အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဆက်ဖ်ထရီယာဇုန်း (Ceftriaxone)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Rocephin®

သည်အခြားအမည်များ:

Ceftriaxone sodium

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်းကို ကုသခြင်း သို့မဟုတ် ကာကွယ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) အကြောင်း

ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) သည် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ကူးစက်ရောဂါကိုဖြစ်စေသည့် ဘက်တီးရီးယားကို သတ်ရန် လုပ်ဆောင်ပါသည်။

လူနာများသည် ကျောက်ကပ် သို့မဟုတ် အသည်းလုပ်ဆောင်ချက်ကို စောင့်ကြည့်စစ်ဆေးရန်အတွက် စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။

iv အိတ်သင်္ကေတ

ဆေးအား IV သို့မဟုတ် ထိုးဆေးဖြင့် သွေးပြန်ကြောထဲသို့ ဆေးရည်အဖြစ် ပေးနိုင်ပါသည်

 
ဆေးထိုးခြင်း သင်္ကေတ

ကြွက်သားအတွင်းသို့ ဆေးရည်အနေဖြင့် ထိုးပေးနိုင်ပါသည်

 
စက်ဝိုင်းထဲမှ အာမေဋိတ်အမှတ်အသား သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • ဆေးထိုးသည့်နေရာတွင် ယားယံခြင်း

ဓာတ်မတည့်မှု ရောဂါလက္ခဏာများတွင်- အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းအတွင်း တစ်ဆို့နေခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ရမ်းခြင်းတို့ ပါဝင်နိုင်ပါသည်။

ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) ဆေးထိုးသူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစု သင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးသောက်သုံးနေစဉ်အတွင်း ပြင်းထန်စွာဝမ်းလျှောပါက ဆရာဝန်တစ်ဦးကို အသိပေးပါ။
  • ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) သည် အထူးသဖြင့် သွေးတွင်းသကြားဓာတ်များသော (ဆီးချိုရောဂါ) လူနာများတွင် အချို့သော ဓာတ်ခွဲစစ်ဆေးစမ်းသပ်မှုများကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ ဆီးတွင်း သကြားဓာတ်ကိုစမ်းသပ်သည့် ကိရိယာအသုံးပြုပုံနှင့် ဖတ်ရှုပုံများအကြောင်းကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • လူနာများသည် ကိုယ်ဝန်ရှိနေပါက၊ ကိုယ်ဝန်ယူရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေပါက ၎င်းတို့၏ ဆရာဝန်ကို ပြောပြသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ညွှန်ကြားသည့် အတိုင်း ဆေးပမာဏအားလုံးကို အပြီးသတ်သောက်ပါ။

ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) ကို အိမ်တွင် ထိုးနှံပါက−

  • ဆက်ဖ်ထရီယာဇုန်း (Ceftriaxone) ဆေးရည် (IV ဆေးအဖြစ် သုံးရန်) ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။ အသုံးမပြုမီ တစ်နာရီအလိုတွင် ဆေးကို ရေခဲသေတ္တာထဲမှ ထုတ်၍ IV ဖြင့် မထိုးသွင်းခင် အခန်းအပူချိန်တွင် ထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ရပါ။
  • သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားသော ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။