အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


မီတော့ဇန်ထရွန် (Mitoxantrone)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Novantrone®

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

မီတော့ဇန်ထရွန် (Mitoxantrone) ဆေး အကြောင်း

မီတော့ဇန်ထရွန် (Mitoxantrone) သည် ကင်ဆာဆေးအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် အလုပ်လုပ်ပါသည်။ မီတော့ဇန်ထရွန် (Mitoxantrone) သည် အများအားဖြင့် အပြာရောင်ဆေးရည်တစ်မျိုး ဖြစ်ပါသည်။

မီတော့ဇန်ထရွန် (Mitoxantrone) သည် ပြင်းထန်သည့် နှလုံးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဆိုပါပြဿနာများသည် ဆေးကုသနေစဉ် သို့မဟုတ် ဆေးကုသမှုပြီးနောက် လပေါင်းများစွာမှ နှစ်ပေါင်းများစွာအကြာတွင် ဖြစ်ပွားနိုင်ပါသည်။ အကယ်၍ လူနာများသည် ချောင်းဆိုးခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ (ဥပမာ အလွန်မြန်ခြင်း သို့မဟုတ် အလွန်နှေခြင်းး)၊ လက်များ သို့မဟုတ် ခြေထောက်များ ရောင်ရမ်းခြင်း၊ အသက်ရှူမဝခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်းစသည့် ရောဂါလက္ခဏာများကို ခံစားရပါက မိသားစုများသည် စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းအသိပေးသင့်ပါသည်။ လူနာ၏နှလုံးသည် မီတော့ဇန်ထရွန် (Mitoxantrone) ဆေးကို လက်ခံနိုင်ရန် ကောင်းမွန်စွာအလုပ် လုပ်ဆောင်ခြင်းရှိ၊ မရှိကို သိရှိစေရန်အတွက် စောင့်ရှောက်မှုအဖွဲ့သည် ကုသမှုမစတင်မီနှင့် ကုသနေစဉ်အတွင်းတွင် စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်နှင့် အသည်းနှင့်ကျောက်ကပ်လုပ်ဆောင်ချက်ကို စောင့်ကြည့်စစ်ဆေးရန်အတွက် ပုံမှန်သွေးထုတ်၍ စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဤဆေးသည် နှလုံးကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် နှလုံး၏ လုပ်ဆောင်မှုကို စောင့်ကြည့်နေမည် ဖြစ်ပါသည်။

မီတော့ဇန်ထရွန် (Mitoxantrone) သည် သွေးပြန်ကြောမှ စိမ့်ထွက်ပါက တစ်ရှူးများကို ပျက်စီးစေနိုင်ပါသည်။ လူနာများသည့် အကြောဆေးသွင်းသည့်နေရာတွင် ယားယံခြင်းနှင့် အရေပြားပျက်စီးခြင်းတို့ ရှိနေနိုင်ပါသည်။ အကယ်၍ ဆေးသွင်းနေစဉ်အတွင် ပူလောင်မှုကို ခံစားရပါက ပြုစုစောင့်ရှောက်ပေးသူတစ်ဦးကို အသိပေးပါ။

iv အိတ် သင်္ကေတ

ဆေးအရည်အဖြစ် သွေးကြောထဲသို့ IV ဖြင့် သို့မဟုတ် ထိုးဆေးဖြင့် ပေးပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဆီး၊ တံတွေး သို့မဟုတ် မျက်ရည် စိမ်းပြာရောင် ဖြစ်ခြင်း
  • အဖြူရောင်မျက်သားနေရာသည် စိမ်းပြာရောင် ဖြစ်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ရောဂါပိုးဝင်ခြင်း၊ သွေးယိုခြင်း၊ သွေးအားနည်းခြင်း နှင့်/ သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ပိုမိုဖြစ်ပွားစေနိုင်ပါသည်)
  • နှလုံးဆိုင်ရာ ပြဿနာများ
  • IV ထိုးသွင်းသည့်နေရာတွင် အရေပြားယားယံခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက် သို့မဟုတ် ခါး နာကျင်ခြင်း
  • လက်သည်းခွံတွင် ပြောင်းလဲခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
  • ပါးစပ်အနာများ
  • ဆံပင်ကျွတ်ခြင်း
  • အသည်းဆိုင်ရာ ပြဿနာများ
  • ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း

မီတော့ဇန်ထရွန် (Mitoxantrone) ဆေးကို သောက်သူတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ

အချို့သောလူနာများသည် ကုထုံးပြီးဆုံးပြီးနောက် လများစွာ သို့မဟုတ် နှစ်များစွာ ဆက်လက်ဖြစ်ပေါ်နိုင်သည့် သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ကုသမှု၏ ရေရှည် သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဒါဆိုရူဘစ်ဆင် (Doxorubicin) ၏ ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါသည်-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

  • မီတော့ဇန်ထရွန် (Mitoxantrone) ကို သောက်သုံးနေစဉ်အတွင်း အရည်များများသောက်ရန် အရေးကြီးပါသည်။ သင့်တော်သည့် အရည်ပမာဏသောက်ရန်အတွက် စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။
  • ဆရာဝန်သည် မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းကို လျှော့ချရန်အတွက် ဆေးညွှန်းပေးနိုင်ပါသည်။
  • မီတော့ဇန်ထရွန် (Mitoxantrone) သည် နှလုံးကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ လူနာများ၏ နှလုံးလုပ်ဆောင်ချက်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသင့်ပြီး နှလုံးရောဂါလက္ခဏာများကို စောင့်ကြည့်သင့်ပါသည်။ နှလုံးဆိုင်ရာ ပြဿနာများသည် ဆေးကုသမှုခံယူနေစဉ် သို့မဟုတ် ဆေးကုသမှုပြီးနောက် မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်ပါသည်။
  • ဤဆေးသွင်းနေစဉ်တွင် သင့်ကလေးသည် ဂရိတ်ဖရုသီး သို့မဟုတ် ကမ္ဗလာသီး (အခါးဓာတ်ရှိသော) လိမ္မော်သီးတို့ကို မစားသင့်ပါ သို့မဟုတ် ဂရိတ်ဖရုသီး သို့မဟုတ် ကမ္ဗလာလိမ္မော်သီးပါဝင်သော ဖျော်ရည် သို့မဟုတ် အဖျော်ယမကာများကို မသောက်သင့်ပါ။
  • လိင်ဆက်ဆံမှုရှိသော လူနာများသည် ကုသနေစဉ်အတွင်းနှင့် ကုသမှုပြီးဆုံးပြီးနောက်တွင် 6 လအထိ ကိုယ်ဝန် မရရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ၎င်းတို့၏ ဆရာဝန်ကို အသိပေးသင့်ပါသည်။
  • ဆေးပေးပြီးနောက် 48 နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှ ထွက်သောအရည်များတွင် ဆေးဓာတ်များ ပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများသည် ၎င်းအရည်တို့နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

မီတော့ဇန်ထရွန် (Mitoxantrone) ဆေးအကြောင်း အရင်းအမြစ်များ