အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone)

Supportive Care

ကုန်အမှတ်တံဆိပ်အမည်များ:

Lortab®, Vicodin®, Norco®, Lorcet®

မကြာခဏအတှကျအသုံးပွု:

နာကျင်မှု စီမံခန့်ခွဲခြင်း

ကလစ်ဘုတ် သင်္ကေတ

အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ဆိုသည်မှာ အဘယ်နည်း။

ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ဆိုသည်မှာ နာကျင်ကိုက်ခဲမှုကို စီမံခန့်ခွဲရန်အတွက် အသုံးပြုသည့် ဘိန်းထည့်သွင်းဖော်စပ်ထားသော ဆေးတစ်မျိုး ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ၎င်းကို အက်စီတမီနိုဖင် (acetaminophen)နှင့် တွဲဖက်၍ အသုံးပြုလေ့ရှိပါသည်။ အက်စီတမီနိုဖင် (acetaminophen) (Tylenol®) သည် နာကျင်မှု သို့မဟုတ် ဖျားနာမှုကို ကုသရန်အတွက် အသုံးပြုသည့် ဆေးတစ်မျိုးဖြစ်သည်။ ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ကို အိုင်ဗျူပရိုဖန် (Ibuprofen)နှင့် ပေါင်းစပ်ထားသည့်ဆေးအဖြစ်လည်း ပေးနိုင်ပါသည်။

ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်သည်။‭

ဆေးပမာဏနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။ စောင့်ရှောက်မှုအဖွဲ့မှ တတ်နိုင်သမျှ အကောင်းဆုံး နာကျင်မှုဆိုင်ရာ ထိန်းချုပ်မှုကို ညွှန်ကြားပေးနိုင်စေရန်အတွက် သင့်ကလေးသောက်သည့် ဆေးပမာဏများကို မှတ်သားထားရန် သင့်ကို တောင်းဆိုနိုင်ပါသည်။ 

နာကျင်မှုကို ကုသရန်အတွက် အချိန်ကြာမြင့်စွာ အသုံးပြုသည့်အခါတွင် ဟိုက်ဒရိုကိုဒုန်း (Hydrocodone) သည် ရုပ်ပိုင်းဆိုင်ရာ ဆေးစွဲခြင်းကို ဖြစ်စေနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဆေးစွဲခြင်းဆိုသည်မှာ ခန္ဓာကိုယ်သည် ဆေးဝါးကို မှီခိုလာခြင်းဖြစ်ပြီး ဆေးကို အမြန်ရပ်တန့်လိုက်ခြင်းသည် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် ဤအခြေအနေကို စောင့်ကြည့်နေမည်ဖြစ်ပြီး ဆေးကို ရပ်တန့်ရမည်ဆိုပါက အစီအစဉ်တစ်ခုကို ပြုလုပ်ပါလိမ့်မည်။

သင်သည် ဤဆေးကို သောက်နေစဉ်အတွင်း နာလောက်ဆုန်း (naloxone) ဟုခေါ်သောဆေးကို ရရှိနိုင်ခြင်းနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့မှ ပြောဆိုနိုင်ပါသည်။ နာလောက်ဆုန်း (naloxone) သည် ဘိန်းထည့်သွင်းဖော်စပ်ထားသော ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်း၏ အသက်အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သော အရေးပေါ်အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါသည်။ သင့်စောင့်ရှောက်မှုအဖွဲ့သည် ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ကို အလွန်အကျွံသုံးစွဲမိပါက ဤဆေးအား မည်သို့အသုံးပြုရမည်ကို သင်နှင့် သင့်မိသားစုအား သင်ကြားပေးနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်

 
အရည်စက်ပုံ သင်္ကေတ

ဆေးရည်ပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်ခြင်း၊ မောပန်းခြင်းသို့မဟုတ် အားနည်းခြင်း
  • မအီမသာဖြစ်ခြင်း 
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ခံတွင်းခြောက်ခြင်း‭
  • သွေးပေါင်ကျခြင်း
  • ယားယံခြင်း 
  • စိတ်ပြောင်းလဲလွယ်ခြင်း (ပုံမှန်ထက် ပို၍ ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းသာခြင်း)
  • ပုံမှန်မဟုတ်သည့် အိပ်မက်များ မက်ခြင်း
  • သတိလစ်ခြင်း
  • ဆီးသွားရာတွင် (ဆီးသွားခြင်း) ပြဿနာများရှိခြင်း
  • ဓာတ်မတည့်ခြင်း တုံ့ပြန်မှု – အကယ်၍ သင့်ကလေးတွင် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းဖုန်းခေါ်ဆိုပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်- 
    • အဖုအပိမ့်များ၊ အင်ပြင်များထွက်ခြင်း သို့မဟုတ် ယားယံခြင်း
    • ချမ်းတုန်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားနာခြင်းကဲ့သို့ တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ
    • ခေါင်းမူးဝေခြင်း
    • အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် လည်ချောင်းတွင် တစ်တစ်ဆို့ဆို့ဖြစ်ခြင်း
    • မျက်နှာ သို့မဟုတ် လည်ပင်း ရောင်ခြင်း

