ်စေသည့် သဘာဝပစ္စည်းများအား သင့်ခန္ဓာကိုယ်မှ ထုတ်လုပ်ခြင်းကို တားဆီးပေးပါသည်။
ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် သောက်သုံးနိုင်ပါသည်။
ကီတိုရိုလက် (Ketorolac) ကို 5 ရက်သာ သောက်သုံးနိုင်ပါသည်။ ၎င်းကို ညွှန်ကြားထားသည့်အတိုင်း မသောက်သုံးပါက အစာအိမ်အတွင်း သွေးယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် ဆေးကို မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သင့်အား ပြောပြပါလိမ့်မည်။
သင့်ကလေးသည် ကီတိုရိုလက် (Ketorolac) ကို သောက်သုံးနေစဉ်အတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ချိန်းဆိုပြသမှုများသို့ မပျက်မကွက်သွားရောက်ပြသပါ။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး၏ ရောဂါလက္ခဏာများကို စောင့်ကြည့်မည်ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခိုင်းနိုင်ပါသည်။ ဤစစ်ဆေးမှုများသည် သင့်ကလေး၏ခန္ဓာကိုယ်မှ ကီတိုရိုလက် (Ketorolac) အပေါ် မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုစစ်ဆေးပါသည်။
IV သွင်းခြင်းဖြင့် သွေးပြန်ကြောထဲသို့ ထိုးပေးနိုင်ပါသည်
ကြွက်သားထဲသို့ ထိုးဆေး (အသားဆေး ထိုးခြင်း) အဖြစ် ထိုးနှံနိုင်ပါသည်
ဆေးပြားပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်
ဓာတ်မတည့်မှု ရောဂါလက္ခဏာများတွင် အဖုအပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ အသက်ရှူ မဝခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်ခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ရင်ဘတ်၊ ဘေး သို့မဟုတ် နောက်ကျောဘက်အောင့်ခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်းတို့ ပါဝင်ပါသည်။
ကီတိုရိုလက် (Ketorolac) ကို သောက်သုံးသည့် လူနာတိုင်းတွင် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားသော်လည်း၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ တစ်စုံတစ်ရာရှိပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား ပြောပြပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရှာဖွေပါ။
ကီတိုရိုလက် (Ketorolac) သည် ကုထုံးပြီးသွားသည့်တိုင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာအောင် ဆက်လက်ဖြစ်ပေါ်နေသည့် သို့မဟုတ် အသစ်ခံစားရသည့် ဆေးဘက်ဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့တွင် ကျောက်ကပ်ပြဿနာများ ပါဝင်နိုင်ပါသည်။
သင်၏ စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးတွင် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်နှင့် ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါသည်။
မေးမြန်းလိုသည်များနှင့် ညွှန်ကြားချက်များအားလုံးနှင့် ပတ်သက်၍ သင်၏စောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။