ဤဆေးဝါးသည် ပြင်းထန်သော အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် အသက်ရှူနှေးခြင်း၊ အသက်ညင်းညင်းရှူခြင်း သို့မဟုတ် အသက်ရှူရန်ခက်ခဲပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ဆိုပါ။

ဘေးထွက်ဆိုးကျိုးအများစုသည် အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ကို ရက်အနည်းငယ်သောက်သုံးပြီးနောက် လျော့နည်းသွားပါသည်။ ဤဆေးသောက်နေစဉ် ဘေးထွက်ဆိုးကျိုးများ ပိုမိုဆိုးလာပါက သင့်စောင့်ရှောက်မှုအဖွဲ့ကို အသိပေးပါ။

ဟိုက်ဒရိုကိုဒုန်း (Hydrocodone) သောက်သုံးနေသော လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားသော်လည်း၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ။

မိသားစုသင်္ကေတ

လူနာများနှင့် မိသားစုများအတွက် အကြံပေးချက်များ

မေးမြန်းလိုသည်များနှင့် ညွှန်ကြားချက်များအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။ 

  • ဤဆေးကို ညွှန်ကြားထားသည်ထက် ပို၍မကြာခဏ သို့မဟုတ် ပမာဏပို၍ မသောက်ပါနှင့်။ 
  • အကယ်၍ သင့်ကလေးသည် ဤဆေးကို ပုံမှန် သို့မဟုတ် အချိန်ကြာမြင့်စွာအသောက်သုံးနေပါက၊ စောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားမှုမရဘဲ ဤဆေးကို မရပ်သင့်ပါ။ ဆေးပမာဏကို ဖြည်းဖြည်းချင်းမလျှော့ချဘဲ အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ဆေး သောက်သုံးခြင်းကို ရပ်တန့်လိုက်ခြင်းသည် ဆေးဖြတ်လိုက်ခြင်းဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့တွင် ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း သို့မဟုတ် စိတ်ဂနာမငြိမ်ဖြစ်ခြင်းတို့ ပါဝင်သည်။ ဤရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက သင်၏စောင့်ရှောက်မှုပေးသူကို ချက်ချင်းခေါ်ဆိုပါ။ ၎င်းသည် ဆေးပမာဏကို အလွန်လျင်မြန်စွာ လျော့ချမိလိုက်သောကြောင့် ဖြစ်နိုင်ပါသည်။ 
  • ဤဆေးသောက်သုံးနေစဉ်အတွင် သင့်ကလေးကို အရက်ပါဝင်သော အခြားဆေးဝါးများ မတိုက်ပါနှင့် သို့မဟုတ် သင့်ကလေးကို အရက်သောက်သုံးခွင့် မပြုပါနှင့်။
  • အကယ်၍ သင့်ကလေးသည် အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ကို သောက်သုံးပါက ထပ်ဆောင်းအက်စီတမီနိုဖန် (Acetaminophen) (Tylenol®) သို့မဟုတ် အက်စီတမီနိုဖန် (Acetaminophen) ပါဝင်သော ဆေးဝါးများကို မသောက်သင့်ပါ။ ၎င်းသည် အက်စီတာမင်နိုဖန် (Acetaminophen) ဆေးပမာဏ အလွန်များသွားနိုင်ပါသည်။ 
  • အချို့သောဆေးဝါးများသည် အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) တို့နှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်ပါသည်။ ၎င်းတို့တွင် ဒိုင်ဖန်ဟိုက်ဒရာမင်း (diphenhydramine)‭ (Benadryl®)၊ ပရိုမီသာဇင်း (promethazine)၊ ဒိုင်ယာဇီပမ် (diazepam)၊ လိုရာဇီပမ် (lorazepam)‭၊ စိတ်ကျရောဂါကုဆေးများနှင့် တက်ခြင်းကိုကုသသည့် ဆေးဝါးများ ပါဝင်သည်။ သင့်ကလေးသောက်သုံးနေသည့် ဆေးဝါးအားလုံးအကြောင်းကို သင့်ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တို့ကို ပြောပြပါ။   
  • အကယ်၍ ဤဆေးကို ပုံမှန်သောက်သုံးနေပါက သင့်ကလေးသည် ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်အတွက် အရည်နှင့် အမျှင်ဓာတ် စားသုံးမှုကို တိုးမြှင့်ရန် လိုအပ်နိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် 3–5 ရက်အထိ ဝမ်း (ဝမ်း) မသွားပါက စောင့်ရှောက်မှုအဖွဲ့ကို ပြောပြပါ။ ဝမ်းချုပ်ခြင်းကို သက်သာစေရန်အတွက် ၎င်းတို့သည် ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေးသောက်ရန် လိုအပ်နိုင်သည်။ 
  • ဤဆေးဝါးသည် သင့်ကလေးကို မူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းကို ဖြစ်စေနိုင်သည်။ သင်သည် ဤဆေးဝါးမှ ၎င်းတို့အပေါ် မည်သို့အကျိုးသက်ရောက်သည်ကို မသိမချင်း သင့်ကလေးအား အန္တရာယ်ရှိနိုင်သည့် မည်သည့်အရာကိုမျှ မပြုလုပ်ပါစေနှင့်။
  • လူနာများသည် လိင်ဆက်ဆံမှုရှိသူ၊ ကိုယ်ဝန်ရှိနေသူ သို့မဟုတ် နို့တိုက်ကျွေးနေသူ ဖြစ်ပါက စောင့်ရှောက်မှုအဖွဲ့ကို ပြောရန် အရေးကြီးပါသည်။ 

ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ဆေးကို အိမ်တွင် သောက်သုံးခြင်း-

  • ဤဆေးကို အစားဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်ပါသည်။ ဗိုက်အောင့်ခြင်းဖြစ်ပါက အစာနှင့် တွဲသောက်ပါ။ ဆေးကို အစာနှင့် တွဲ၍သောက်ခြင်းသည် အစာအိမ် ပြဿနာများကို လျော့ကျစေနိုင်ပါသည်။
  • အက်စီတမီနိုဖင် (Acetaminophen) ပါဝင်သော ဟိုက်ဒရိုကိုဒုန်း (Hydrocodone) ဆေးအရည်အတွက် ဆေးနှင့် အတူတွဲပါသည့် အရည်တိုင်းကိရိယာကို အသုံးပြုပါ။ ဆေးပမာဏကို ဂရုတစိုက် ချိန်ဆတိုင်းတာပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း သောက်သုံးပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက သောက်ရန်မေ့သွားသောဆေးကို မသောက်ဘဲထားပါ။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ပါနှင့်။ 
  • ဆေးကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။
  • ဤဆေးကို အခြားသူများကို မျှဝေပေးခြင်း မပြုလုပ်ပါနှင့် သို့မဟုတ် ဆရာဝန်မှညွှန်ပေးသည့် အကြောင်းပြချက်များမှအပ အခြားအကြောင်းပြချက်များအတွက် မပေးပါနှင့်။
  • သက်တမ်းကျော်လွန်သည့် ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။

ဤဆေးကို ရေရှည်သောက်သုံးပါက ဆေးစွဲခြင်းကို ဖြစ်စေနိုင်ပါသည်။ ဆေးကို တလွဲအသုံးပြုနေသည့် လက္ခဏာများကို စောင့်ကြည့်ပါ။ တလွဲအသုံးပြုနေသည့် လက္ခဏာများမှာ အောက်ပါတို့ ဖြစ်နိုင်ပါသည်-

  • စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားသည်နှင့် မတူညီသော နည်းလမ်းဖြင့် ဆေးကို ပုံမှန်သောက်သုံးနေခြင်း
  • ဆေးကို ညွှန်ကြားထားသည်ထက် ပိုမိုသောက်သုံးခြင်း
  • ဆေးကို နာကျင်မှု မရှိသော်လည်း “အခြေအနေအရ” သောက်သုံးခြင်း
  • အိပ်စက်မှု ပုံစံပြောင်းလဲခြင်းများ
  • မိမိကိုယ်ကိုယ် သို့မဟုတ် အခြားသူများကို အန္တရာယ်ဖြစ်စေခြင်းကဲ့သို့သော ညံ့ဖျင်းသည့် သို့မဟုတ် အန္တရာယ်များသော ဆုံးဖြတ်ချက်ချခြင်း
  • နောက်ထပ်ဆေးညွှန်းစာများရရှိရန် ဤဆေးပျောက်သွားဟု ပြောခြင်း